.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Monday, October 25, 2010

Change GUI mode to Text mode for log in

ဒီတစ်ခါတော့ ၀င်းဒိုး log int ၀င်တဲ့ပုံစံကို ပိုမိုမြန်ဆန်လာအောင် ပြောင်းမယ်ဗျာ.. 

 
ဘယ်လိုလည်း ... သာမန် mode ထက်စာရင် ဒီ Text mode က ပိုမြန်မယ်ဆိုတာ သုံးကြည့်ရင် သိသာလာပါလိမ့်မယ် ...ခင်ဗျားက Gnome ပဲဖြစ်ဖြစ် KDE ပဲဖြစ်ဖြစ် Xfce ပဲဖြစ်ဖြစ် ကြိုက်တာ သုံးပါ ... အောက်ကကွန်မန်းမှာ အနီနဲပြထားတာတဲ့နေရာမှာ ခင်ဗျားသုံးတဲ့ Theme ကိုချိန်းပြီး စမ်းကြည့်လိုက်ပါ .... ကဲစလိုက်ရအောင် .. ကွန်မန်းက အောက်မှာပါ 

#update-rc.d -f gdm remove

gdm ဆိုတာ gnome
kdm ဆိုတာ KDE
xdm ဆိုတာ  .. xfce theme ကိုဆိုလိုတာခင်ဗျားသုံးနေတဲ့ဝင်ဒိုးအတိုင်းပြောင်းပေးပါ
အဲ text mode သုံးနေရင်းက ခင်ဗျား graphic mode ကိုသွားချင်လား ရပါတယ် .. အောက်ကကွန်မန်းလေးနဲ သွားလိုက်ရုံပါပဲ ..

#startx


အာာ ဒါကြီးမကြိုက်တော့ဘူး .. ပုံမှန် GUI mode ပြန်ပြောင်းမယ်ဆိုလည်း ရပါသေးတယ်ဗျာ ..အောက်ကကွန်မန်းလေးပါပဲ .. မခက်ပါဘူး လုပ်ထားတာကို ပြန်သွင်းလိုက်ရုံလေးပါပဲ 

#update-rc.d -f gmd default




အဆင်ပြေနိုင်ကြပါစေ

0 မှတ်ချက်: