.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Tuesday, December 21, 2010

Missing Home

မှတ်မိနေသေးတယ်
တစ်ချိန်က ခံစားချက်တွေ
အဆင်မပြေမှုတွေကြားက ရပ်တည်ခဲ့တာလေ
အဖေ၀န်ထမ်း အမေမှီခိုလို့
ဖြည့်ခဲ့ရတဲ့ဖောင်တွေနောက်မှာ
အပိုငွေမရှိလို့ ကျပ်တည်းခဲ့တဲ့နေရက်ကြမ်းကြမ်းတွေ
တစ်နေ့စာမုန့်ဖိုးနဲ ကျောင်းကောက်ခံငွေတွေ အတွက်
နင့်နင့်နေအောင်တွေးနေရလည်း
သား စာကြိုးစားနော် ဆိုပြီး
ပြုံးပြုံးလေးပြောရင်း မေတ္တာတွေ လွယ်အိတ်ထဲထည့်
ကျောင်းကြိုပို့လုပ်ပေးခဲ့တဲ့မေမေ
သမုဒရာ ၀မ်းတစ်ထွာဆိုတဲ့
ခေါင်းစဉ်အောက်မှာ
ဘယ်တော့မှ မပြည့်စုံတဲ့ လိုအပ်ချက်တွေ အတွက်
အလုပ်နဲ တာဝန်ကြား ဗြာများရင်း
မိသားစုကို အချိန်တွေ ခိုးခိုးပေးခဲ့တဲ့ အဖေ
သားလေးလိုချင်တဲ့ ဆိုင်ကယ်တဲ့
ပြုံးပြုံးလေးပေးခဲ့တာပဲ
ဒါပေမယ့်
အမေနဲ့တီးတိုး မသိအောင် ကြိုးပမ်းခဲ့တာကို
ဘာလို့များ မြင်အောင်မပြခဲ့တာလည်း

တစ်ချိန်က
လွယ်အိတ်ထဲ မေတ္တာကိုလွင့်ပစ်ပြိး
ဆိုင်ကယ်ကို လောင်းကစားလုပ်
သူငယ်ချင်းဆိုတာထက် ဘာကိုမှအရေးမကြီးပဲ
အရက်လေးတစ်စွစွနဲ့ လမ်းဘေးမှာ ဂစ်တာတီး
သီချင်းဆိုရင်း ပျော်ခဲ့တဲ့ ကောင်
ဘ၀ရဲ ခါးသီးမှုဒဏ် ရင်ဘတ်နဲ့ဆီးခံရင်း
စာနာမှုဆိုတဲ့ အဓိပ္ပါယ်ကို
ကောင်းကောင်းလေး နားလည်တတ်နေပြီ

တစ်ရက်တစ်ရက်နဲ့ ဖြတ်ခဲ့တဲနေ့တွေ
ရက်ထပ်နှစ်တွေကျော်ပေါင်းလည်းများပြီ
ခုဆို အေးချမ်းတဲ့မိဘရိပ်နဲ ဝေးလို့
တစ်မိုးအောက်က ရယ်သံချိုချိုလေးတွေ
အနှိုင်းမဲမေတ္တာနဲ့ ဂရုစိုက်မှုတွေ အပါဝင်
အရိပ်လိုကြည့်ရင်း လိုအပ်သမျှဖြည့်ဆည်းတတ်တဲ့
ကိုကြီးနဲ ညီမလေးတွေကို
.........................................
...............လွမ်းတယ်..............
လွမ်းတယ် .................လွမ်းတယ်
.........................................
..........................................
အာာား........... ဇာတ်ဆရာရယ်
တစ်ခါတစ်လေများ ဘ၀ဆိုတဲ့ဇာတ်ခုံပေါ်မှာ
သာယာငြိမ့်ငြောင်းတဲ့ တေးသွားနဲ့အတူ
ကပြခွင့်လေးပေးပါ့လားဗျာ

0 မှတ်ချက်: