ကာရံမဲ့ကဗျာတွေထဲ
ပျော်ဝင်နေတဲ့ နင်
နားလည်ရခက် တွေးရခက်လဲ
နင့်ကဗျာတိုင်းရဲ့
ကိုယ်ပိုင်အသိ ကိုယ်ပိုင်အတွေးတွေထဲ
ငါ ခိုဝင် ခံစားကြည့်ရင်း
တိတ်တဆိတ် ကြည်နူး
ပီတိတွေလဲ ဝေခဲ့ဖူးတယ်
တိုးတိုးတိတ်တိတ် ဖုံးဖုံးဖိဖိ
လူမသိသူမသိ ရူးမိတာပါ
မသိလိုက်မသိဘာသာနဲ့
နွံနစ်ခဲ့မှန်း
ငါကိုယ်တိုင်တောင် မသိခဲ့ဘူး
ကဗျာတွေနဲ့ ထုံးဖွဲ့သူရေ......
ငါဆိုတာ
(နင့်ရဲ့ အလံတလူလူအောက်မှာ)
လူနုံလူအ
လူပြောများတဲ့ကြားက
အဆိပ်ဆူးတွေ ၀န်းရံနေတဲ့
အဲ့ဒီ ပန်းတစ်ပွင့်ကိုမှ
တယုတယနဲ့
တွယ်တာချင်တဲ့ကောင်
ဓါးသွားထက်က
ပျားရည်စက်ကိုမှ
နှလုံးသွေးနဲ့ ရင်းပြီး
မြိန်ရည်ရှက်ရည် စားသုံးချင်တဲ့ကောင်
နင့်ရဲ့ ဟန်ဆောင်အပြုံးတု
အမုန်းထုတွေက ရင်ခွင်ကိုတိုး
ထိုးနှက်ခဲ့တဲ့ ဒဏ်ရာတွေကိုမှ
လိုချင်တက်မက်နေတဲ့ကောင်..
ချစ်သူ
အမုန်းခံလိုက်ရတဲ့
ဒဏ်ရာတွေမှာ ကုဖို့ ဆေးဆိုတာ
အစကတည်းက မရှိခဲ့ဘူး
အချစ်တစ်ခုတည်းနဲ့
နင့်တစ်မျက်နှာ တစ်ကမ္ဘာထင်ခဲ့တဲ့ ငါ
ဖွဲမီးများလို တစ်မြေ့မြေ့လောင်မြိုက်
ရင်ခွင် ဗလောင်ဆူ
သောကအပူတွေနဲ့
ငြိုးနွမ်းခြောက်သွေ့
သေလုဆဲဆဲ
ငါဖြစ်ခဲ့ရတယ်..
ထားသွားလိုက်ပါ
မုန်းမာန်တွေလဲ ဖွဲ့ခဲ့လိုက်ပါ
တားမြစ်ထားတဲ့ သစ်သီးကိုမှ
လိုချင်တပ်မက်ခဲ့မိတဲ့ငါ
ဘုရားသခင်ရှေ့မှောက်
ဒီအပြစ်တွေနဲ့ သောက်သောက်လဲလိုက်မယ်
ငါဆိုတဲ့ အမှတ်မရှိကောင်
ဟော့ဒီရင်ချောင်ချောင်မှာ
နင့်ကိုတော့ ချစ်နေဆဲ........
(A.M.Z)
ပျော်ဝင်နေတဲ့ နင်
နားလည်ရခက် တွေးရခက်လဲ
နင့်ကဗျာတိုင်းရဲ့
ကိုယ်ပိုင်အသိ ကိုယ်ပိုင်အတွေးတွေထဲ
ငါ ခိုဝင် ခံစားကြည့်ရင်း
တိတ်တဆိတ် ကြည်နူး
ပီတိတွေလဲ ဝေခဲ့ဖူးတယ်
တိုးတိုးတိတ်တိတ် ဖုံးဖုံးဖိဖိ
လူမသိသူမသိ ရူးမိတာပါ
မသိလိုက်မသိဘာသာနဲ့
နွံနစ်ခဲ့မှန်း
ငါကိုယ်တိုင်တောင် မသိခဲ့ဘူး
ကဗျာတွေနဲ့ ထုံးဖွဲ့သူရေ......
ငါဆိုတာ
(နင့်ရဲ့ အလံတလူလူအောက်မှာ)
လူနုံလူအ
လူပြောများတဲ့ကြားက
အဆိပ်ဆူးတွေ ၀န်းရံနေတဲ့
အဲ့ဒီ ပန်းတစ်ပွင့်ကိုမှ
တယုတယနဲ့
တွယ်တာချင်တဲ့ကောင်
ဓါးသွားထက်က
ပျားရည်စက်ကိုမှ
နှလုံးသွေးနဲ့ ရင်းပြီး
မြိန်ရည်ရှက်ရည် စားသုံးချင်တဲ့ကောင်
နင့်ရဲ့ ဟန်ဆောင်အပြုံးတု
အမုန်းထုတွေက ရင်ခွင်ကိုတိုး
ထိုးနှက်ခဲ့တဲ့ ဒဏ်ရာတွေကိုမှ
လိုချင်တက်မက်နေတဲ့ကောင်..
ချစ်သူ
အမုန်းခံလိုက်ရတဲ့
ဒဏ်ရာတွေမှာ ကုဖို့ ဆေးဆိုတာ
အစကတည်းက မရှိခဲ့ဘူး
အချစ်တစ်ခုတည်းနဲ့
နင့်တစ်မျက်နှာ တစ်ကမ္ဘာထင်ခဲ့တဲ့ ငါ
ဖွဲမီးများလို တစ်မြေ့မြေ့လောင်မြိုက်
ရင်ခွင် ဗလောင်ဆူ
သောကအပူတွေနဲ့
ငြိုးနွမ်းခြောက်သွေ့
သေလုဆဲဆဲ
ငါဖြစ်ခဲ့ရတယ်..
ထားသွားလိုက်ပါ
မုန်းမာန်တွေလဲ ဖွဲ့ခဲ့လိုက်ပါ
တားမြစ်ထားတဲ့ သစ်သီးကိုမှ
လိုချင်တပ်မက်ခဲ့မိတဲ့ငါ
ဘုရားသခင်ရှေ့မှောက်
ဒီအပြစ်တွေနဲ့ သောက်သောက်လဲလိုက်မယ်
ငါဆိုတဲ့ အမှတ်မရှိကောင်
ဟော့ဒီရင်ချောင်ချောင်မှာ
နင့်ကိုတော့ ချစ်နေဆဲ........
(A.M.Z)
0 မှတ်ချက်:
Post a Comment