.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Tuesday, May 18, 2010

change (close,min,max) as-like window button

ubuntu 10.04 မှာပါလာတဲ့ .. ၀င်းဒိုးbutton လေးက ပုံမှန်အတိုင်းညာမှာမဟုတ်ပဲ ဘယ်မှာပါလာတာပါ ...
 သူအတွက် တစ်ချိုတွေက ကြိုက်ကြပြီး တစ်ချိုတွေက မကြိုက်ကြပါဘူး ..ကျွန်တော်ကိုယ်တိုင်လည်း အခုချိန်ထိ လက်က တစ်ခုခုကို ပိတ်တော့မယ်ဆိုရင် ညာဘက်ကိုသွားသွားပြီး ကလစ်ပေးမိနေတုန်းပါပဲ ..  ဟုတ်ပြီ .. အဲ့တော့ ကျွန်တော်တို သူကိုပုံမှန် မြင်နေကြအတိုင်း ဘယ်ကနေ ညာကိုပြန်ပြောင်းကြမယ်ဗျာ ..
Alt+F2 ကနေ gconf-editor ကိုခော်ပါမယ် ပြီးရင် အောက်ကအဆင့်တွေသွားလိုက်ပါ .. 


apps --> metacity ---> general --> button_layout 


အဲဒီမှာ double ကလစ်ဖြစ်စေ .. ညာဘက်မှာ တိုက်ရိုက်ဖြစ်စေ ရေးလိုရပါတယ် ..
Default ဖြစ်နေတာက close,minimuze,maximize: ဒီလိုလေးပါ ... 



ပြောင်းမှာကတော့ သူတိုကို ထားချင်သလို ရှေနောက်ပြောင်းလိုက်ပါ .. နောက်ပြီး သေချာကြည့်နော် : ဒီအစက်ကလေး ၂ စက်ကို လည်း ပြောင်းပေးရမှာပါ .. ဒီလိုဖြစ်သွားမှာပေါ့ ဒါက ပုံမှန်ဝင်းဒိုးပုံစံအတွက်ပါ .. :minimize,maximize,close


 
ကဲ အဲ့ဒါဆို ချက်ချင်းပဲ ဘယ်ဘက်က နေ ညာဘက်ကိုရောက်သွားပါပြီ ..
အဆင်ပြေပါစေဗျာ . ပြန်ပြောင်းမယ်ဆိုရင်တော့ သူကိုပြန်လှန်ပြီး ပြောင်းပြန်ပြန်လုပ်လိုက်ပေါ့ .. :xD:အောက်မှာနမူနာပြထားပါတယ် ..

0 မှတ်ချက်: