တိကျလှပါတယ်ဆိုတဲ့ နာရီ ၂ လုံးတောင် စက္ကန့်ဆိုတာက မတူနိုင်ကြပါဘူး .. ဒီလိုပါပဲ.. ဘယ်နေရာ ဘယ်အချိန် ဘယ်ဒေသမှာ ဘာတွေ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ လူတိုင်းလူတိုင်းရဲ့ စိတ်ခံစားချက် ၀ါသနာ ရပ်တည်နေထိုင်မှု နဲ့ ဖြစ်တည်နေမှုတွေ ကျင်လည်နေရတဲ့ဘ၀တွေ လှုပ်ရှားရုန်းကန်နေရတဲ့ အခြေအနေတွေ အားလုံးကလည်း မတူနိုင်ပါဘူး . ဒါကို နားလည်ပေးသင့်တာပေါ့ ..ကိုယ်ဒါကိုသဘောကျလို ဒါကိုသိလို သူလည်းဒါဖြစ်နေရမယ်ဆိုတဲ့ ခင်ဗျားတို့အတွေးတွေကတော့ တစ်ကယ်ဆို ကလေးတစ်ယောက်နဲသွားတူနေတယ်ဗျာ .. စိတ်မကောင်းစရာပဲ .. အမှန်ဆို 'A' ဆိုတာကလည်း သူဘ၀နဲ့သူနေသလို 'B' ဆိုတာကလည်း သူအခြေအနေနဲသူပါ .. သူတို ၂ ခုပေါင်းပြီး စာလုံးတွေ ဖွဲနိုင်သလို တစ်လုံးခြင်းစီရပ်တည်နေလည်း အဓိပ္ပါယ်တွေကတော့ ရှိနေဆဲပါပဲ ... အဲ့လို့ပဲ .. မြေပုံမဆွဲတတ်တာလေးတစ်ခုနဲတော့ သချာင်္ဆရာတစ်ယောက်ဟာ မြောင်းထဲရောက်မသွားပါဘူး .. နားလည်ပါ .. ခံစားတတ်ပါ .. သိတတ်ပေးပါ ... တစ်ယူသန်တယ် အစွဲကြီးတယ် အတ္တများတယ်ဆိုတာ စာအုပ်တွေ ဇာတ်လမ်းတွေ ထဲမှာပဲကောင်းတာပါ .. တစ်ကယ်လက်တွေ ဘ၀မှာ အများနဲ့အံ့မ၀င်လို့ကတော့ ခင်ဗျားသေချာတယ် လူမသိသူမသိတိတ်တိတ်လေး ကမ္ဘာကြီးကို ကျောပေးနေရလိမ့်မယ် ..ခင်ဗျားလို အဖိုးတန် ရတနာတစ်ပါးကို လောကကြီးက အမှန်တစ်ကယ်လိုအပ်နေတာပါဗျာ ... အဲ့ဒါကြောင့် ခင်ဗျားအတ္တတွေကို ခဏခေါက်ပြီး နောက်တစ်လှမ်းဆုတ်လိုက် .. ပြီးရင် ခင်ဗျားပတ်ဝန်းကျင်နဲ့ ခင်ဗျားရဲ့ရှေကိုမြင်အောင်သေချာ ပြန်ကြည့် ..... ဘ၀ဆိုတာ စာအုပ်တွေ စကားလုံးတွေလောက် အမြဲတမ်း မလှပသလို အမြဲတမ်းလည်း ကြမ်းတမ်းမနေဘူးဆိုတာရယ် ... သူ့နေရာလေးနဲ့သူ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိနေတဲ့ အရာတွေရယ် .. လက်ရှိခင်ဗျားရပ်တည်နေတဲ့ နေရာကနေ လောကအတွက် ဘာလုပ်ပေးနိုင်လည်း ဆိုတာရယ် . စတဲ့ စတဲ့ စတဲ့အရာတွေ အားလုံးကိုခင်ဗျားတွေ့မြင်တတ်လာလိမ့်မယ် .. ကျရာနေရာကနေ ဆေးစက်ကျတိုင်းအရုပ်ထင်နိုင်ပြီး ရာသီဥတုတွေနဲ့ သင့်တင့်လျှော်ဆီစွာနေထိုင်နိုင်တဲ့ သူတစ်ယောက် အဖြစ် ထာဝရ ရပ်တည်နိုင်ပါစေဗျာ ..
(ဘာလည်းတော့မသိဘူ .. စိတ်အချည်ပေါက်ပေါက်နဲ့ရေးချလိုက်တာ )
(ဘာလည်းတော့မသိဘူ .. စိတ်အချည်ပေါက်ပေါက်နဲ့ရေးချလိုက်တာ )
0 မှတ်ချက်:
Post a Comment