.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, March 19, 2013

... ချစ်သူ ....



အချစ်က 
ဂရုစိုက်မူ့တွေ အေးစက်သွားရင်
မနွေးထွေးနိုင်တော့ ဘူး........

လစ်လျူရှု့မူ့တွေများလာရင်.....
မပျော်ရွှင်နိုင်တော့ ဘူး...........

ကတိတွေ ချိုးဖောက်လာရင်...
အရင်လို မယုံကြည်နိုင်တော့ ဘူး............

တွေ့ဆုံခွင့်တွေနည်းပါးလာရင်
ဆက်ဆံရေးတွေ မကောင်းတော့ ဘူး.........

ဟက်ဟက်ပက်ပက် မဟုတ်တဲ့  စကားတွေ....
လှိုက်လှိုက်လှဲလှဲ မရှိတဲ့  ရီ(ရယ်)သံတွေ......
ကြင်ကြင်နာနာ မဟုတ်တဲ့  နှုတ်ဆက်သံတွေက......
အနားမှာရှိနေလျှက်နဲ့  ဝေးနေသလိုမျိုးခံစားနေရတယ်...........
ချစ်နေပါလျှက်နဲ့  သူစိမ်းတွေလို မျိုး ပြုမူနေထိုင်နေကျတယ်........

တကယ်ပါချစ်သူ...........
အချစ်က 
ဂရုစိုက်မူ့တွေ အေးစက်သွားရင်
မနွေးထွေးနိုင်တော့ ဘူး........
ငါတို့  အရင်လို ဂရုစိုက်မူ့တွေနဲ့  ချစ်ရအောင်နော်...........

Orig-->့ (ပုံရိပ်စစ်)

Saturday, March 9, 2013

ှတစ်ခါတစ်လေ



ခံစားရခက်တဲ့  
တချို့လူ့ကျင့်ဝတ်ထဲမှာ
အဆိုးရွားဆုံး ကတော့ 
ချစ်သူကို ဘေးမှာထားပြီး သူငယ်ချင်းကို သတိရကြောင်းပြောနေတာတွေပေါ့ ........

နားလည်ရခက်တဲ့ 
ပုဒ်စာတွေထဲမှာ
ချစ်သူကို ချစ်တယ်ပြောပြီး 
ရည်းစားဟောင်းကို မမေ့နိုင်သေးတာတွေလည်း ပါတာပေါ့ .......

တချို့ စာသားတွေလိုပါပဲ ........
အပ်ဖျားတစ်ထောက်စာဆိုပေမဲ့ 
ဆပ်ပြာပူဖောင်းအတွက်တော့  ဘ၀ပျက်သွားစေနိုင်တယ်လေ  .....
တခါတလေ 
အဲလို အလိုက်မသိတက်ခြင်းက လည်း ချစ်သူတွေကို ပိုဝေးကွားသွားစေနိုင်တယ်မဟုတ်လား  .......

မူရင်းပိုစ် ... (ပုံရိပ်စစ်)

I WANT TO DIE

I want to die. What is the use of staying alive?
What is the purpose of my life?
When I am always living with so much strife.
I can't  go on living this way.
I can't  stand boring day, after boring day.
Just watching my life waste away.
You must think I am a drama queen,
You haven't  been there, you haven't  seen
The disaster my life has been.
I know death is part of living, but all I know
Is that I will be quitting my life,
which has no meaning.
I want death to take over,
I want to go being sober,
Knowing what I am doing,
Aware of where I am going.
No need for drugs, no need to disguise
The feeling certain death will arise.
I will go quietly, no one will know
Just let me sleep, and not wake up tomorrow.
I want to die, don't want to cry, no one understands my sorrow...

Poem By: Midnight Rose 



Wednesday, March 6, 2013

MESsaGE ! (Massage...♥♥♥)



၁ မိနစ်ကြာပြီးနောက်... သူ သင့်ဆီက မက်ဆေ့ခ်ျကို ဖွင့်ကြည့်နေတယ်လို့ သင်က ထင်တယ်....
၂ မိနစ်ကြာပြီးနောက်....သူ သင့်ကို မက်ဆေ့ခ်ျ ပြန်မယ်လို့ သင်က ထင်တယ်....
၃ မိနစ်ကြာပြီးနောက်...သင့်ရဲ့ ဖုန်းကို ဖွင့်ပြီး သူ့ဆီက မက်ဆေ့ခ်ျကို စတင် စစ်ဆေးတယ်...
၎မိနစ်ကြာပြီးနောက်...သူ ဘာလို့ မက်ဆေ့ခ်ျပြန်တာ ဒီလောက်နှေးလဲ သင် စတင် စဉ်းစားတယ်....
၅ မိနစ်ကြာပြီးနောက်.... သူ သင့် မက်ဆေ့ခ်ျကို မမြင်လို့ ဖြစ်မယ်ဆိုပြီး သင့်ကိုယ်သင် နှစ်သိမ့်တယ်...
၆မိနစ်ကြာပြီးနောက်...ဖုန်းကိုကိုင်ပြီး...မက်ဆေ့ခ်ျပြန်လာမှာကို ခဏစောင့်တယ်....
၇ မိနစ်ကြာပြီးနောက်....ဖုန်းကို ထုတ်ကြည့်ပြီး ကြာလိုက်တာလို့ သင်ထင်တယ်....
၈ မိနစ်ကြာပြီးနောက်... သင်စိတ်ပူပန်စ ပြုလာတယ်...သူ မက်ဆေ့ခ်ျ မပြန်တော့ဘူးလို့ ထင်သွားတယ်...
၉ မိနစ်ကြာပြီးနောက်...သူ့ဆီကို မက်ဆေ့ခ်ျ ထပ်ပို့ရင်ကောင်းမလား သင် စဉ်းစားတယ်....
၁၀မိနစ်ကြာပြီးနောက်... မက်ဆေ့ခ်ျ ရိုက်လိုက်တယ်...နောက်ဆုံး ပို့ခါနီး ပြန်ဖျက်လိုက်တယ်...

