ချစ်သူရယ်...
မင်းဖက်ကဘယ်လိုပဲပြောင်းလဲခဲ့ပါစေ..
ငါ့စိတ်အစဉ်မှာတော့
မင်းကိုချစ်တဲ့စိတ်တွေ...သံယောဇဉ်ထားခဲ့တာတွေကို
နဲနဲလေးမှ မလျှော့ခဲ့ပါဘူး...
ငါသေတဲ့အထိစွဲမြဲခိုင်မာနေမှာပါ...
ဒါပေမယ့် ...အခုမင်းသိပ်ဖြစ်စေချင်တဲ့ဆန္ဒနဲ့
ငါတို့ နှစ်ယောက်
တစိမ်းသူတွေလိုဖြစ်ပျက်ခဲ့ကြပြီပဲလေ...
ချစ်သူရယ်...
ငါသိပ်သိချင်ခဲ့တာ
မင်းနဲ့ငါ မတွေ့တော့တဲ့နောက်ပိုင်းမှာ
မင်းဘာတွေလုပ်နေခဲ့သလဲဆိုတာ...
မင်းနဲ့ ပတ်သက်ခင်မင်ခွင့်ရခဲ့တာလေးတောင်
င့ါ ကိုနဲနဲလေးမှ မင်းစိတ်ထဲမှာ
စာရင်းသွင်းမထားတော့ဘူးလား...
ငါကဘာတွေများ မင်းကိုအကြီးမားဆုံး
အပြစ်တွေကျူးလွန်မိပါလိမ့်လို့
အခါခါတွေးနေမိတယ်.....
ချစ်သူရယ်...
မင်းကို သံယောဇဉ်ရှိခဲ့တဲ့အချိန်ကစလို့
ဘာအတွက်နဲ့ မှ စိတ်မညစ်စေချင်တာ
အကောင်းဆုံးတွေပဲရစေချင်တာ
ငါဖြစ်စေချင်တဲ့ဆန္ဒတွေကို
မင်းကို သိစေချင်လိုက်တာကွာ....
ချစ်သူရယ်...
မင်းထားသွားရင်ကြေကွဲလိုက်..
မင်းပြန်လာရင် ကြည်နှုးလိုက်နဲ့
နောက်ဆုံးတော့ ....
မင်းကိုထားခဲ့တဲ့ ငါ့သံယောဇဉ်တွေကို
ညှာတာထောက်ရှု့ပြီး ရင်ထဲကမပါတဲ့
ဟန်ဆောင်မှု့လေးတောင်
ငါ့ကိုမပေးချင်ခဲ့တာကို
အထပ်ထပ်အခါခါနားလည်ခဲ့ရပြီပေါ့.....
ချစ်သူရယ်...
ဒါဟာ... ၀ဋ်ကြွေးတစ်ခုဆိုရင်တောင်မှ
ငါရဲရဲဝံ့ဝံ့လက်ခံပါတယ်...
ငါကျေနပ်ပါတယ်... ခွင့်လဲလွတ်ပါတယ်
လောကမှာကိုယ့်မြှားနဲ့ကိုယ်ပြန်အပစ်ခံရတဲ့
အဖြစ်အပျက်လောက်တော့
ဆိုးရွားရင်နာစရာကောင်းတာရှိမယ်မထင်ပါဘူး...
တစ်ခါလောက်တော့
မင်းနဲ့ ပြန်ဆုံခွင့်ရချင်ပါသေးတယ်
တစ်ချိန်ချိန်မှာတော့...
အဖြူရောင်သက်သက်ငါမျှော်လင့်ထားပါသေးတယ်...
A M Z

0 မှတ်ချက်:
Post a Comment