.. ကဗျာရေ ..
နင့်ကိုတော့ ငါအားနာလေရဲ့
အငြိမ်မနေနိုင်တဲ့ ငါ့လက်တွေက
ဝမ်းနည်းလည်း နင့်ကိုအဖော်ပြု
ဝမ်းသာလည်း နင့်ကိုအဖော်ပြုနဲ့
နင်တော်တော်စိတ်ပျက်နေရောပေါ့ ..
ကဗျာရေ
တစ်ခါတစ်ခါ သူသိအောင် နင့်ကို ခုတုံးလုပ်ခဲ့တာတွေ အတွက်
ခွင့်လွှတ်နော် ..
ဒီနေ့လည်း နင်မြင်မှာပေါ့
ငါ့ရင်ကိုလေ ..
ဒီတစ်ခါတော့ သူ့ကိုမပြောပါနဲ
သစ္စာရှိတဲ့ နင့်ကိုမို့
ယုံကြည့်တိုင်တည်တာပါ ..
.. ကဗျာရယ် ..
ဒီလိုနဲ
နင်ပဲသိစေ နင်ပဲသိစေ လို့
ဒုက္ခပေးခဲ့တာ
.. ငါလည်း ..
မထိုက်တန်တဲ့ ကဗျာဆရာ လုံးလုံးဖြစ်ပေါ့
(မလမင်းငယ်ဆီမှတစ်ဆင့်ဖော်ပြခြင်းဖြစ်သည်)
0 မှတ်ချက်:
Post a Comment