.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Thursday, October 25, 2012

Using vi as a hex editor

hexedit လိုမျိုးတွေ မသွင်းထားလို့ hexadecimal value တွေကိုဘယ်လိုချိန်းမလည်း ...
ကဲ ဘာနဲသုံးရမှန်းမသိလို စိတ်ညစ်မနေနဲ သူ့မှာပါပြီးသား Vi editor ရှိပါတယ် ..ဘယ်လိုလုပ်မလည်းဆိုတာ အောက်မှာပြောပြထားပါတယ် ..
ပထမ  vi editor ကိုဖွင့်မယ်ပေါ့ဗျာ
သူက ပော်လာပါလိမ့်မယ် ပေါက်တက်ကရတွေနဲ့ ဘာလို့လည်းဆိုတော့ သူနားမလည်တဲ့ value တွေကိုးး ... ဒါအလွယ်လေးပါ ... ကွန်မန်းလေးတောက်ပေးလိုက်မယ် ထုံးစံအတိုင်း ..
esc ကနေတစ်ဆင့် ::%!xxd ဆိုပြီး Enter ကိုသာ ရဲရဲခေါက်ချလိုက် တွေပါလိမ့်မယ် .. hex value တွေကို .. ကဲ ပြင်ပေတော့ .. အရင် hexedit ကိုသုံးဖူးသားသူတွေကတော့ ၀မ်းသာကြမှာပါ . မသုံးဖူးသေးတဲ့သူတွေလည်း help ကိုဖတ်ပြီး သုံးကြည့်ပေါ့ .. ကောင်းလိုက်တဲ့ VI Editor ကြိုက်သွားပြီ ... အောက်မှာ ပိုရှင်းသွားအောင် ပုံလေးတွေနဲ ပြပေးလိုက်တယ် ...
  vi နဲဖွင့်လိုက်ပြီ

vi ကို hexeditor ဖြစ်အောင်ပြောင်းမယ် .. ကွန်မန်းတိုက်နေရာ အောက်ဆုံးမှာ ကွန်မန်းရေးပြထားတယ်
:%!xxd 

ပြောင်းသွားပြီ .. ပြင်ကြမယ် ..

 ပြင်ပြိးသွားပြီ ပြန်ထွက်မယ် .. အောက်ဆုံးကွန်မန်းတိုက်မှာ :%!xxd -r ဆိုပြီး ပြန်ထွက်သွားမယ်

ကဲ မူလအတိုင်းပြန်ဖြစ်တော့ ပိတ်လိုက်တာပေါ့ဗျာ .. Vi ကို .. :wq ဆိုပြီးတော့ ..

အားလုံးအဆင်ပြေကြပါစေ ...