.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Tuesday, March 19, 2013

... ချစ်သူ ....



အချစ်က 
ဂရုစိုက်မူ့တွေ အေးစက်သွားရင်
မနွေးထွေးနိုင်တော့ ဘူး........

လစ်လျူရှု့မူ့တွေများလာရင်.....
မပျော်ရွှင်နိုင်တော့ ဘူး...........

ကတိတွေ ချိုးဖောက်လာရင်...
အရင်လို မယုံကြည်နိုင်တော့ ဘူး............

တွေ့ဆုံခွင့်တွေနည်းပါးလာရင်
ဆက်ဆံရေးတွေ မကောင်းတော့ ဘူး.........

ဟက်ဟက်ပက်ပက် မဟုတ်တဲ့  စကားတွေ....
လှိုက်လှိုက်လှဲလှဲ မရှိတဲ့  ရီ(ရယ်)သံတွေ......
ကြင်ကြင်နာနာ မဟုတ်တဲ့  နှုတ်ဆက်သံတွေက......
အနားမှာရှိနေလျှက်နဲ့  ဝေးနေသလိုမျိုးခံစားနေရတယ်...........
ချစ်နေပါလျှက်နဲ့  သူစိမ်းတွေလို မျိုး ပြုမူနေထိုင်နေကျတယ်........

တကယ်ပါချစ်သူ...........
အချစ်က 
ဂရုစိုက်မူ့တွေ အေးစက်သွားရင်
မနွေးထွေးနိုင်တော့ ဘူး........
ငါတို့  အရင်လို ဂရုစိုက်မူ့တွေနဲ့  ချစ်ရအောင်နော်...........

Orig-->့ (ပုံရိပ်စစ်)

0 မှတ်ချက်: