.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Sunday, April 18, 2010

Basic command

လင်းနစ်ရဲ့ အခြေခံ ကွန်မန်းလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ .. လင်းနစ်ကို စတင်လေ့လာနေတဲ့ သူတစ်ယောက်အတွက် မသိမဖြစ်သိထားသင့်တဲ့ အခြေခံ ကွန်မန်းလေးတွေပါ .. လင်းနစ်ကိုစတော့မယ် ဆိုရင် အရင်ဆုံးတွေ့ရမှာ ကွန်မန်းပါ
လင်းနစ်ကွန်မန်းတွေကို အပိုင်း (၃) ပိုင်းနဲတည်ဆောက်ထားပါတယ် .. (အခြေခံအားဖြင့်) .အဲ့ဒါတွေကတော့
Command , option , arguments တို့ပဲဖြစ်ပါတယ် .. ဥပမာအနေနဲ့

$ ls –l –h BlackHawk

ဆိုတဲ့ ကွန်မန်းကိုကြည့်ရင်
Ls ဆိုတာက Command ပဲဖြစ်ပါတယ် .. –l –h ဆိုတာကတော့ option ပါ … BlackHawk ဆိုတာကတော့ argument ဖြစ်ပါတယ် ..

လင်းနစ်ကွန်မန်းမှာ နောက်တစ်ခုသိထားသင့်တာက အသုံးတော့နည်းပါတယ် .. အဲ့ဒါကဘာလည်းဆိုတော့ Short com: နဲ့ Long com: (com= command) ဆိုတာပါပဲ .. အပေါ်မှာပြခဲ့တဲ့ ls –h မှာဆိုရင် -h ဆိုတာက short option အနေနဲ့သုံးထားတာပါ .. long option အနေနဲ့ဆိုရင်တော့ သူက ls --human-readable ပါ .. ဒီနေရာမှာ ဘာကွာသွားသလည်းဆိုတော့ .. ကျွန်တော်တို့ ကွန်မန်းတွေမှာ သုံးတဲ့ option တွေအတွက် -sing လေးပါ .. short မှာ - sing ကိုသုံးပြီးတော့ long မှာတော့ -- sing ကိုသုံးပါတယ် .. ls -human-readable ဆိုပြီးသုံးလို့မရပါဘူး .. (Note : -h = --human-readable)

ပထမကွန်းမန်းအနေနဲ့ ပတ်စ်ဝါဒ့်ပြောင်းတာလေးကို စကြည့်ရအောင် ..
passwd ဆိုတဲ့ ကွန်မန်းလေးပါ .. ပါတ်စ်ဝါဒ်တစ်ခုအတွက် ရှိသင့်ရှိထိုက်တဲ့ စံတွေ သတ်မှတ်ချက်တွေ လိုအပ်ချက်တွေကိုတော့ မပြောတော့ပါဘူး .. အင်တာနက်ပေါ်ေ၇ာက်လာတဲ့သူတစ်ယောက်အနေနဲ ဒီအခြေခံကို သိပြိးဖြစ်မယ်လို့ ထင်ပါတယ် .. ဒါပေမယ့် အရေးကြီးဆုံး အချက်လေး ၃ ချက်တော့ ထပ်ပြောပါရစေ ..
1 ပါတ်စ် တစ်ခုက အနည်းဆုံး ၆ လုံးမှ စပြီး ၈ လုံးအထက်ရှိရင် ပိုကောင်းပါတယ်
2 သင်္ကေတတွေ အကြီးအသေးစာလုံးတွေ ဂဏန်းတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားသင့်ပါတယ်
3 နောက်ဆုံးတစ်ချက်ကတော့ Creaker heaker တွေ အလွယ်တကူရှာဖွေမတွေ့နိုင်အောင် မိမိပါတ်စ်ဝါဒ့်က အဘိဓ္ဓါန်ထဲက စကားလုံး .. အရေးကြိးတဲ့ စကားလုံး .. အသုံးများတဲ့ စကားလုံး .. ပေါ်ပြူလာဖြစ်တဲ့ စကားလုံးတွေ မဖြစ်ရပါဘူး ..

ပါတ်စ်ဝါဒ် ချိန်းတာက လွယ်ပါတယ် .. passwd ဆိုပြိး enter ခေါက်တာနဲ့ သူက ပါတ်စ်ချိန်မယ်ပြောပြီး ပါတ်စ်ဝါဒ်တောင်းပါလိမ့်မယ် .. ထည့်ပေးလိုက်ပါ .. ပြီးရင် ပါတ်စ်ဝါဒ်အသစ်အတွက် ထပ်တောင်းပါလိမ်မယ် ၂ ခါပါ .. အဲ့ဒါပြီးရင်တော့ ပါတ်စ်ဝါဒ်ချိန်းတာပြီးပါပြီ . အောက်မှာ ကွန်မန်း နမူနာပြထားပါတယ် .

Blackhabk $ passwd
Channing password for Blackhawk.
Old Password:
New Password:
Reenter New Password:
Password changed.

အကယ်လို့ သင်က root (Linux system administrator) တစ်ယောက်ဆိုရင် သင့်မှာရှိတဲ့ user တွေကို ချိန်ပေးလို့ရပါတယ် ..Passwd user ဆြိုပီးတော့
.passwd ကွန်မန်း option အပြည့်အစုံကိုတော့ man page ကိုသုံးပြီးလေ့လာနိုင်ပါတယ် …
နမူနာ .. man passwd ..
ကဲသင့်အတွက် မနက်ဖြန် … ဟဲဟဲ ….

0 မှတ်ချက်: