တစ်ချို့ကပြောကြတယ် ..
ပိုင်ဆိုင်လိုခြင်းက အချစ်တဲ့
တစ်ချိုးကလည်းပြောကြပြန်တယ်
အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းတဲ့ ..
ငါလည်း ..
ငါ့အဘိဓ္ဗါန် ငါလှန်ရင်း
အချစ်ဆိုတဲ့ မာတိကာကိုဆွဲဖွင့်လိုက်မိတယ်
အဲဒီအချိန်တုန်းကတော့
ငါဆိုတာ
သူရဲကောင်းတစ်ယောက်ပဲပေါ့
အတ္တတွေ မာနတွေ နဲ့
ဘ၀ရဲ့ကောက်ကြောင်းတွေကို
မှတ်စုထဲထည့်ရင်း
အချစ်ရဲ့ အဓိပ္ပါယ်ကို
နားလည်ရခက်တဲ့ဘာသာဗေဒနဲအတူ
နှလုံးသား ကျောက်ထက်မှာ
ကဗ္မည်းထိုးဖို့ ကြိုးစားရင်း
.......... ကြိုးစားရင်း ........
................... ကြိုးစားရင်း
.......အင်း .....................
နောက်ဆုံးတော့ ငါပဲလုံးပါးပါးခဲ့ရတယ် .
(မှတ်ချက် ပရုတ်လုံးလိုတော့ ပျောက်ကွယ်မသွားသေးပါ :xD)
0 မှတ်ချက်:
Post a Comment