ကျွန်တော်တို တစ်ခုတွေးကြည့်မယ် .. ပထမဆုံး ဂဏန်း ၂ လုံး (5-2) ကို စိတ်ထဲက မှတ်ထားလိုက်မယ်ဆိုပါတော့ .. ဒီအတွက် ရလာမှာက သူ့ကို သိမ်းဆည်းထားမယ့်နေရာ နာပါတ်၁-5 နဲ နာပါတ် ၂ -2 ပါ .. ပြိးတော့ နာပါတ် ၁ ကို တစ်ပေါင်းကြည့်မယ် (5+1=6) ..ဒါဆို ပေါင်းလိုက်တဲ့ တစ်အတွက် သိမ်းဆည်းဖို့ နာပါတ် ၃ ရပါမယ် ပြီးတော့ နောက်ဆုံးဖော်ပြမယ့် အဖြေအတွက် နာပါတ် ၄ ရပါမယ် .. အခု စိတ်ထဲက လုပ်လိုက်တဲ့အလုပ်ကို ပရိုဂရမ်ပြန်ရေးကြည့်ပါ့မယ်
နာပါတ်၁ ၅ အတွက် a ဆိုပြီးထားမယ်
နာပါတ်၁ ၂ အတွက် b ဆိုပြီးထားမယ်
နာပါတ်၃ ပေါင်းခြင်းအတွက် c ဆိုပြီးထားမယ်
နာပါတ် ၄ အဖြေအတွက် Result ဆိုပြီးထားမယ်
ကဲကြည့်ရအောင်
a=5;
b=2;
c = 5+1;
Result = c;
ဒီပုံစံလေးက အလွန်ရိုးရှင်းတဲ့ပုံစံလေးတစ်ခုပါ .. အမှန်က ပရိုဂရမ်မှာ တန်ဖိုးတွေကို millions နဲ ချီပြီးမှတ်သားသိမ်းဆည်းထားနိုင်ပါတယ်.အဲလိုသိမ်းထားတဲနေရာ a b c d တွေကို Variables လိုခေါ်တာဖြစ်ပါတယ်
အဲ့တော့ Variables ဆိုတာ သက်ဆိုင်ရာ တန်ဖိုးတွေကို သိမ်းဆည်းထားသိုတဲ့နေရာလို ခေါ်ရမှာပဲပေါ့ variables အတွက် မိမိနှစ်သက်သလို နာမည်ပေးနိုင်ပါတယ် .
Identifier
ပရိုရဂမ်တစ်ခုမှာ ပါဝင်တဲ့ variables, function , class စတဲ့ element မျိုးစုံကို identifier လို့ခေါ်ပါတယ် . ပြောမယ်ဆိုရင်တော့ သူက variables name တွေပဲပေါ့ .. နာမည်သက်မှတ်ချက်ကို မိမိအဆင်ပြေသလို ကြိုက်နှစ်သက်သလို ပေးလိုရပါတယ် .. ဒါပေမယ့် သူအတွက် နာမည်ဟာ underscore 2 ခုဖြစ်လိုမရပါဘူး တစ်ခုပဲလက်ခံပါတယ် ဘာဖြစ်လိုလည်းဆိုတော့ underscore 2 ခုက system အတွက်သီးသန့်သက်မှတ်ချက်ဖြစ်ပါတယ် . ပြီးတော့ ပရိုဂရမ်အတွင်းမှာ အသုံးပြုလိုမရတဲ့ နာမည်တွေကို Keywords လိုခေါ်ပါတယ်. အောက်မှာပြထားတဲ့ နာမည်တွေကတော့ ပရိုဂရမ်အတွက် သီးသန် သက်မှတ်ပြိးသားတွေပါ .
asm, auto, bool, break, case, catch, char, class, const, const_cast, continue, default, delete, do, double, dynamic_cast, else, enum, explicit, export, extern, false, float, for, friend, goto, if, inline, int, long, mutable, namespace, new, operator, private, protected, public, register, reinterpret_cast, return, short, signed, sizeof, static, static_cast, struct, switch, template, this, throw, true, try, typedef, typeid, typename, union, unsigned, using, virtual, void, volatile, wchar_t, while
အရေးကြီးဆုံးတစ်ခုက C++ language ဟာ Case sensitive ဖြစ်ပါတယ် အဲဒါကြောင့် သူအတွက် နာမည်ပေးတဲ့အခါမှာ
အကြီးဖြစ်စေ အသေးဖြစ်စေ သီးသန်ဖြစ်တည်နေမှာပါ .. ထားပါတော့ Myname ,mYname,myName ဆိုတဲ့ သုံးခုဟာ တူသလိုလိုနဲ သီးသန်ဖြစ်တည်နေပါလိမ့်မယ် ..
0 မှတ်ချက်:
Post a Comment