ငါဆိုတဲ့ကောင်က နင့်အတွက်...
ဘာမှ မဟုတ်ခဲ့ပေမဲ့
ငါ့အတွက်တော့ ဘ၀တစ်သက်စာပါပဲ...
ဒါပေမဲ့ ...အမှတ်မှမရှိတာ..
ပြောမှသိ ထိမှနာ.....
အရိပ်ပြ လို့ အကောင်မထင်တဲ့ကောင်
လူတကာနဲ့ ယှဉ်လာရင်တောင်
မင်းအမြင်မှာ ငါဟာအမြဲနိမ့်ကျနေခဲ့တယ်..
တားမြစ်ထားတဲ့ အရာကိုမှ
စိတ်ဝင်တစားနဲ့  လုပ်ချင်နေတာကို...
ဆုပ်လည်းဆူး... စားလည်းရုးဆိုတဲ့
ပဒိုင်းသီး လိုဖြစ်နေပြီ...
ခံလိုက်ဦးပေါ့..ငမိုက်သားရယ်
မတွေ့ ချင်လို့ ရှောင်ဖယ်ကာ
ပုန်းနေမှန်း သိနေလည်း
သူ့ ကိုတွေ့ ချင်စိတ်က
ရင်မှာထာဝစဉ်...အကြင်နာတွေတပုံတပင်နဲ့ ပေါ့
ဒါပေမဲ့ ...ငါ့ကိုတော့
ှဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့ တောင်
တွေးထင်မထားဘူး...
ငါဟာ မင်းရဲ့ အစွန့် ပစ်ခံ တစ်ယောက်အဖြစ်...
ချစ်နေတဲ့ ငါ့ နှလုံးသားကိုတော့ အားနာပါရဲ့ 
ခံလိုက်ဦးပေါ့ ငမိုက်သားရယ်...
တစ်ခါသေဘူး ပျဉ်ဖိုးနားမလည်တဲ့ကောင်
အဖန်တလဲလဲ သေပလေ့စေတော့ကွာ....
အမှတ်မရှိ ချစ်မိခဲ့တဲ့ ဒီအသည်း ...
ကွဲကာမှကွဲတော့
ချစ်နေစဉ်အတွင်းတော့
အပျော်တွေဖလှယ်
အကြင်နာတွေလွယ်ပြီး
အနာဂတ်ရဲ့ မနက်ဖြန်လှလှတွေကို
ဝေးကွာခြင်းဆိုတာမတွေးပဲ
ရဲရဲကြီးလျှောက်လှမ်းလိုက်မယ်...
(A.M.Z)
0 မှတ်ချက်:
Post a Comment