မိနစ် ၂၀ ကြာပြီးနောက်...သင်စိတ်မကောင်း ဖြစ်စ ပြုလာတယ်....
မိနစ် ၃၀ကြာပြီးနောက်... သူ့ရဲ့ မက်ဆေ့ခ်ျ ပြန်လာမှာကို မျှော်နေမိပြန်တယ်...
မိနစ် ၄၀ ကြာပြီးနောက်...နောက်ဆုံးမှာ သူ့ကို နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်တယ်....
မိနစ် ၅၀ ကြာပြီးနောက်....နဂိုတုန်းက ကြည်လင်နေတဲ့ စိတ်ကလေး... အရောင်ဆိုး ဖျက်ဆီး ခံလိုက်ရတယ်...
အခု ၁ နာရီရှိသွားပြီ....သူ့ဆီက မက်ဆေ့ခ်ျကို မျှော်သာမျှော် ပေမဲ့  မပေါ်လာသေးဘူး...

နာရီအနည်းငယ်ကြာတော့... သင့်ရဲ့ အကြင်နာ စိတ်ကလေးက သင့်ကို မျှော်လင့်ချက် ပေးလာပါတယ်...
နောက်တခါ ဟန်းဖုန်းကို ဖွင့်ကြည့်လိုက်တယ်... သူ့ဆီက စာပြန်လာပါတယ်....
သင့်ကို ဘာဖြစ်လို့လဲ လို့မေးပါတယ်... စိတ်ထဲမှာ စောစောကလောက် မတင်းမာတော့ဘူး... ဒေါသ နဲနဲ ပြေသွားတယ်... ဒါပေမဲ့ သူ့ကို ဘယ်လို စာပြန်ရမှန်းမသိဘူးဖြစ်နေတယ်...
ဘာလို့လဲဆိုတော့ သူ့ဆီ စာပို့တုန်းကလို ပျော်ရွှင်တဲ့ ခံစားချက်မျိုး သင် ပြန်မရတော့ဘူးလေ....

သူ သင့်ကို စာပြန်လာပြီလေ...ဒါပေမဲ့ သင့်ကိုယ်သင် သနားပြီး စာမပြန်တော့ဘူး....အကြာကြီးစောင့်နေခဲ့တာ သူ့ဆီက မက်ဆေ့ခ်ျပဲ မဟုတ်လား....
သူ့ကိုလဲ စောင့်စားခြင်းရဲ့ ခံစားမှုကို နားလည်စေချင်တယ်လေ..ဒါပေမဲ့ သင် မခံစားနိုင်ဘူး...သူ့ကို မက်ဆေ့ခ်ျ မပြန်ပဲ မနေနိုင်ပြန်ဘူး....

ဒါပေမဲ့သင် သူ့ဆီကို စာပြန်လိုက်တဲ့နောက်...ပြန်ရလိုက်တာကတော့ အကြာကြီး ထပ်မံ စောင့်စားရခြင်းပါပဲ....

တကယ်တော့ နောက်တစ်ခါ ပြန်ပြီး စောင့်စားနေရတဲ့ သူနဲ့ သင် မထိုက်တန်ပါဘူး....

သူ အရမ်းအလုပ်များတယ်ဆိုတာ သင်သိရင်...သူ့ကို အနှောင့်အယှက် မပေးသင့်ဘူး....
သူ အလုပ်မများဘူးဆိုတာ သင်သိရင်... သင့်ကို စာပြန်တဲ့ နှုန်းက အတိုင်းထက် အလွန် မနှေးသင့်ဘူးလေ...

သင့်ကို သူ လုံးဝ ဂရုမစိုက်တာ သင်သိသင့်တယ်....
သူ အဲလောက် စာပြန်တာ နှေးနေတာ ဘာလို့ အသည်းအသန် သူ့ကို စာပို့နေမှာလဲ....

မိမိကို တကယ် ဂရုစိုက်တဲ့သူဆိုတာ ဘယ်လောက် အလုပ်များများ...နည်းလမ်းရှာပြီး စာပြန်တယ်....
မိမိကို အလေးထားတဲ့ သူဆိုတာ သူ့ကို လိုက်၇ှာပြီး သတိပေးစရာမလိုဘူး.... သူ့ဘာသာ အလိုအလျောက် သင့်ကို သတိရနေတတ်တာမဟုတ်လား.....

မူရင်းပို့စ် -->> (ဇေယျာ) စာပေခရီးသွားခြေလှမ်းများ

Saturday, April 16, 2011

.. တိတ်တိတ်လေးပါပဲ ....

အပြုံးလေးတစ်ချက်အတွက်
အရှုံးပေးရဲတဲ့သူ
အကြည့်တစ်ချက်အတွက်
အသက်ဆက်မယ့်သူ
လျှို့ဝှက်တဲ့အလှတရားအတွက်
ကဗျာတွေသီကုံးပေးတက်သူ
မြတ်နိုးရသူရဲ့စကားတစ်ခွန်းအတွက်
တစ်လောကလုံးကိုရင်ဆိုင်ရဲတဲ့သူ
သောကမျက်ရည်စက်တွေအတွက်
ရင်ကွဲမတက်နာကျင်ခဲ့ဖူးသူ
ချစ်သူလေးရဲ့အလိုကျ
နှလုံးသားကို စတေးထားတဲ့သူ
မဖြစ်နိုင်တဲ့အနေအထားတွေကို
မကြာခဏမေ့သွားတဲ့သူ
ခံစားချက်တွေကို မျိုသိပ်ထိန်းချုပ်ရင်း
တိမ်ပြိုမိုးကို ကြောက်ခဲ့သူ
ဆုတောင်းမကောင်းတဲ့ဘ၀မှာ
နှလုံးသားကိုသော့ခတ်ထားတဲ့သူ
ဘ၀တစ်ခုမြင့်မားစေဖို့
ကျေနပ်စွာကျန်နေခဲ့တဲ့သူ
အဝေးရောက်အကြည့်တွေနဲ့
အဆွေးသမားတစ်ယောက်ဖြစ်ခဲ့သူ
မြတ်နိုးရတဲ့ပန်းတစ်ပွင့်အတွက်
ဥယျာဉ်မှုးဖြစ်ခဲ့သူ.......♥

Friday, April 15, 2011

ညတစ်ညရဲ့ ငိုသံ

ညတစ်ခုတိတ်ဆိတ်စွာ အထီးကျန်လွန်းလှတယ်
ကောင်းကင်ကိုမော့ကြည့်တော့ ...
ကြယ်တွေကတောင်အဖော်မပြုနိုင်ကြဘူးလေ
လမင်းကိုမျှော်မိပြန်တော့ ...
ကြယ်မရှိတဲ့ကောင်းကင်မှာ မရှင်သန်ချင်ဘူးတဲ့
သြော် ...... အဖော်မဲ့လိုက်ပုံများ........
စိတ်တွေကလဲကိုယ်နဲ.မကပ်အောင်
လွင့်ထွက် လေပေနေပြီကောင်းကင်ရေ ...
အဖော်မဲ့လွန်းလို. ကြည့်လိုက်ခါမှ ...
ကြယ်မစုံ လမရှိတဲ့ကောင်းကင်နဲ.မှပက်ပင်းတိုးရတယ်လို. .....
ကံကြမ္မာရဲ.ပြင်းထန်တဲ့ရိုက်ချက်ကို
သက်ပြင်းချပြီး ခုခံလိုက်တယ် ...
ဒါကိုကဗျာဆန်စွာ ပြောလိုက်တာ ...
"ညတစ်ညရဲ.ငိုသံ" တဲ့
ဒီညမျိုးကနေ ရုန်းထွက်ဖို.ကြိုးစားနေသူအတွက်
ကျေးဇူးပြုပြီး ..........
မနက်ခင်းရဲ.လှပမှုဆီသို. ပို.ပေးလှည့်ပါ ......

(joukjack)

Friday, April 8, 2011

.. For You ...


အဝေးကြီးကိုလည်း
ထွက်မပြေးရဲဘူး ..
အနီးနားမှာလည်း
ငါ…မဖြစ်နိုင်ဘူး ..

တိတ်တဆိတ်လေး
ချစ်ခဲ့တယ် ..
တိတ်တဆိတ်လေးပဲ
မင်းဆံနွယ်တွေ နား
ငါ မူးမိုက်နေခဲ့တယ် ...

မင်းပတ်ဝန်းကျင်
မင်းကောင်းကင်မှာ
လင်းနေသမျှ
လှနေသမျှ
ကြယ်တစ်ပွင့်သာ မင်းဆိုရင်
အခန်းဆီးနောက်ကွယ်က
အမြဲခိုးကြည့်မိသူက ငါပါ ...

တိတ်တဆိတ်ပဲ ငါချစ်ခဲ့တယ်
တိတ်တဆိတ်ပဲ ငါလွမ်းနေတယ်
တိတ်တဆိတ်လေးပဲ ကြည်နူးမိတယ်
တိတ်တဆိတ်လေးပဲ မင်းအနားက ငါထွက်ခွါခဲ့တယ်
တိတ်တဆိတ်ပဲ နာကျင်မှုလေးတစ်ချို့ ငါရခဲ့တယ် ...

ကြယ်ရောင်ပျောက်တဲ့ညမှာ
ငါ့အချစ်တွေ အလွမ်းတွေနဲ့
ကြည်နူးခြင်းတွေကို
တိတ်တဆိတ်လေး အာခေါင်ခြစ်အော်ညည်းပေမယ့်
မျက်ရည်တစ်စက်က ငါ့ပါးပြင်ပေါ်လာကျတယ် ...

မင်းမရှိတဲ့ အခါမှ
ရင်ဖွင့်ပြရဲတဲ့ သတ္တိက
ငါ့နာကျင်မှုလေး ပါပဲကွာ ....

Tuesday, April 5, 2011

လွဲမှားမှု

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာပေါ့ .......
ငါတစ်ယောက်တည်းပါ
                      ငေးတရ်...............
                                        ငိုင်တရ်...............
                                                      ဆွေးတရ်.............
တစ်ဆက်ထည်းမှာပဲ ........ နာကြည်းတရ်................
နောက်ဆုံးတော့ ငိုကြွေးတရ်.........
လရောင်သာ ခပ်မှိန်မှိန်ထင်နေတဲ့ ဒီအခန်းထဲမှာ
နာရီသံ တချက်ချက်ရယ် ငါ့ရှိုက်သံရယ်က လွဲလို့ ဘာမှမရှိဘူး
ငါ့ကိုနှစ်သိမ့်အားပေးမဲ့ မျက်ဝန်းအစုံမရှိဘူး.........................
ငါ မျက်နှာအပ်ငိုစရာ ရင်ခွင်ကျယ်ကြီးမရှိဘူး.......................
ငါ့မျက်ရည်တွေကို ကြင်နာယုယစွာသုတ်ပေးမဲ့ သူမရှိဘူး................
ငါ့လက်အစုံကို နွေးထွေးစွာ ဆုပ်ကိုင်အားပေးမဲ့ လက်အစုံမရှိဘူး .............
ငါဟာ သနားစရာကောင်းတဲ့ သတ္တ၀ါတစ်ကောင်လား..............????????
ငါဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သူတစ်ယောက်လား............???????
ဒါမှမဟုတ် ငါဟာ လူအများက ရှုံချခံရမဲ့ သူတစ်ယောက်လား……… ??????


                           သေချာတာတစ်ခုကတော့ ငါက အပယ်ခံတစ်ယောက်ပါ

ဒီလိုနဲ့ပဲ ငါ……….. ငေးတရ် ငိုင်တရ် ဆွေးတရ်…
ငေးရင်း ငိုင်ရင်း ဆွေးရင်းနဲ့ပဲ…………………
ဟော……………… မိုးလင်းလို့သွားပါပြီ
”ဟဲ့…. ထတော့လို့ “ တဒုံးဒုံးထုပြီး နှိုးမဲ့သူမရှိဘူး
နှိုးလာပြီလားလို့ မေးမဲ့သူလည်းမရှိခဲ့ပါဘူး …..
မရှိတာတွေထဲကမှ ရှိနေတဲ့အရာတွေကတော့
ဥပက္ခာ ပြုထားကြတဲ့ မျက်ဝန်းအစုံတွေရယ်………
ဥပက္ခာ ပြုထားကြတဲ့ အရိပ်တစ်ချို့ရယ်ပေါ့…………
လူစင်စစ်ကနေ ၀ိညာဉ်တစ်ကောင်အသွင်
ချက်ချင်းပြောင်းသွားတဲ့ ငါ့ကိုငါ
အလန့်တကြား မှန်ထဲကြည့်လိုက်မိတရ်……..

  ထိုနောက်မှာပဲ…………….
                     ငါစားသုံးတရ်………………..
                                           မြိန်ယှက်စွာ စားသုံးတရ်………………..
  မနက်စာတော့မဟုတ်ပါဘူး

                                ငိုသံတွေ ရောယှက်နေတဲ့ နာကြည်းမှုတစ်ခုကိုပေါ့


(karyan) 

Monday, April 4, 2011

အမြင်ထဲကလူ

သူက ဟာသတွေရေးတာ
သူ့စာတွေဖတ်ရတာ ပျော်စရာကောင်းတယ်ဆိုတာနဲ့ပဲ
သူဟာအမြဲ ပျော်ရွှင်နေမယ့်လူလို့ ထင်လား....

တွေ့ကြုံလာရတဲ့
အကောင်းအဆိုးအားလုံးကိုလဲ
ပျော်ပျော်လေးနဲ့ ခံယူတတ်တာနဲ့ပဲ
သူက ဘာမှအလေးအနက်မရှိဘူး ပေါ့ပျက်ပျက်ပဲလို့ ထင်လား...

ရင်ထဲမှာဘာပဲဖြစ်နေဖြစ်နေ
ထုတ်မပြောတတ်တာနဲ့ပဲ
သူ့မှာ ခံစားတတ်တဲ့ နှလုံးသားမရှိဘူးလို့ ထင်လား...

ဘယ်တော့ကြည့်လိုက်ကြည့်လိုက်
ပြုံးရယ်နေမဲ့မျက်လုံးကိုမြင်ရတာနဲ့ပဲ
အဲဒီမျက်လုံးမှာ မျက်ရည်မရှိနိုင်ဘူးလို့ ထင်လား...

အမြဲတမ်း ပေါ့ပါးသွက်လက်ပြီး
ပျော်ပျော်နေတတ်တဲ့သူ့လို ဖြစ်ချင်လိုက်တာလို့လဲ မတွေးလိုက်နဲ့ဦး
သူ့မှာ ဘယ်သူမှမသိနိုင်တဲ့ အခက်အခဲတွေ၊ ပူပင်သောကတွေ၊ နာကြည်းချက်တွေ
ရှိနေနိုင်တယ်လို့ရော မထင်မိကြဘူးလား....

တစ်ခါတစ်လေမှာ ထင်တာနဲ့ မြင်လိုက်ရတာ လွဲတတ်သလို
မြင်လိုက်ရတာနဲ့ လက်တွေ့ဘ၀ဟာလဲ လွဲနေတတ်ပါတယ်..

 ( မေပျို )

.. no money ... no honey ..


ငွေဆိုတဲ့ ခေါင်းစဉ်အောက်က 
ခမ်းနားမှုတွေကိုမှ 
မင်းက မက်မောတာလား 
ဒါဆို ... 
အညတည ဂုဏ်ဒြပ်တွေနဲ့ 
စုတ်ပြတ်နေတဲ့ ခပ်မွဲမွဲငါက
အထီးကျန်ကမ္ဘာထဲမှာပဲ 
ဆက်ရှင်သန်ရဥိးမှာပေါ့ 
.. ပျော်ရွှင်ပါစေကွာ .... 
မင်းသိပ်မြတ်နိုးတဲ့
ကြီးကျယ်မြင့်မြတ်မှုတွေက 
မင်းဘ၀ရဲ့ နိဗ္ဗာန်တစ်ခုဖြစ်ခဲ့မယ်ဆိုရင်ပဲ
.. ငါကျေနပ်ပါတယ် ....

( SvP )

Monday, March 14, 2011

မင်းအတွက်

အလွမ်းအဆွေးကောင်မလေးရေ....
တကယ်တော့..
ငါဟာ...
နေတတ်သလို မနေတတ်ခဲ့တဲ့မြို့ပါ...

ဘူတာရုံဆိုတဲ့ ဝေါဟာရကို ကောင်းကောင်းနားမလည်ခဲ့သလို
အချစ်ဆိုတဲ့ အရာတစ်ခုကို ဖမ်းဆုပ်ကိုင်တွယ်လို့ ရမယ်လို့ ထင်ခဲ့တဲ့
ခပ်ညံ့ညံ့လူသားတစ်ယောက်ပါ...

ဒီနေ့ထိ...
အဝေးကဥသြသံကြားတိုင်း
ရင်ခုန်နှုန်းတွေ မြန်လာတာ ဘာကြောင့်လဲ...
အဲဒီ့ ဥသြသံတွေကပဲ တို့နှစ်ယောက်ကို
ဝေကွာသွားစေခဲ့တာပဲမဟုတ်လား...

ခုတော့...
ထပ်ခိုးနဲ့ ကြမ်းပြင်ထက်မှာ
ဖုန်အလိမ်းလိမ်းတက်နေတဲ့
ဘူတာရုံဟောင်းလေးထဲမှာ
ရုံပိုင်မရှိ...
လက်မှတ်ရောင်းသူမရှိ...
ခရီးသည်မရှိ..
တိတ်ဆိတ်ငြိမ်သက်

အဲဒီ့...ဘူတာရုံဟောင်းလေးထဲမှာ
ငါတစ်ယောက်တည်း
ဥသြသံတွေကိုနားစွင့်
ရင်ခုန်လှိုက်မောတတ်ခဲ့တာ
သုံးနှစ်သုံးမိုးတောင် မကတော့ပါဘူး...

နင်ရှိနေခဲ့တုန်းက
ပြောခဲ့တဲ့ ဟာသအပိုင်းအစတွေ...
ပြောခဲ့တဲ့ ပုံပြင်အစမ်းအပြားတွေ...
ကြားခဲ့တဲ့ စကားလုံးချိုချိုတွေကို စားသုံးရင်...
နင်ရှိနေတုန်းက အချိန်မှန် မြည်တတ်တဲ့
ဥသြသံတွေကို
ငါ...ခုချိန်ထိ
နားစွင့်နေတုန်းပဲ...

နင့်ကိုလွမ်းတဲ့ အလွမ်းအဆွေးတွေဟာ
ငါ့အတွက် အာဟာရတွေပါပဲ...
အဲဒီ့ထက်ပိုတဲ့ အာဟာရမျိုးကိုလည်း
ငါမလိုချင်ဘူး...

ငါဘယ်လောက် နင့်ကို ချစ်ခဲ့တယ်ဆိုတာ
စကားလုံးတွေနဲ့ မပြောတတ်ခဲ့တဲ့အတွက်
ငါနောင်တမရပါဘူး...

ဘယ်အချိန်ရောက်မှ
ဘူတာရုံဟောင်းလေးဆီ
နင်ပြန်ရောက်လာမယ်မသိပေမယ့်
နင့်ကို သိပ်ချစ်ခဲ့တဲ့ကောင်လေးတစ်ယောက်ရဲ့
စကားလုံးမပါတဲ့ ချစ်ခြင်းကို
သူမြို့ကလေးက ပြန်ပြောပြတဲ့အချိန်မှာ
နင်ငါ့ကို သတိတရရှိခဲ့မယ်ဆိုရင်
ငါကျေနပ်ပါတယ်...

အဲဒီ့အချိန်မှာ
ငါ့အုတ်ဂူလေးအပေါ်
နင့်မျက်ရည်လေးတစ်စက်လောက်
ချွေချပေးခဲ့ပါ...
နင်ပြန်လာတဲ့ တစ်ချိန်မှာပေါ့...


Tuesday, March 1, 2011

ပုံရိပ်

ဘ၀တွေ စုတ်ပြတ်သတ်သွားပုံများ
ကိုယ့်နာမည်ကိုယ်မေ့ရင်း
ပတ်ဝန်ကျင်နဲ့ဝေးခဲ့တရ်
ပျော်ရွှင်မှုတွေ ပါးခဲ့တရ် 
ခပ်ညစ်ညစ်အခန်းထဲမှာ
ဖုန်တွေကိုဝတ်ပြီး သံစုံအော်တဲ့ 
ကွန်အစုတ်လေးနဲ့
မိတ်မဆက်ပဲ ရခဲ့တဲ့ 
အထီးကျန်မိတ်ဆွေတွေက 
ငါ့အဖော်ပဲပေါ့ ....
..... တစ်ကယ်ပါ ...
.......... အတိတ်ဆိုတာ 
အရိပ်လိုလိုက်တက်မှန်းသိရင်
ငါအစောကြီးကတည်းက 
.. သေပေးခဲ့ပါတရ် .. 
ဒါပေမယ့် နောင်တဆိုတာ 
နောင်မှတတဲ့အမျိုးမဟုတ်လား
ပြင်ခွင့်မပြုတော့တဲ့ 
တစ်ပွေ့တစ်ပိုက်အမှားတွေနဲ့
ငါ့နေရက်တွေက
တစ်ဖြုတ်ဖြုတ်ကြွေခဲ့ရပြီ

Monday, February 28, 2011

The Paradoxical Commandments By Kent M.Keith

People are illogical, unreasonable, and self-centered.
Love them anyway ..
If you do good, people will accuse you of selfish ulterior motives.
Do good anyway ..
If you are successful, you will win false friends and true enemies.
Succeed anyway ..
The good you do today will be forgotten tomorrow.
Do good anyway ..
Honesty and frankness make you vulnerable.
Be honest and frank anyway ..
The biggest men and women with the biggest ideas can be shot down by the smallest men and women with the smallest minds.Think big anyway ..
People favor underdogs but follow only top dogs.
Fight for a few underdogs anyway.
What you spend years building may be destroyed overnight.
Build anyway ..
People really need help but may attack you if you do help them.
Help people anyway..
Give the world the best you have and you'll get kicked in the teeth.
Give the world the best you have anyway ..

====================================

လူတွေမှာ ယုတ္တိမတန်တဲ့ လုပ်ရပ်တွေ၊
သဘာဝမကျတဲ့ စဉ်းစားတွေးခေါ်ခြင်းတွေ
အတ္တဗဟိုပြုချက်တွေ ရှိနေတတ်ကြတယ်...ဒါပေမယ့် မင်း..
လူတွေကို ချစ်မြဲချစ်ပါ၊ လေးစားမြဲလေးစားပါ…

မင်း…ကောင်းတာကိုလုပ်ပါ
လူတွေက မင်းကိုစွပ်စွဲလိမ့်မယ်...
ကိုယ့်ဖက်ကိုပဲ ကြည့်တတ်တယ်၊ အတ္တသိပ်ကြီးတယ်လို့ပေါ့
ဒါပေမယ့် ...မင်း…
ကောင်းတာကိုပဲ ဆက်လုပ်မြဲလုပ်ပါ…

မင်း…အောင်မြင်လာပြီလား
မင်းမှာ မိတ်ဆွေတုတွေနဲ့ ရန်သူစစ်တွေကို ရရှိလာလိမ့်မယ်
ဒါပေမယ့် ...မင်း…
အောင်မြင်အောင်သာ ဆက်ကြိုးစားပါ..

မင်း ဒီနေ့လုပ်လိုက်တဲ့ ကောင်းတဲ့လုပ်ရပ်တစ်ခုကို
မနက်ဖြန်မှာ သူတို့ မေ့ပစ်လိုက်လိမ့်မယ်
ဒါပေမယ့်မင်း…
ကောင်းတာကိုသာ ဆက်လုပ်မြဲလုပ်ပါ…

မင်းရဲ့ ရိုးသားမှုနဲ့ ပွင့်လင်းမှုတို့က
မင်းကို ပျော့ကွက်တွေအဖြစ် ထိုးနှက်သွားနိုင်တယ်.
ဒါပေမယ့် ..မင်း…ရိုးသားမြဲ ရိုးသားပါ.
ပွင့်လင်းမြဲပွင့်လင်းပါ…

အိပ်မက်ကြီးကြီးမက်တတ်တဲ့ လူတွေကို
စိတ်သဘောထားသေးသိမ်တဲ့ လူတွေက အသရေဖျက် ပြောဆိုပြစ်တင်နိုင်တယ်
ဒါပေမယ့်.....မင်း…
အိပ်မက်ကြီးကြီး ဆက်မက်မြဲမက်ပါ…
ဘယ်သူနဲ့မှ မတူအောင် စဉ်းစားတွေးခေါ်ပါ..

နှစ်လကြာရှည် ကြိုးစားတည်ဆောက်ခဲ့ရတဲ့ မင်းအိပ်မက်တွေ
ညတွင်းချင်း ဖြိုလှဲ ဖျက်ဆီးခံရလိုက်နိုင်တယ်.
ဒါပေမယ့်......မင်း…ဆက်လက်တည်ဆောက်မြဲ တည်ဆောက်ပါ…

လူတွေ မင်းရဲ့ အကူအညီလိုအပ်တယ်
ဒါပေမယ့် ကူညီတတ်တဲ့ မင်း ကို ပြန်လည်တိုက်ခိုက်နိုင်တယ်.
ဘာပဲဖြစ်ဖြစ်ပေါ့ ....လူတွေကို ဆက်လက်ကူညီပါ…

ကမ္ဘာကြီးအတွက် မင်းမှာ ရှိသမျှ အကောင်းဆုံးတွေ ဖြန့်ဝေပေးဆပ်ပါ.
မင်းကို ပြန်လည်တိုက်ခိုက်ခံရတာမျိုး ကြုံတွေ့ရနိုင်တယ်.
ဒါပေမယ့် ....မင်း…အားလုံးအတွက် အကောင်းဆုံးတွေ
ဆက်လက် လုပ်ဆောင်မြဲ လုပ်ဆောင်သွားပါ…

( ဒီကဗျာလေးကို Kent M. Keith က ရေးခဲ့တာပါ. ..ဟားဗတ် တက္ကသိုလ်မှာ တက်နေရင်း အသက် ၁၉နှစ်အရွယ်မှာ စတင်ရေးသားခဲ့တာဖြစ်ပါတယ် )

Tuesday, February 22, 2011

ရင်ထဲကပဲ့တင်သံ



ဆုံးဖြတ်ပိုင်ခွင့်မရှိသူကိုမှ
ဘာကြောင့်များ ရွေးချယ်ခိုင်းရတာလဲ...
ငါက အဆိပ်မိနေတဲ့လူတစ်ယောက်
ရွေးချယ်စရာလမ်းဆိုတာ
ရှိသေးလို့လား ချစ်သူ…။

သနားတယ်ဆိုတဲ့ မင်းရဲ့အကြည့်တွေ
မင်းကျေနပ်ရင်ပြီးတာပါပဲ˝ဆိုတဲ့
လိုက်လျောမှုတွေ
ရုပ်သေးရုပ်တစ်ခုလို ငါ့ကိုပုံသွင်း
တကယ်တော့ ...
ငါ့အသဲနှလုံးကိုခြွေနေခဲ့တာ...။

တစ်ရက်ပြီးတစ်ရက်တိုးတိုင်း
တိုးလာတဲ့ရက်တွေနဲ့ထပ်တူ
ပိုချစ်တတ်လာတဲ့ငါ့နှလုံးသား
အလွမ်းတွေကိုလည်း မရှောင်နိုင်ဘူးလေ
နောက်ဆုံးတော့ ...
နာကျင်မှုတွေကို ခံစားရပြန်တယ်
ကြွေလွယ်သူကိုမှခြွေလွယ်ခဲ့တာလားကွာ...။

မင်းဘက်ကတော့..
ရိုးသားတဲ့နေရာမှာ
ကလေးတစ်ယောက်လိုပဲနေခဲ့တယ်...
တစ်နေရာထဲရောက်ဖို့ 
မတုညီတဲ့ လမ်းနှစ်သွယ်က ရှိတက်စမြဲပါ...
ဒါပေမဲ့...ချစ်သူရယ်
ငါ့အိပ်မက်တွေ အကန့် သတ်မရှိကုန်ဆုံးသွားခဲ့ပါပြီ...။

                                                                                  (A.M.Z)

Tuesday, February 15, 2011

နောက်ဆုံးလမ်းခွဲ



ချစ်သူရယ်...
မင်းဖက်ကဘယ်လိုပဲပြောင်းလဲခဲ့ပါစေ..
ငါ့စိတ်အစဉ်မှာတော့
မင်းကိုချစ်တဲ့စိတ်တွေ...သံယောဇဉ်ထားခဲ့တာတွေကို
နဲနဲလေးမှ မလျှော့ခဲ့ပါဘူး...
ငါသေတဲ့အထိစွဲမြဲခိုင်မာနေမှာပါ...
ဒါပေမယ့် ...အခုမင်းသိပ်ဖြစ်စေချင်တဲ့ဆန္ဒနဲ့
ငါတို့ နှစ်ယောက်
တစိမ်းသူတွေလိုဖြစ်ပျက်ခဲ့ကြပြီပဲလေ...

ချစ်သူရယ်...

ငါသိပ်သိချင်ခဲ့တာ
မင်းနဲ့ငါ မတွေ့တော့တဲ့နောက်ပိုင်းမှာ
မင်းဘာတွေလုပ်နေခဲ့သလဲဆိုတာ...
မင်းနဲ့ ပတ်သက်ခင်မင်ခွင့်ရခဲ့တာလေးတောင်
င့ါ ကိုနဲနဲလေးမှ မင်းစိတ်ထဲမှာ
စာရင်းသွင်းမထားတော့ဘူးလား...
ငါကဘာတွေများ မင်းကိုအကြီးမားဆုံး
အပြစ်တွေကျူးလွန်မိပါလိမ့်လို့
အခါခါတွေးနေမိတယ်.....

ချစ်သူရယ်...

မင်းကို သံယောဇဉ်ရှိခဲ့တဲ့အချိန်ကစလို့
ငါ့စိတ်က မင်းကို အမြဲစိတ်ချမ်းသာစေချင်တာ

Sunday, February 13, 2011

အရာအားလုံးရဲ့ တစ်ဖက်စွန်းမှာ


ငါဆိုတဲ့ကောင်က နင့်အတွက်...
ဘာမှ မဟုတ်ခဲ့ပေမဲ့
ငါ့အတွက်တော့ ဘ၀တစ်သက်စာပါပဲ...
ဒါပေမဲ့ ...အမှတ်မှမရှိတာ..
ပြောမှသိ ထိမှနာ.....
အရိပ်ပြ လို့ အကောင်မထင်တဲ့ကောင်
လူတကာနဲ့ ယှဉ်လာရင်တောင်
မင်းအမြင်မှာ ငါဟာအမြဲနိမ့်ကျနေခဲ့တယ်..
တားမြစ်ထားတဲ့ အရာကိုမှ
စိတ်ဝင်တစားနဲ့  လုပ်ချင်နေတာကို...
ဆုပ်လည်းဆူး... စားလည်းရုးဆိုတဲ့
ပဒိုင်းသီး လိုဖြစ်နေပြီ...

ခံလိုက်ဦးပေါ့..ငမိုက်သားရယ်
မတွေ့ ချင်လို့ ရှောင်ဖယ်ကာ
ပုန်းနေမှန်း သိနေလည်း
သူ့ ကိုတွေ့ ချင်စိတ်က
ရင်မှာထာဝစဉ်...အကြင်နာတွေတပုံတပင်နဲ့ ပေါ့

Friday, February 4, 2011

ရင်ကွဲရသ


တစ်ချိန်တခါတုန်းက......
ငါ့ဘ၀ထဲမှာ
ရင်ခွင်ဗလာနဲ့ 
အချစ်ဆိုတာမရှိ
အလွမ်းနတ္ထိနှင့်
ဤကမ္ဘာပေါ်ဝယ်
ဖော်သူကင်းမဲ့တဲ့
ငါလိုလူသား
တစ်ယောက်ထဲပဲ
ရှိနေအလား
ငါ၏စိတ်၌ထင်ကျန်နေလေရဲ့ ...

သို့ ပေမဲ့လည်း......
သူ(မ)နဲ့ တွေ့ ခိုက်
တစ်ခဏ၌
ချစ်စိတ်တွေက
ပေါက်ဖွားရှင်သန်
ရှေးကံအတိတ်

ဖြစ်တည်ခဲ့သော်.......
မေတ္တာသက်ဝင်
ငါ့နှလုံးအိမ်၌
သံယောဇဉ်ကြိုး
နှောင်ဖွဲ့ ထုံး၍
မသိစိတ်ဝယ်
အချစ်နွံမှာ
နစ်မွမ်းခဲ့ရပြီ...

ချစ်သူသိပါစေ

ကာရံမဲ့ကဗျာတွေထဲ
ပျော်ဝင်နေတဲ့ နင်
နားလည်ရခက် တွေးရခက်လဲ
နင့်ကဗျာတိုင်းရဲ့
ကိုယ်ပိုင်အသိ ကိုယ်ပိုင်အတွေးတွေထဲ
ငါ ခိုဝင် ခံစားကြည့်ရင်း
တိတ်တဆိတ် ကြည်နူး
ပီတိတွေလဲ ဝေခဲ့ဖူးတယ်
တိုးတိုးတိတ်တိတ် ဖုံးဖုံးဖိဖိ
လူမသိသူမသိ ရူးမိတာပါ
မသိလိုက်မသိဘာသာနဲ့
နွံနစ်ခဲ့မှန်း
ငါကိုယ်တိုင်တောင် မသိခဲ့ဘူး


~ ဆောင်းအိပ်မက် ~

အလွမ်းရဲ့ ညထဲ
ချစ်သူ့ ခေါ်သံ
သဲ့သဲ့လေးကြား
ငါ့နှလုံးသားထဲ
လေပြေသွေးလို့ 
တိုးဝှေ့ ကျီစယ်
ထင်ရောင်ထင်မှား
ရင်ထဲလှိုင်းခတ်
အလွမ်းတောင်ဘို့ 
ပြိုကျမတတ်.....
နောက်ဆုံးတော့လည်း....
မပီပြင်ဝိုးတ၀ါး
ဆောင်းအိပ်မက်လို
ဖြစ်ခဲ့ရပီ.......

(AMZ )

~ အမေ့အလွမ်း ~

အမေရယ်... လွမ်းလိုက်တာဗျာ...
ဟိုးအတိတ်ဆီက..
အဖြူရောင်ပုံရိပ်…
ကျွန်တော့် ငယ်ဘ၀ နယ်နမိတ်တွေမှာ
အမေဆိုတာ ကျွန်တော့်အတွက် သူရဲကောင်းထက် ပိုမှာပါ
လူငယ်ပီသစွာ အစွမ်းကုန် ပျံသန်းခဲ့မိလေသမျှ
ကျွန်တော့်ရဲ့ အိမ်ပြန်ချိန်တွေဟာ
တန်ဖိုးကြီးလွန်းတဲ့ ကိုယ်ပိုင်အသုံးအဆောင်တစ်ခုပမာ
အမေ့ရင်ခွင်ထက်ဆီမှာ..
ငြိတွယ်လာတယ်..

အမေရယ်.. လွမ်းလိုက်တာဗျာ…
အလွမ်းတွေ တနင့်တပိုး ထမ်းပိုးထားရင်းက
သုံးနှစ်သုံးမိုးတောင်ပြည့်ခဲ့ရတယ်
ကျရာတာဝန်တွေနဲ့ လုံးပမ်းနေရင်း
ကျွန်တော့်အတွေးတွေက
အမေ့ဆန္ဒ ပြည့်ဝရမယ်..

အမေရယ်... လွမ်းလိုက်တာဗျာ...
လောကရဲ့ ပညတ်ချက်တွေကြား
မသိနားမလည်တဲ့ ကျွန်တော်ဟာ
အမေ့အတွက်တော့
သိုးငယ်လေးပါ
အဲ့ဒီ အားမလိုအားမရ