.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Friday, August 23, 2013

TCP/IP About

4.1 Introduction
TCP/IP internet ဆိုတာ physical network တွေကို router တွေသုံးပြီး အပြန်အလှန်ချိတ်ဆက်ထားတဲ့ virtual network တစ်ခုပါ။

4.2 Universal Identifier
Host computer တစ်လုံးကို အခြား ဘယ် host computer တစ်လုံးနဲ့မဆို communicate လုပ်နိုင်အောင်ဆောင်ရွက်ပေးနိုင်တဲ့ communication system ကို universal communication service ကိုပေးနိုင်တဲ့ system လို့ဆိုပါတယ်။ communication system တစ်ခုကို universal ဖြစ်အောင်လုပ်ဘို့ဆိုရင် အဲဒီ system ကို ချိတ်ဆက်ထားတဲ့ computer တစ်လုံးချင်းစီကို identify လုပ်နိုင်တဲ့ တစ်ကမ္ဘာလုံးက လက်ခံနိုင်တဲ့ method မျိုးရှိဘို့လိုပါတယ်။
Host identifier တွေကတော့ names, addresses, or routes တွေပါ။ name က object တစ်ခုဟာ ဘာလဲဆိုတာကို identify လုပ်ပေးတယ်။ address ကတော့ နေရာကို identify လုပ်ပြီး route ကတော့ သွားရမယ့်လမ်းကြောင်းကို identify လုပ်ပေးပါတယ်။ စက်တွေကို identify လုပ်တဲ့အခါ လူတွေက name နဲ့ identify လုပ်ရတာကိုကြိုက်တယ်။ software တွေကတော့ address လိုဟာမျိုးကိုကြိုက်ကြတယ်။

4.3 The Original Classful Addressing Scheme
Internet ဆိုတာ အခြား physical network တွေလိုဘဲ network အကြီးစားကြီးတစ်ခုပါ။ ခြားနားတာကတော့ Internet က software နဲ့ implement လုပ်ထားတဲ့ virtual structure တစ်ခုပါ။ Internet ချိတ်ဆက်ထားတဲ့ host တိုင်းကို 32-bit integer address နဲ့ identify လုပ်ပါတယ်။ အဲဒါကို internet address or IP address လို့ခေါ်ပါတယ်။ IP address မှာ host id ရော အဲဒီ host ကချိတ်ဆက်ထားတဲ့ network id ပါ နှစ်ခုလုံးပါဝင်ပါတယ်။ prfix (ရှေ့ပိုင်း) က netid ဖြစ်ပြီး suffix (နောက်ပိုင်း)က hostid ဖြစ်ပါတယ်။
Figure 4.1
Classful addressing scheme မှာဆိုရင် address တွေဟာ self-identifying ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြင်ပ information တွေကိုသုံးစရာမလိုဘဲ address ကိုကြည့်ရုံနဲ့ prefix နဲ့ suffix ရဲ့ boundary ကိုသိနိုင်လို့ပါ။ IP address ကို classes ၅မျိုးခွဲထားတယ်။ Class A, B, C, D, E ပါ။ ပထမ ၃မျိုးကတော့ primary class တွေပေါ့။ IP address တစ်ခုဟာ ဘယ် class ထဲမှာပါလည်းသိချင်ရင် higher order bit ၃ခုကိုကြည့်ပြီးသိနိုင်ပါတယ်။ primary class ၃ခုထဲကနေခွဲခြားဘို့ဆိုရင်တော့ higher order bit ၂ခုကိုကြည့်ရင်သိနိုင်ပါပြီ။ ရှေ့ဆုံး bit က  0 ဆိုရင်သေချာပေါက် Class A ပါ။ 1 ဆိုရင်တော့ ဒုတိယ bit ကိုပါ ဆက်ကြည့်ရပါမယ်။ ဒုတိယ bit က 0 ဆိုရင် Class B ပါ။ ဆိုလိုတာက ရှေ့ဆုံး bit ၂ခုက 10 ဆိုရင် Class B ပေါ့။ 11 ဆိုရင် တတိယ bit ကိုထပ်ကြည့်ရပါမယ်။ 65536 host ထက်ပိုချိတ်ဆက်ထားတဲ့ network ကြီးတွေအတွက် IP address ကို Class A အမျိုးအစားပေးရပါမယ်။ (netid က 7 bits ရှိပြီး hostid က 24 bits ရှိပါမယ်။) 256 host ထက်များပြီး 65536 host ထက်မများတဲ့ အလယ်အလတ်စား network တွေအတွက်ဆို Class B address ပေးရပါမယ်။ (netid က 14 bits ရှိပြီး hostid က 16 bits ရှိပါမယ်။) အများဆုံး 256 host သာချိတ်ဆက်မယ့် network တွေအတွက်တော့ Class A address ကိုသုံးရပါမယ်။ (netid က 21 bits ရှိပြီး hostid က 8 bits ရှိပါမယ်။)

4.4 Address Specify Network Connections
Computer တစ်လုံးမှာ physical connection ၂ခု သို့မဟုတ် ၂ခုထက်ပိုပြီးရှိခဲ့ရင် အဲဒီ computer ကို multi-homed host လို့ခေါ်ပါတယ်။ multi-homed host တွေနဲ့ router တွေမှာ တစ်ခုထက်ပိုတဲ့ IP address တွေရှိပါတယ်။ address တစ်ခုစီဟာ အဲဒီ host or router တွေနဲ့ချိတ်ဆက်ထားတဲ့ network connection တစ်ခုစီကိုကိုယ်စားပြုပါတယ်။ တကယ်တော့ IP address ဆိုတာ computer ကို identify လုပ်တာမဟုတ်ဘဲ အဲဒီ computer ချိတ်ဆက်ထားတဲ့ network connection ကိုသာ identify လုပ်တာဖြစ်ပါတယ်။ router n ခုဟာ network n ခုနဲ့ ချိတ်ဆက်ထားတယ်ဆိုပါတော့။ ဒါဆို အဲဒီ router မှာ IP address n ခုရှိပါမယ်။ IP address တစ်ခုချင်းဟာ network connection တစ်ခုစီကို identify လုပ်ပါတယ်။

4.5 Network And Directed Broadcast Addresses
IP address ထဲမှာ Netid ပါခြင်းအားဖြင့် အဓိကကောင်းကျိုးတစ်ခုက routing လုပ်တဲ့အခါ efficient ဖြစ်စေပါတယ်။ နောက်ကောင်းကျိုးတစ်ခုက IP address ဟာ host ကိုသာမက network ကိုပါ refer လုပ်နိုင်ပါတယ်။ host တစ်ခုရဲ့ hostid ကို 0 မပေးရပါဘူး။ hostid 0 ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ အဲဒီ network ကိုသာ ပြန်ညွှန်းပါတယ်။
နောက်ထပ်ကောင်းကျိုးတစ်ခုက network တစ်ခုမှာချိတ်ဆက်ထားတဲ့ host တွေအားလုံးကို refer လုပ်တဲ့ directed broadcast address ဆိုတာပါပါတယ်။ hostid က all 1s ဖြစ်နေခဲ့မယ်ဆိုရင် ဒါဟာ directed broadcast address ပါ။ packet တစ်ခုကို အဲလို address မျိုးဆီပို့လိုက်မယ်ဆိုပါတော့။ packet ဟာ source ကနေထွက်ခွာလာပြီးလမ်းတလျှောက်မှာ router တွေကိုဖြတ်သန်းရမယ်။ router တစ်ခုဟာ သူ့ဆီကို packet တစ်ခုရောက်လာရင် ဘယ် router ဆီကိုထပ်ပို့ပေးရမလည်းဆိုတာကို ဆုံးဖြတ်ရပါတယ်။ အဲဒီအခါမှာ router ဟာ packet ရဲ့ netid portion ကိုသာကြည့်ပါတယ်။ hostid portion ကိုမကြည့်ပါဘူး။ destination network နဲ့ချိတ်ဆက်ထားတဲ့ router ဆီရောက်တဲ့အခါမှသာ router ဟာ hostid portion ကိုကြည့်ပါတယ်။ hostid portion က all 1s ဖြစ်နေရင်တော့ အဲဒီ network မှာချိတ်ဆက်ထားတဲ့ host တွေအားလုံးဆီကို packet ကို deliver လုပ်လိုက်ပါတယ်။ အချို့ network hardware တွေဟာ broadcast ကို support မလုပ်ပေးနိုင်ပါဘူး။

4.6 Limited Broadcast
IP address ရဲ့ 32 bit လုံးဟာ 1 တွေချည်းဖြစ်ခဲ့မယ်ဆိုရင်ဒါ Limited Broadcast ပါ။ host ဟာ သူ့ရဲ့ IP address or local network ရဲ့ prefix ကို မသိသေးခင်မှာ အသုံးပြုပါတယ်။ start up မှာသုံးတာပါ။ သိပြီးသွားပြီဆိုရင်တော့ directed broadcast ကိုသာသုံးသင့်ပါတယ်။

အပေါ်မှာအစပြုထားသလိုပဲ ... CHAPTER 4 Classful Internet Addresses ဆိုပြီးတော့ ဘယ်ကနေကူးထားမိမှန်းမသိတော့ပါဘူး .. ပြန်ဖတ်ရင်းနဲ့တွေ့လိုက်မိတာကြောင့် ပြန်ပြီး မျှဝေပေးလိုက်တာပါ .. မူရင်းရေးသားသူတွေ့တယ်ဆိုရင် ကျွန်တော့်ကို တတ်ခ်ပေးလိုက်ပါ ... 
... အားလုံးအဆင်ပြေပျော်ရွှင်နိုင်ပါစေ ...

0 မှတ်ချက်: