.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Thursday, February 3, 2011

ခံစားချက်မဲ့စာစု

စိတ်တွေရှုပ်လိုက်တာဗျာ ... တစ်ကယ်တစ်ကယ်ပါ ... လေနဲအတူလွင့်နေတဲ့ တိမ်တိုက်လေးတွေလို အပူပင်ကင်းကင်းနဲရောက်ချင်ရာရောက် လွင့်မြောပလိုက်ချင်တယ် .. ဘယ်သူမပြုမိမိမှုတဲ့ ..ဟုတ်တယ်ဗျာ .. နောက်ဆုံးတော့လည်း ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း ကိုယ်နားမှာကိုယ်ပဲကျန်ပြိး ကိုယ်ပဲခံခဲ့ရတာ ... လူတွေကလည်း ခက်တယ်ဗျာ ကိုယ့်အတွက် ဘာမှမကျန်နိုင်မှန်း ကိုယ့်ကိုဘာမှ လုပ်ပေးနိုင်စွမ်းမရှိတော့မှန်းသိခဲ့ရင် ဒီလူကို ကြောက်စရာသတဿတ၀ါတစ်ကောင်အဖြစ်မြင်တတ်လာကြတာ ဘာကြောင့်လည်းမသိဘူး ...တစ်ခါက ပလူးပလဲနဲ တီတီတာတာတွေကလည်း ခုကျတော့ သူတိုမဟုတ်သလိုပဲ ပြောတတ်လိုက်တဲ့ စကားတွေကလည်း ပျားသကာကို ကိုယ်တိုင်ထုတ်ပြိး သုတ်ထားသလားမှတ်ရတယ် . တစ်ကယ်လည်းကြုံလာကော .. အကြီးအငယ်အလတ် ဘယ်နားရှာရမှန်းကိုမသိဘူး ...  .. အော် .. ဒါလာ ဘ၀ ဒါလား မိတ်ဆွေ ..ဒါလား သိတတ်မှု .. ဒါလားတာဝန်...လေဖိုကောင်းလိုက်တာ ... ဖြစ်နိုင်ရင်လေ တစ်မိုးအောက်မှာ ရာသီ၂၀လောက်ခိုလှုံခဲ့တဲ့ မိဘအိမ်အိုလေးထဲ ပြေးဝင်နေလိုက်ချင်တယ် .. ဒီလိုပြောလို မရင့်ကျက်သေးဘူးလိုပဲဆိုဆို ကလေးစိတ်ပဲရှိတယ်ပြောပြော ကျွန်တော့အတွက်တော့ ဘယ်အချိန် ဘယ်နေရာကိုေ၇ာက်လို ဘာတွေပဲလုပ်နေပါစေ မိဘရိပ်အောက်က နွေးထွေးတဲ့ရင်ခွင်လေးတွေကို သတိရဆဲ လွမ်းနေဆဲ ပြန်လည်ခိုလှုံချင်နေဆဲပဲဗျာ ..

ဘ၀ဆိုတဲ့မာတိကာနောက်
တစ်ကောက်ကောက်လိုက်ရင်း
အနံလှိုင်နေတဲ့ ဒီပတ်ဝန်းကျင်က
မျက်နှာဖုံးစွပ်နဲ လူတွေ
.. ပြီးတော့  ..
သူတို့နောက်ကျောကထွက်တဲညှိနံ
ပန်းရနံလို့မှတ်ယူရင်း
............... ငါ .....................
သံစဉ်မဲနှလုံးခုန်သံနဲ့
ဟန်ဆောင်ခြင်းမုသားတွေရောလို့
ပြုံးပြုံးပြနေရတဲ့ အမောတွေ
... အာာာား ......
ကြာတော့လည်း ကိုယ့်ကိုကိုယ်တောင် ရွံလာတယ်
လူကြီးမင်းတို့ရေ

0 မှတ်ချက်: