JetAudio ကိုအရင်က သုံးနေတာ ဘာမှမဖြစ်ဘူး .. အရင်တစ်နေ့ကမှ ကျွန်တော် အသစ်ပြန်သွင်းလိုက်တာ ဘာဖြစ်သွားလည်းဆိုတော့ ဖွင့်မယ့်အောဒီယိုဖိုင်ကို Right Click ထောက်လိုက်ရင် အမှန်ဆို အဲဒီဇယားလစ်ထဲမှာ ဂျက်နဲဖွင့်ဖို အဆင်သင့်ပါပါတယ် .. ဒါပေမယ့် ကျွန်တော် အသစ်သွင်းပြီးတော့ မပေါ်တော့ဘူးဗျာ .
ဟာ .. အဲ့ဒါနဲ့ ဟုတ်သေးပါဘူးလို့ .. အရင်ကရပြိး ခုမရတာ မဟုတ်သေးပါဘူးဆိုပြီး စိတ်တိုတိုနဲ့ ဂျက်ကိုမွှေလိုက်တယ် .အဲ့မှာ ဘာသွားတွေလည်းဆိုတော့ ဖိုင် Extension ပါပဲ .. သူကအရင်လို Extension အကုန်ကို နဂိုကတည်းက မထည့်ပေးထာတော့ ဘယ်ဖွင့်ရမလည်း .. အဲ့ဒါနဲ့ ရှိသမျှ Audio Extension တွေကို အမှန်ခြစ်ပေးပြီး (ပုံထဲကအတိုင်း) ထည့်လိုက်တော့မှ အဆင်ပြေသွားပါတယ် . အောက်မှာပုံနဲ့အတူ ပြထားပါတယ် ..
ဂျက်ပေါ်ကနေ Right Click ===> Preferences ====> File type association
ညာဘက်ကဖိုင်ဖောမက်အကုန်ကို အမှန်ခြစ်ပေးပါ့မယ် Check All ..ဒါဆိုရပါပြီ .
Open With ကနေ သွားသွားဖွင့်ပြီးနားထောင်နေရတာ စီးရီးတစ်ခုလုံးမဟုတ်ပဲ ကိုယ်ကြိုက်တာလေးကိုပဲ ရွေးပြီး စုနားထောင်တဲ့အခါ ဘယ်လောက် ရွာလည်တယ်ဆိုတာ အများစုသိကြမှာပါ ..အားလုံးအဆင်ပြေပါစေ ..

0 မှတ်ချက်:
Post a Comment