basic com ကိုဆက်လိုက်ရအောင် ..
file control နဲ့ ပတ်သက်တဲ့ ကွန်မန်းအနည်းငယ်ကိုပြောပြပါ့မယ် .. တစ်ခုသိထားသင့်တာက လင်းနစ်မှာက သုံးတဲ့ file ဆိုတာ ၀င်းဒိုးတွေမှာ
သုံးသလို file folder ကိုဆိုလိုခြင်းမဟုတ်ပါဘူး .. လင်းနစ်ရှိ အားလုံးကိုဖိုင်လို့ခေါ်ပြီး .. folder တွေကိုတော့ file ဒါမှမဟုတ် directory လို့ခေါ်ပါတယ် ..
cd
cd ဆိုတဲ့ ကွန်မန်းက dir တစ်နေရာကနေ တစ်နေရာကို ကူးလူးဖြတ်သန်းသွားလာခြင်းပဲဖြစ်ပါတယ် .. ဥပမာ ..
BlackHawk $ cd Desktop
အဲ့ဒါဆို၇င် လက်ရှိရှိနေတဲ့ dir ကနေ Desktop ပေါ်ကိုရောက်သွားပါလိမ့်မယ် ..ဒီလိုဖြစ်သွားမှာပေါ့
BlackHawk desktop $
cd နဲ့ တစ်နေရာကိုသွားပြီး ပြန်ထွက်တော့မယ် ဆိုရင်လည်း သူ့ကိုပဲပြန်သုံးလို့ရပါတယ် .. မှတ်ထားရမှာက ပြန်ထွက်တဲ့အခါမှာ cd ဆိုရင် ၀င်ခဲ့ပြီးသမျှ dir
အကုန်လုံးကနေ ထွက်သွားတာပါ cd .. ဆိုရင်တော့ dir တစ်ခုခြင်းစီပြန်ထွက်တာပါ .. အောက်မှာ ပြထားပါတယ် ..
BlackHawk $ cd /usr/share/doc
BlackHawk usr.share.doc $
BlackHawk usr.share.doc $ cd
BlackHawk $
BlackHawk $ cd /usr/share/doc
BlackHawk usr.share.doc $
BlackHawk $ cd ..
BlackHawk $ cd /usr/share/
BlackHawk $ cd ..
BlackHawk $ cd /usr
cat
cat ဆိုတာက txt ဖိုင်တွေကို ဖတ်ပြတာပါ ..ဥပမာ
BlackHawk $ cat my_test.txt
Hello My friends
BlackHawk $
သူလည်း ls ကွန်မန်းနဲ့တူပါတယ် .. ဒါပေမယ့် သူက အတွင်းစာသားတွေကို ဖတ်ပေးတာ ..ls ကတော့ ဖိုင်တွေ အားလုံးကိုဖတ်တာပါ ..
Hello My friends ဆိုတာ my_test.txt ထဲက စာသားတွေပါ
less
less ဆိုတာကလည်း cat လိုပါပဲ .. ဒါပေမယ့်သူက အစီအစဉ်လိုက် ဖေါ်ပြပေးတာပါ .. အကယ်လို့ my_test.txt ထဲမှာ စားသားတွေ ထောင်သောင်းချီနေရင် ဖေါ်ပြတဲ့ စကရင်မှာလည်း မရပ်မနားသွားနေရမှာပါ အဲ့လိုအချိန်မျိုးတွေအတွက် less ကိုသုံးပါတယ် ..
BlackHawk $ less my_test.txt
Hello My friends
I wnat to eat berakfast !
- End
File
file ဆိုတာကတော့ မိမိသိလိုတဲ့ ဖိုင်ဟာဘာဖိုင်အမျိုးအစားဖြစ်တယ်ဆိုတာကိုဖေါ်ပြပေးတာပါ ..
BlackHawk $ file my_test.txt
cp
cp ဆိုတာ က ၀င်းဒိုးက ကော်ပီပုံစံပါပဲ ..
mv ဆိုတာကတော့ ဖိုင်တွေကိုရွှေတာပါပဲ .. ဥပမာ desktop ပေါ်က Me ဆိုတဲ့ dir ကို Documents ပေါ်ကိုပြောင်းမယ်ဆိုပါတော့
BlackHawk $ cd Desktop
BlackHawk desktop $ mv Me Documents
အဲ့ဒါဆိုရင် Me က Documents ထဲကိုရောက်သွားပါပြီ
rm
rm ဆိုတာက remove ပါ သူမှာမှတ်ထားရမှာက သူက dir တွေကို remove လုပ်ရင် dir ထဲမှာ်တစ်ခုခုရှီနေရင် လုပ်လိုမရပါဘူး.. အဲ့ဒီအခါမှာ option
တွေန့ တွဲသုံးပါတယ် .. ဥပမာ force လုပ်မယ်ဆိုတဲ့ option တွေလိုပေါ့
BlackHawk $ rm -rf Me
mkdir
mkdir ကတော့ make directory ပါ ..
BlackHawk $ mkdir Feel
BlackHawk $ ls
BlackHawk $ Feel
touch
သူက mkdir နဲတူပါတယ် .. ဒါပေမယ် mkdir က folder တွေ ဆောက်တာပါ .. touch ကတော့ txt လိုမျိုး ဖိုင်တွေကို ဆောက်ပေးတာပါ ..
နားပြီ . လက်ညောင်းသွားပြီ .. :xD
0 မှတ်ချက်:
Post a Comment