.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Saturday, April 17, 2010

How to Recall MBR window and Ubuntu (repair grub)


ကျွန်တော်တို့ လင်းနစ်နဲ့ ၀င်းဒိုးတွဲသုံးသူတွေ ဖြစ်ဖူးကြမှာပါ .. အဲ့ဒါကတော့ ၀င်းဒိုးပြန်တင်ရင် လင်းနစ် ပျောက်သွားခြင်းပါပဲ .. အဲ့ဒါကိုဘယ်လိုပြန်လုပ်မလည်းဆိုတာလေး .. ကဲ စလိုက်ကြရအောင် .. လင်းနစ် Live CD or DVD နဲ့ boot အရင်တက်လိုက်ပါ .. ပြီးရင် termainal မှာ အောက်က command ရိုက်လိုက်ပါ ...

sudo grub
ပြီးပါက grub> ဆိုပြီး ရောက်သွားပါလိမ့်မယ် ။ အဲ့ဒီထဲမှာ အောက်က command ရိုက်ထည့်ပါ။

find /boot/grub/stage1
(hd0,1) ဖြစ်ဖြစ်တွေ့ရပါမယ် ။
ပြီးရင် နောက်ထပ်ကွန်မန်းထပ်ရိုက်ပါ။

root(hd0,1)

မှတ်ချက်။ ။(hd0,1) ဆိုသည်မှာ find /boot/grub/stage1 ရိုက်လို့တွေ့ရသော hd0,1 ကိုယူထားချင်ဖြစ်သည်
ပြီးပါက အောက်ပါ command ကိုရိုက်ထည့်ပါ။

setup (hd0)
ဒါဆိုရင်ပြီးပါပြီးခင်ဗျာ ။ ကွန်မန်းကနေ ထွက်နိုင်ပါပြီး ။

quit

restart ပေးကြည့်ပါက window and Ubuntu ကို boot ရွေးဖို့ လုပ်ခိုင်းနေတာလေးကို တွေ့မြင်ရမှာဖြစ်ပါတယ် ..

0 မှတ်ချက်: