ကျွန်တော် အကြိုက်ဆုံးအရောင်က အနက်ရောင်လေးးးပါ .. အဲဒီအရောင်နဲ့ပတ်သတ်လို့ ရေးထားတာလေးတွေ့လို့ တင်ပေးလိုက်တယ် .. သူနဲ့ဆန့်ကျင်ဘက်အရောင်ဖြစ်တဲ့ မိတ်ဖတ် အဖြူရောင်လေးပါ တစ်ခါတည်းထည်ပေ့းလိုက်တယ် .. ဖတ်ကြည့်လိုက်ပါဥိး
အနက်ရောင်
အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှိတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။
အဖြူရောင်
အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။
သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပဲ တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ်ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှုကို မြင်နေရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင်ချစ်တတ်တယ်။
တစ်ခါတလေမှာ မေ့လျော့တာက ကိုယ့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးလာနိုင်တယ်။
ဘယ်အချိန်မှာ သယ်ဆောင်ပေးနိုင်သလဲ?
တစ်ယောက်ယောက်က ကိုယ့်ကိုထိခိုက်နာကျင်အောင် လုပ်တဲ့အချိန်.. အဲဒီနာကျင်ခြင်းတွေကို မေ့ထားလိုက်ပါ။ ကိုယ့်ကိုထိခိုက်နာကျင်အောင် လုပ်သူက ကိုယ့်ကိုမလိုမုန်းထားလို့ဖြစ်တယ်။ အဲဒီထိခိုက်တာကို စိတ်ထဲထားပြီး တမြေ့မြေ့ခံစားတာက ကိုယ့်ကိုယ်ကို နှိပ်စက်နေတာနဲ့ အတူတူပဲ။ သူက ကိုယ့်ကိုထိခိုက်နာကျင်အောင်လုပ်ခဲ့ပြီပဲ ဘာဖြစ်လို့ အဲဒီနာကျင်တာကို ကိုယ့်စိတ်ထဲထားပြီး ကိုယ့်အပေါ် သူပြုမူခဲ့တာကို တသသနဲ့ ခံစားနေဦးမလဲ!
ဒါကြောင့် မှတ်ဉာဏ်မကောင်းသူတွေက တခြားလူထက်ပိုပျော်ရွှင်ကြသလို လူများတွန်းတိုင်းလည်း လဲကျသွားတတ်သူ မဟုတ်ခဲ့ဘူး။
မူရင်း မနိုင်းနိင်း

ကျွန်တော်တို့ အပီးသတ်ဒီကိစ္စလေးတစ်ခုကို ဆက်မလို့ လုပ်နေတာကြာပါပီ အချိန်တွေ ကြာလာပေ့မယ့် ရာသီတွေ ဟောင်းနွမ်းမသွားသေးတဲ့ ဒဏ်ရာတွေကြောင့် ဧဒင်ဥယျာဉ်ကြီးထဲ့မှာ မျောနေမိတဲ့ အကြောင်းတွေ ကြောင့်ပဲ ဒီပို့စ်ကို အသက်မဆက်နိင်ဘူး ဖြစ်နေတာပါ.ဒီနေ့တော့ ဒီပို့လေးကို ဆက်ပီးတော့ အသက်သွင်းလိုက်ပါတယ်။ ကျွန်တော် တို့ မြန်မာတွေ အကျင့်လေး ကိုပြောရင်းနဲ့ ဒီခေါင်းစဉ်လေးကို ဆက်ပီး အသက်သွင်းချင်ပါတယ် ဘယ်သူကိုမှ ပုတ်ခတ်ပြောတာမဟုတ်ပါဘူး အဲ့လိုလည်း ရည်ရွယ်ချက် မကောင်းတဲ့ စိတ်ထား မျိုးလည်း ကျွန်တော့်ထားပီးရေးတာ မဟုတ်သလို့ ကျွန်တော့မှာ မရှိပါဘူး ။
ကျွန်တော်တို့တွေက အလုပ်တခုလုပ်တော့မယ်ဆိုရင် အချိန်ကို ဆွဲဆန်သွားကြတယ် ဘယ်လိုဆွဲဆန်သွားလည်းဆိုတာကတော့ ခုပီးမယ့် အလုပ်ကို ခု မလုပ်တာပါပဲ့ ။ပညာရပ်တခုကို သိချင်လို့ လေ့လာတယ် ဒီအပိုင်းလေးကို အချိန်လည်းရတယ် ဒါပေ့မယ် ရနိင်တဲ့ အချိန်ထိ ဆွဲသွားတက်တဲ့ အကျင့်ပါ။ အဲ့ အကျင့်က မကောင်းပါဘူး ဒီနေရာမှ ပြန်ထောက်စရာ စကားရှိပါတယ် အဲ့ စကားကတော့ သိချင်တာ တခုရှိရင် ကောက်ရိုးမီးလိုပဲ့ တပူတပြင်းလိုက်ရှာရမှာလားဆိုတဲ့  စကားပါ. အဲ့လို မျိုးလည်း မဟုတ်မဖြစ်စေချင်ပါဘူး သိချင်တာကို သိဖို့ တက်ချင်တာကို တက်ဖို့ အချိန်ဆိုတာကို နောက်မဆုတ်ပဲ့ သေချာလေ့လာဖို့ကို ဦးတည်ပြောချင်တာပါ။
ကျွန်တော်တို့ ပုံပြင်တပုတ်ကို ကြားဘူးတယ်ဗျာ အဲ့ထဲ့မှာ ဖိုးသူတော်နဲ့ ပတ်သတ်တဲ့ ပုံပြင်လေးပါ ။ဖိုးသူတော်က တောင်တွေ တော်တွေ ထဲ့ ဖြတ်သွားရင် ဗိုက်ဆာလို့ လယ်ထဲ့မှာ ဆိုက်ထားတဲ့ ပြောင်းဘူးကို ခိုးစားတယ် ပြောင်းဘူးက အစေ့ မစုံဘူး။ အဲ့တာကို သူက စဉ်းစားတယ် ဘာလို့ အစေ့ မစုံတာလည်းလို့ ပြောင်းဘူးကို ဖိုးသူတော်မေးတော့ အပင် မသန်လို့ တဲ့ အပင်ဘာလို့ မသန်တာလည်း ဖိုးသူတော်က ဆက်မေးတော့ မြေသြဇာမကောင်းလို့ တဲ့ မြေသြဇာ ဘာလို့ မကောင်းတာလည်း ဆက်မေးတော့  မိုးမမှန်လို့ တဲ့ မိုးနဲ့ ရာသီဥတုက ဘာလို့ မမှန်တာလည်းဆက်မေးတော့ ဘုရင်မင်းမြတ်က မင်းဝတ်တရား ၁၀ ပါးနဲ့ မညီလိုတဲ့ ဘုရင်မင်းမြတ်က ဘာလို့ မင်းဝတ်တရား ၁၀ ပါးနဲ့ မညီတာလည်းလို့ မေးလိုက်တော့ ကျွန်တော်ကိုးကွယ် နေတဲ့ လူတွေကိုက ကြည့်ပါလား ပြောင်းဖုးက အစ ခိုးစားနေတာ မလို့ ပေါ့ လို့ ပြောလိုက်တယ်။
နောက်ဆုံးတော့လည်း မိမိကိုယ်တိုင် မကောင်းလို့ပါပဲလား။ ဘာကိုပြောချင်တာလည်းဆိုတော့ လောကမှာ ဘာကိုပဲ့လုပ်လုပ် ဘာပဲ့မှားမှား ဘယ်သူပြုပြုမိမိမူပါ့ပဲ့ ။ သူများကောင်းတာ မကောင်းတာကို လိုက်ကြည့်နေရင်လည်း အဓိကက ကိုယ်ကိုတိုင်မကောင်းနိင်သေးလို့ပါပဲ့ ။ အဲ့တော့ ကျွန်တော်တို့ ကိုယ်တိုင် တရားကိုလည်းရှာ ပညာကိုလည်းရှာ ရပါ့မယ် ဘယ်လို ရှာကြမလည်းဆိုတာတော့ တစ်ယောက်နဲ့ တယောက် time Table ချင်းမတူပါဘူး အယူအဆ ခံယူချက် ရည်မှန်းချက် ရည်ရွယ်ချက်တွေလည်းမတူနိင်ပါဘူး တူဖို့လည်းမလိုပါဘူး ဒါပေ့မယ် သေချာတူနိင်တာတခုတော့ ရှိရမယ် ။ တိကျတဲ့ ကိုယ်ပိုင် ဆန္ဒ တခုတော့ ကိုယ်စီကိုယ်စီ ရှိတာကိုတော့ တူကြရမယ် ။ ဘာလို့ ဒီစကားတွေ ပြောနေတာလည်းဆိုတော့ အချိန်ရဲ့ သဘောတရားကို နားလည်အောင်လို့ လမ်းကြောင်းတခုကို ဦးတည်နေတာပါ။. ဒီနေရာမှာ အချိန် ရဲ့ တန်ဖိုးလေးကို ပြောပြချင်ပါတယ်။ လူတိုင်းတွက် အားလပ်မယ့် အချိန် ကြိုးစားလေ့လာမယ့် အချိန်မတူနိင်ပါဘူး တူစရာ လိုက်ညှိစရာမလို့ပါဘူး။ မိမိ အားလပ်မယ့် အချိန်ကို တွက်ဆပီး ရသလောက်လေး အချိန်ကို ဖဲ့ယူပီး ဘ၀တွ့က် မိမိတွက် ကြိုးစားဖို့ အားထည့်ဖို့ပြောချင်တာပါ။
ကျွန်တော်တို့တွေအားလုံးကို မိမိဘ၀ကိုတန်ဖိုးထားကြသလားလို့ မေးလာရင်တော့ အားလုံးသောသူတို့ရဲ့ တူညီတဲ့အဖြေတစ်ခုကတော့ မိမိဘ၀ကိုတန်ဖိုးထားကြတယ်လို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ အချိန်ကိုတန်ဖိုးထားကြသလားလို့ တွေးကြည့်တော့ မိမိရဲ့အချိန်တွေကို နည်းလမ်းအမျိုးမျိုးနှင့် သုံးဖြုန်းနေကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် မိမိဘ၀ကိုတန်းဖိုးထားသူတိုင်း ၊အချိန်ကိုတန်ဖိုးထားတတ်ကြရပါမယ်။ အချိန်သည် အသက် ၊အသက်သည် အချိန်ဖြစ်နေလို့ပါပဲ။ လူတစ်ယောက်ရဲ့အသက် သုံးဆယ်ရှိပြီ လေးဆယ်ရှိပြီဆိုတာ သူတို့ရဲ့ အချိန်ကိုပြောခြင်းဖြစ်ပါတယ်။ မိမိဘ၀ကိုတန်ဖိုးထားသူတိုင်း မိမိရဲ့အချိန်ကိုတန်ဖိုးထားသင့်ပါတယ်။ အချိန်နှင့်ပတ်သက်ပြီးပြောထားတဲ့စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရပါတယ်။ တစ်ခါက ဆရာကြီးချစ်ဦးညိုက ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးဆယ်ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဂျပန်လူငယ်တစ်ယောက်ကို မေးလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး ဘယ်တော့များမှ ခင်ဗျားတို့လို ချမ်းသာတဲ့နိုင်ငံဖြစ်လာမလဲလို့မေးလိုက်တော့ ဂျပန်လူငယ်လေးက လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို ခဏအကြာကြည့်လိုက်ပြီးနောက် သူဖြေလိုက်တာကတော့ မြန်မာလူငယ်တွေ အခုလိုလက်ဘက်ရည်ဆိုင်မှာ တစ်နေကုန်တစ်နေခန်းအချိန်ဖြုန်းနေသရွေ့ ဘယ်တော့မှမချမ်းသာဘူးလို့ ရိုးရိုးရှင်းရှင်းပဲ ဖြေလိုက်ပါတယ်။ ဒီလိုပြောလိုက်လို့ သူတစ်ပါးကိုအပြစ်မတင်သင့်ပါဘူး မိမိကိုယ်ကိုယ်သာ သုံးသပ်ပြုပြင်သင့်ကြောင်း ပြောလိုက်ပါရစေ။
၁။သဘောထားသေးသိမ်သော သူတို့သည် သူတစ်ပါးအပြစ်ကိုမြင်တတ်သည်။
၂။သဘောထားပြည့်ဝသော သူတို့က မိမိအပြစ်ကိုသာ မြင်တတ်ကြသည်။
၃။သဘောထားအပြည့်ဝဆုံး သူတို့ကတော့ မည်သူအပြစ်ကိုမှ မမြင်တော့ပါ။
ဒါကြောင့် ကျွန်တော်တို့တွေဟာ မိမိရဲ့လိုအပ်ချက် ၊ မိမိရဲ့ပြင်စရာလေးတွေကို ပြင်ပြီး မိမိကိုယ်ကိုယ် သဘောထားကြီးသူတစ်ယောက်ဖြစ်အောင်တော့ ကြိုးစားသင့်ပါတယ်။နောက်တစ်ခုက ဘ၀မှာ နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူတွေဟာ အချိန်ကိုသူများထက် တန်ဖိုးထားအသုံးချတတ်ကြလို့ သူများတွေထက် ထူးချွန်ထက်မြက်သူတွေ ဖြစ်လာကြတာပါ။ သူများတွေ အိပ်လို့ကောင်းနေတဲ့အချိန်မှာ သူတို့တစ်တွေဟာ လေ့လာမှတ်သားနေကြတာကိုတွေ့ရပါလိမ်မယ်။ နောက်ပြီး ဗုဒ္ဓဘုရားကလည်း အချိန်နှင့်ပတ်သက်ပြီး ဟောကြားတော်မူခဲ့ပါတယ်။ လူတစ်ယောက်သည် အခုအချိန်မှာ “ဥစ္စာ” ၊ “ပညာ” ၊ “ကုသိုလ်” ဒီသုံးခုထဲက တစ်ခုခုရနေသလားလို့မေးကြည့်ပါတဲ့၊ တစ်ခုခုရနေတယ်ဆိုရင်တော့ ထိုသူသည် အချိန်ကိုကောင်းစွာအသုံးချနေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ မိမိဟာ အခုအချိန်မှာ ဥစ္စာလည်းမရဘူး၊ ပညာလည်းမရဘူး၊ကုသိုလ်လည်းမရဘူး ဆိုရင်တော့ မိမိကိုယ်ကို ငါဟာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးနေသူတစ်ယောက်ပဲဆိုတာကို ပြတ်ပြတ်သားသားပြောလိုက်ပါတဲ့။
ကျွန်တော် အခုအချိန်နှင့်ပတ်သက်ပြီး ရေးထားတာကို စာဖတ်သူများအနေနှင့် ဖတ်ထား ၊ မှတ်ထား ၊ သိပြီးသားတွေဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ သိပြီးသားဖြစ်နေပေမယ့် မေ့တတ်တဲ့သဘောရှိပါတယ်။ သိတယ် ဆိုတဲ့နေရာမှာလည်း ဆရာတော်ဦးဇောတိက စာအုပ်ထဲမှာရေးထားတာလေးကို မှတ်သားဘူးပါတယ်။ “ To know and not to do is not yet to know.” “သိပြီးတော့ မလုပ်လို့ရှိရင် မသိသေးလို့ပါတဲ့”။မသိသေးတာမှ မဟုတ်တာ ကျွန်တော်တိုက သိရဲနဲ့ လိုက်မလုပ်နိင်ကြသေးတာ။ လိုက်မလုပ်ကြတာ အချိန်ကို ဖြုန်းနေကြတာပါ.။ ကဲ့ ဒီနေရာလေးမှာ တရားတော့ ဟောလို့ ကောင်းသွားပီး ဆက်လက်ပီးတော့ ကျွန်တော့ရဲ့ အချိန်ကို ဖဲ့ယူပုံလေး နဲ့ စာဖတ်မှတ်လေ့လာပုံလေးကို ရေးချင်ပါတယ်။ တနေ့တာ လုပ်ငန်းစဉ်တခုကိုပေါ့ ။
ကျွန်တော် အချိန်ကို ဘယ်လို ဖဲ့ယူလည်းဆိုတာလေးကိုပြောပြပါ့မယ်။ဥပမာလောက်ပဲ့ ရေးခဲ့ပါ့မယ် ပို့စ်ရှည်သွားမှာစိုးလို့ပါ။ ကျွန်တော် အိပ်ယာက ထပီဆိုကတည်းက သူများတွေ လို ချက်တင်ဘော့က်စ်လေးကို တန်းမဖွင့်သေးပါဘူး ( စောင်းပြောတာ ဟုတ်ဘူးနော်) ကျွန်တော် မျက်နာသစ် သွားတိုက်တဲ့ချိန်မှာ Power ဖွင့်ခဲ့တယ် ဒီကြားတည်းမှာ ကျွန်တော့ ရဲ့ Time Table ရှိပါတယ်။ အဲ့လို လေး time table နဲ့ အကျင့်ရဖို့ ကျွန်တော့် ၈ ရက်လောက် လေ့ကျင့် ခဲ့ရတာပါ.။(အများကြီးပဲ့ )… Table ထဲ့က စာကြည့်ချိန်မှာ တယောက်ယောက်က စကားလာပြောတာပဲ့ ဖြစ်ဖြစ် ကိစ္စ တခုခုကြောင့် စာကြည့်ချိန်ထဲ့က ၂ နာရီ ပါသွားတယ်ဆိုရင် ကျွန်တော့ အိပ်ချိန်ထဲ့က ၂ နာရီနုတ်ပီးတော့ ပြန်လေ့လာပါတယ်။ ကျွန်တော့လို့ပဲ့ Time Table ကို လည်း ဆွဲထားစေချင်တယ် အအိပ်အစားမှန်ပီးတော့လည်း ကျန်းမာရေးကောင်းမှ လေ့လာရတာ ပိုပီး အဆင်ပြေမှာပါ။ကျန်းမာရေးနဲ့ ညီညွတ်မူရှိတဲ့ Time Line လည်း ဖြစ်ရပါမယ်။Time Table အချိန်မကျတဲ့ ချိန်တွေမှာ ကျွန်တော်ဘာလုပ်လည်း ဆက်ပြောပ့ါမယ် ။ ဘာလုပ်လည်းဆိုတာကတော့ ဒီလိုလေး အသိပေး ဟောပြောပွဲ နဲ့ Knowleadge ပိုင်းလေး စာအုပ်တွေ Video ဖိုင်တွေကို ကြည့်ပါတယ်။ မိမိတွက် ဒါလေးတွေက သိသင့်သိထိုက်တာထက် လူတယောက်တွက် General Knowleadge ကို တက်သင့်သလောက် တက်ရပါ့မယ်.။. မှတ်နိင်သလောက် မှတ်ရပါ့မယ်။ ခုတော့ ဥပမာ အနေနဲ့ ဆရာချစ်ဦးညိုရဲ့ စာပေဟောပြောပွဲလေးကို တင်ပေးလိုက်ပါတယ် .. အမော ပြေကြည့်ပီးမှ ကျွန်တော့ စာကိုဆက်ဖတ်ကြည့်ပေးပါဥိး။
ကျွန်တော့် အဓိက ပြောချင်တာကတော့ အချိန်ကို ဖဲ့နုတ်သုံးတက်တာထက် တန်ဖိုးရှိစွာ အသုံးချပေးတက်ဖို့ ပါ။ လူတိုင်း ကိုယ်ဘ၀ကိုယ် တန်ဖိုးထားပါတယ် ဒါပေ့မယ် အချိန်ကို တန်ဖိုးမထားတာက မကောင်းတဲ့ အကျင့်ဆိုတာကို သိပေ့မယ့် မပြင်နိင်ကြသေးတဲ့ တွက် ကျွန်တော်တို့ ဒီထက် ပိုပီးမတိုးတက်နိင်ဘူး ဖြစ်နေတာပါ။ နောက်တခုက တိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ကောင်းကောင်းလက်ကိုင်မထားနိင်လို့ပါပဲ့ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀နဲ့ ကိုက်ညီမူ မရရှိတာတွေ ကြောင့်လည်းပါပါတယ်။ နောက်တချက်က မိမိ ကိုယ်ပိုင် Tmie Line တခုနဲ့ ကြိုးစားအားထုတ်မူ မရှိသေးလိုပါပဲ့ ။ ဒီချိန်စာကျက်မယ် ဒီချိန် ကစားမယ် ဒီချိန် နားမယ် ဆိုပီးတော့ ငယ်စဉ်ကတည်းက အလေ့အကျင့်မရှိခဲ့တာကြောင့်လည်း ပါပါတယ်။ အချိန်ရဲ့ တန်ဖိုး ကို လူတွေ မသိတာ မဟုတ်ပါဘူး သိပါတယ် မသိချင်ယောင်ဆောင်ပီး မျက်ကွယ်ပြု အပျော်ကိုပဲ့ ဦးစားပေးနေတဲ့ အတွက်ကြောင့် မိမိ မျှော်လင့်ထားတဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ကို မရောက်ပဲ့ ဆန့် တငန့်ငန့် ဖြစ်နေတာပါ။
အကိုအစ်မများလည်း မိမိတွက် ရည်မှန်းချက်တွက် အချိန်ကို အကြိုးရှိစွာ အသုံးချပီးတော့ ဘ၀ကိုရှေ့ဆက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနိင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း ……. အချိန်ကို တန်ဖိုးရှိစွာ အသုံးချတက်အောင် မိမိကိုယ်ကို ဆုံးမပါ နားလည်ပါ ။ဘ၀ကို ဒီတိုင်းဆက်ပီး မမျှောပဲ့နဲ့ အကောင်းထက် အကောင်း .. ဆက်ဆက်ပီးကောင်းအောင် ကြိုးစားသွားကြပါလို့  ပြောရင်း ကျွန်တော့ရဲ့ ပိုစ့် နံပါတ်လေးကို ဒီနိဂုံးလေးနဲ့ ပဲ့ အဆုံးသတ်ရင်း ပိုစ့် ၅ ကို ဆက်လက် အသက်သွင်းပါ့မယ်
ခုစာဖတ်သူတို ဖတ်လိုက်ရတဲ့ စာသားတွေ ပြောပြချက်တွေက ကျွန်တော်နားခိုရာဖြစ်တဲ့မြန်မာမိသားစုဖိုရမ်မှာ ကိုသန့်ဇင်ဌေးရေးသားဆွေးနွေးထားတဲ့ အောက်ခြေစပြီးလေ့လာချင်သူများအတွက် ဆိုတဲ့ ပိုစ်အတွဲတွေထဲက နာပါတ် ၄ ပိုစ်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတ.် .. ဒီအတွက် ကိုသန့်ဇင်ဌေှးကိုခွင့်တောင်းပြီးဖြစ်သလို ကျန်ရှိတဲ့ သူရဲ အဖိုးတန် ပိုစ်အတွဲတွေကို ဖတ်ချင်တယ်ဆိုရင်
သို ကြွရောက်ခဲ့ဖို့ဖိတ်ခေါ်ပါရစေ .. အားလုံးပျော်ရွှင်နိုင်ကြပါစေ ..
.. အော် ဘာလိုလိုနဲ ၂၀၁၀ ကုန်လို့ ၂၀၁၁ တောင်ရောက်ပြီဗျာ .. သူငယ်ချင်းတွေ အာလုံးလည်း နှစ်သစ်မျာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲ ပိုင်ဆိုင်တဲ့သူတွေ ဖြစ်ကြပါစေဗျာ ..
ဒီနေရာလေးမှာ ရေးပြထားသလိုပါပဲ . အဲ့ဒါကို ကျွန်တော် စမ်းကြည့်လိုက်တာ အဆင်ပြေသွားလို ခုလိုပြန်လည်မျှဝေလိုက်တာပါ . ခုကျွန်တော် ဒီပိုစ်ကို မေးလ်ကနေ တစ်ဆင့်တင်လိုက်တာပါ .. ဘာအတွကပ်ကောင်းလည်းဆိုတော့ ကျွန်တော်တိုမြန်မာမှာ ဘလောဒ့်တွေ ပိတ်ထားတယ်လေ .. အဲ့ဒါကို သွားသတိရလို ၀မ်းသာလိုက်တာဗျာ . အကယ်လို ကျွန်တော်သာမြန်မာမှာ ပြန်ရောက်ခဲ့ရင် အလွယ်အကူ ပိုစ်ထပ်တင်လိုရပြီ ဆိုပြီတော့ . .. ဟိဟီ ......
လုပ်နည်းကတော့ လွယ်ပါတယ် .. ခုဘလောဒ့်ကိုဝင်ပြီး
setting -->mail&mobile --->screwwords @blogger.com ကို နာမည်တစ်ခုပေးပြိး သိမ်းလိုက်မယ်ဆိုရင် .. ကြိုက်နှစ်သက်ရာ ဂျီမေးကနေ မေးလ်ပို့သလိုပုံစံနဲ ပိုစ်အသစ်တင်လို့ရပါပြီ .. မေးလ်လိပ်စာက ခုနက
your'sblogname.Yourname@blogger.com ဆိုပြီးဖြစ်ပါလိမ့်မယ်
အသစ်ပြောင်းလိုက်ကြည့်တာ စမ်းပြီးတော့ ..ခေါင်းကိုမူးနေတာပဲ
လိုချင်တဲ့ပုံစံအတိုင်းလိုက်ပြောင်းကြည့်တာ .. အင်းလေ ဘာမှ မသိပဲ လိုကလိတော့ နည်းနည်းတော့ပင်ပန်းမှာပေါ့ ..
မနက်ဖြန်ဆိုရင်တောင် သင်္ကြန်ကိုကြိုကြတော့မယ် ဗျာ ... မြန်မာပြည်နဲဝေးနေသူတွေအတွက်တော့ ပိုသိမှာပေါ့ဗျာ ..ဒီလိုအချိန် ဒီလိုနေ့တွေမှာ .. ဘာတွေဘယ်လို ခံစားပြီး ဘာတွေဖြစ်ချင်နေကြတယ် ဆိုတာ..မြန်မာပြည်သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း လူထဲက လူပါပဲဗျာ .. လွမ်းလိုက်တာ မြန်မာသင်္ကြန်ပွဲတော်ကြီးရယ် ....အခုတော့ ဘေးနားက နီးစပ်ရာ သူငယ်ချင်းတွေစုပြီး ... သင်္ကြန်ကိုဒီကနေပဲ ကြိုလိုက်တော့ မယ် .. အာလုံး နှစ်သစ်မှာပျော်ရွှင်ပါစေဗျာ .....