.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Friday, May 14, 2010

Disible mount device to show desktop

Linux OS မှာ Drive တွေကို ဖွင့်တိုင်း Desktop ပေါ်မှာ လာပေါ်နေတက်ပါတယ်.. ပေါ်တိုင်းခနခန ဖျက်နေရရင် အလုပ်ရှုပ်ပါတယ် အဲဒါကိုဖျောက်ထားလို့ရတဲ့ နည်းလေး ကျနော်ဆွေးနွေးပေးပါ့မယ်
Linux ကိုသုံးဖူးတဲ့သူတွေတော့သိကြမှာပါ..ဲ ထုံးစံအတိုင်း အခုမှ စတင်လေ့လာသူတွေအတွက်ပေါ့ဗျာ …
အရင်ဆုံး Alt+F2 ကိုတွဲ နှိပ်လိုက်ပါ Box တစ်ခုကျလာပါလိမ့်မယ်…. အဲဒီ Box ထဲမှာ gconf-editor ဆိုတာကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ.. နောက်ထပ် Box ကျလာပါလိမ့်မယ် Boxတွေကျလှကြည်လား လို့တော့မပြောနဲ့ဗျို့ .. ဒီတစ်ခါကျတာ Box အကြီးကြီးပါ အဲဒီ Box ရဲ့ ဘယ်ဘက်နားက apps (applications) ကိုကလစ်ပြီး nautilus ကိုလိုက်ရှာပါ .. ပြီးရင် အဲဒီ nautilus ကိုထပ်ကလစ်လိုက်ပါဦး.. Desktop ဆိုတာကိုတွေ့ရမှာပါ double click ပေးလိုက်ပါ ..ဒါဆိုရင် ညာဘက်က Box ထဲမှာ ကျလာပါပြီ..အဲဒီမှာ ကျနော်တို့ပြင်ပေးရမှာပါ…အောက်ဆုံးမှာ Volumes_Visible ဆိုတာကို တွေ့ပါလိမ့်မယ် ..အမှန်ခြစ်ထားတာကို ဖြုတ်ပေးလိုက်ပါ..အမှန်ခြစ်က ဒုက္ခပေးနေတာပါ.. အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ရင် အစောကလို Drive တွေကိုဖွင့်တိုင်း Desktop ပေါ်မှာ မပေါ်တော့ပါဘူး…Volumes_Visible ရဲ့  အပေါ်မှာရှိတာတွေကိုလည်း Desktop ပေါ်မှာထားချင်တာကို အမှန်ခြစ်ပေးလိုက်ယုံပါပဲ….
အဆင်ပြေပါစေ ..

1 မှတ်ချက်:

D3m0n said...

what the hell