.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Tuesday, May 18, 2010

cowsay program

လင်းနစ်ရဲ မျက်စိပကာသလေးတစ်ခုလောက်ပြောပြမယ် ..သိပြီးသားဆိုရင်တော့  ကျော်ဖတ်လိုက်ပေါ့နော် ... cowsay ဆိုတဲ့ ပရိုဂရမ်လေးတစ်ခုပါ ... သူကို အရင်ဆုံး 

beggar@beggar:~$ sudo apt-get install cowsay 

 
ဆိုပြီး သွင်းလိုက်ပါ .. ပြီးသွားပြီးဆိုရင် cowsay me လို အစမ်းလေးတိုက်ကြည့်လိုက်ပေါ့ .. အောက်ကပုံအတိုင်းလေးမြင်ရပါလိမ့်မယ် ... :xD သူကတော့ နွားငယ်လေးကနေ မက်ဆေဒ့်လေးတွေ ပြောပေးတဲ့ ပရိုဂရမ်လေးပါ အသေးစိတ်သိချင်ရင်တော့ man cowsay မှာဖတ်နိုင်ပါတယ် ... သူအတွက် argument အနည်းငယ်ဖော်ပြပေးလိုက်ပါတယ် .. စမ်းကြည့်ကြပေါ့ ..


beggar@beggar:~$ cowsay -e ~0 beggar


beggar@beggar:~$ cowsay -T U beggar 

 

(အပော်မှာတော့ မျက်လုံး အောက်ကတော့ လျှာလေးထုတ်ပြလိမ့်မယ် စိတ်မဆိုးရဘူးနော် .သူကစတာ ... ဟိဟိ ...  -T နောက်မှာ ဖော်ပြချင်တာကို ရေးပါ သူက default အနေနဲ စာ ၂ လုံးပဲ လက်ခံပါတယ် ..)

အောက်မှာကျန်ပါသေးတယ်


beggar@beggar:~$ cowsay beggar


beggar@beggar:~$ cowsay -g beggar 


တွဲသုံးဖိုအတွက် ( -d,-b,-t,-y,-w,-p,-g,-s) ဒါတွေက မျက်လုံးလေးတွေပြေင်းသွားပါလိမ့်မယ် ..ချစ်စရာလေးတွေပါ ..

0 မှတ်ချက်: