.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Friday, February 4, 2011

ရင်ကွဲရသ


တစ်ချိန်တခါတုန်းက......
ငါ့ဘ၀ထဲမှာ
ရင်ခွင်ဗလာနဲ့ 
အချစ်ဆိုတာမရှိ
အလွမ်းနတ္ထိနှင့်
ဤကမ္ဘာပေါ်ဝယ်
ဖော်သူကင်းမဲ့တဲ့
ငါလိုလူသား
တစ်ယောက်ထဲပဲ
ရှိနေအလား
ငါ၏စိတ်၌ထင်ကျန်နေလေရဲ့ ...

သို့ ပေမဲ့လည်း......
သူ(မ)နဲ့ တွေ့ ခိုက်
တစ်ခဏ၌
ချစ်စိတ်တွေက
ပေါက်ဖွားရှင်သန်
ရှေးကံအတိတ်

ဖြစ်တည်ခဲ့သော်.......
မေတ္တာသက်ဝင်
ငါ့နှလုံးအိမ်၌
သံယောဇဉ်ကြိုး
နှောင်ဖွဲ့ ထုံး၍
မသိစိတ်ဝယ်
အချစ်နွံမှာ
နစ်မွမ်းခဲ့ရပြီ...


အသိစိတ်၌
ပန်လည်သက်ဝင်
ငါ၏နှလုံး မာယာကြော့ကွင်း
ချစ်ဆွဲအားကြောင့်
ရုန်းထွက်မရ
လှုပ်လေမြုပ်လေ
အချစ်နွံဂယက်ထဲ
ကောင်းကင်ပေါ်က
တိမ်တိုက်အလား
အတိုင်းအဆမရှိ
လွင့်မျှောနေခဲ့ပြီ........

ယုံကြည်သက်ဝင်
အမြတ်တနိုး ချစ်တင်းနှော၍
ချစ်သူနှစ်ဦး ချစ်ရည်လူးကာ....
ပျော်ရွှင်စိတ်နှလုံး
ရှိနေခိုက်ဝယ်
ကံကြမ္မာလေပြင်း
ပြင်းထန်တိုက်ခတ်
ခံစားဝေဒနာ သည်းထန်စွာ
နှစ်ဦးတွဲလက် ကြံ့ကြံ့ခံသော်......

နောက်ဆုံးရလဒ်
အရှုံးများနှင့်
တစ်ဦးနဲ့ တစ်ဦး
အဝေးတစ်နေရာ
တစ်ခြားကမ္ဘာသို့ 
ခေါ်ဆောင်သွားတော့
ကျန်သူစိတ်နှလုံး
မရွှင်လန်းနိုင်
သောကမျက်ရည်
ရွှဲရွှဲ စိုလျက်..အလွမ်းဝေဒနာနှင့်
တိုက်ပွဲဝင်ရလေသည်....

ရင်ကွဲရသ မချိုမြပါဘူး
့မင်းပေးခဲ့သမျှ..အမှတ်တရဒဏ်ရာ
ခံစားခဲ့သမျှ..အားလုံးဟာ
ရင်ကွဲရသ .....
သင်ပေးသမျှ မရလို့တဲ့
ငယ်ငယ်က ဆရာမ
ရိုက်ခဲ့မိတာ မနာမိပါဘူး
အခုတော့ ရွယ်ရုံနဲ့တင်
အရှိုးထင်နေတဲ့ နှလုံးသားက
မရမချင်း ကျက်နေမိတာ(မင်းပေးခဲ့တဲ့)
ရင်ကွဲရသ တဲ့လေ........

A.M.Z

0 မှတ်ချက်: