.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....
Showing posts with label AMZ's Poem. Show all posts
Showing posts with label AMZ's Poem. Show all posts

Monday, February 28, 2011

The Paradoxical Commandments By Kent M.Keith

People are illogical, unreasonable, and self-centered.
Love them anyway ..
If you do good, people will accuse you of selfish ulterior motives.
Do good anyway ..
If you are successful, you will win false friends and true enemies.
Succeed anyway ..
The good you do today will be forgotten tomorrow.
Do good anyway ..
Honesty and frankness make you vulnerable.
Be honest and frank anyway ..
The biggest men and women with the biggest ideas can be shot down by the smallest men and women with the smallest minds.Think big anyway ..
People favor underdogs but follow only top dogs.
Fight for a few underdogs anyway.
What you spend years building may be destroyed overnight.
Build anyway ..
People really need help but may attack you if you do help them.
Help people anyway..
Give the world the best you have and you'll get kicked in the teeth.
Give the world the best you have anyway ..

====================================

လူတွေမှာ ယုတ္တိမတန်တဲ့ လုပ်ရပ်တွေ၊
သဘာဝမကျတဲ့ စဉ်းစားတွေးခေါ်ခြင်းတွေ
အတ္တဗဟိုပြုချက်တွေ ရှိနေတတ်ကြတယ်...ဒါပေမယ့် မင်း..
လူတွေကို ချစ်မြဲချစ်ပါ၊ လေးစားမြဲလေးစားပါ…

မင်း…ကောင်းတာကိုလုပ်ပါ
လူတွေက မင်းကိုစွပ်စွဲလိမ့်မယ်...
ကိုယ့်ဖက်ကိုပဲ ကြည့်တတ်တယ်၊ အတ္တသိပ်ကြီးတယ်လို့ပေါ့
ဒါပေမယ့် ...မင်း…
ကောင်းတာကိုပဲ ဆက်လုပ်မြဲလုပ်ပါ…

မင်း…အောင်မြင်လာပြီလား
မင်းမှာ မိတ်ဆွေတုတွေနဲ့ ရန်သူစစ်တွေကို ရရှိလာလိမ့်မယ်
ဒါပေမယ့် ...မင်း…
အောင်မြင်အောင်သာ ဆက်ကြိုးစားပါ..

မင်း ဒီနေ့လုပ်လိုက်တဲ့ ကောင်းတဲ့လုပ်ရပ်တစ်ခုကို
မနက်ဖြန်မှာ သူတို့ မေ့ပစ်လိုက်လိမ့်မယ်
ဒါပေမယ့်မင်း…
ကောင်းတာကိုသာ ဆက်လုပ်မြဲလုပ်ပါ…

မင်းရဲ့ ရိုးသားမှုနဲ့ ပွင့်လင်းမှုတို့က
မင်းကို ပျော့ကွက်တွေအဖြစ် ထိုးနှက်သွားနိုင်တယ်.
ဒါပေမယ့် ..မင်း…ရိုးသားမြဲ ရိုးသားပါ.
ပွင့်လင်းမြဲပွင့်လင်းပါ…

အိပ်မက်ကြီးကြီးမက်တတ်တဲ့ လူတွေကို
စိတ်သဘောထားသေးသိမ်တဲ့ လူတွေက အသရေဖျက် ပြောဆိုပြစ်တင်နိုင်တယ်
ဒါပေမယ့်.....မင်း…
အိပ်မက်ကြီးကြီး ဆက်မက်မြဲမက်ပါ…
ဘယ်သူနဲ့မှ မတူအောင် စဉ်းစားတွေးခေါ်ပါ..

နှစ်လကြာရှည် ကြိုးစားတည်ဆောက်ခဲ့ရတဲ့ မင်းအိပ်မက်တွေ
ညတွင်းချင်း ဖြိုလှဲ ဖျက်ဆီးခံရလိုက်နိုင်တယ်.
ဒါပေမယ့်......မင်း…ဆက်လက်တည်ဆောက်မြဲ တည်ဆောက်ပါ…

လူတွေ မင်းရဲ့ အကူအညီလိုအပ်တယ်
ဒါပေမယ့် ကူညီတတ်တဲ့ မင်း ကို ပြန်လည်တိုက်ခိုက်နိုင်တယ်.
ဘာပဲဖြစ်ဖြစ်ပေါ့ ....လူတွေကို ဆက်လက်ကူညီပါ…

ကမ္ဘာကြီးအတွက် မင်းမှာ ရှိသမျှ အကောင်းဆုံးတွေ ဖြန့်ဝေပေးဆပ်ပါ.
မင်းကို ပြန်လည်တိုက်ခိုက်ခံရတာမျိုး ကြုံတွေ့ရနိုင်တယ်.
ဒါပေမယ့် ....မင်း…အားလုံးအတွက် အကောင်းဆုံးတွေ
ဆက်လက် လုပ်ဆောင်မြဲ လုပ်ဆောင်သွားပါ…

( ဒီကဗျာလေးကို Kent M. Keith က ရေးခဲ့တာပါ. ..ဟားဗတ် တက္ကသိုလ်မှာ တက်နေရင်း အသက် ၁၉နှစ်အရွယ်မှာ စတင်ရေးသားခဲ့တာဖြစ်ပါတယ် )

Oasis


လွမ်းငွေ့တထောင်းထောင်းထွက်နေတဲ့
နှလုံးသားတစ်ခုလုံး
လောင်ကျွမ်းမတတ်ခံစားရတယ်....
မသိခြင်းများစွာနဲ့ စတင် ဖွဲ့နှောင်ခဲ့တဲ့
သံယောဇဉ် ဇာတ်လမ်းတပုဒ်ကလည်း
ငါ့အတွက်တော့ ပူပြင်းခြောက်သွေ့တဲ့
သဲကန္တာရတစ်ခုဖြစ်သွားခဲ့ပါပြီ....။

ရင်ထဲကလျှို့ဝှက်ချက်တစ်ခုပေါ့...
မင်းနဲ့စတွေ့တဲ့အချိန် မင်းကြည့်တဲ့
မျက်ဝန်းတစုံက ငါ့ရဲ့နှလုံးသားကို
ပစ်ခွင်းလိုက်တဲ့မြှားတစ်စင်းပါ...။

ချစ်တယ်ဆိုတဲ့ စကားကို
နှုတ်နဲ့ပြောခဲ့ပေမယ့်
တကယ်တော့....
ငါ့နှလုံးသားထဲက အမြတ်တနိုးနဲ့ 
ပေါက်ဖွားလာတဲ့စကားလေးတစ်ခွန်းပါ...။

ကောင်မလေးရေ...
သဲကန္တာရဆိုတာ အိုအေစစ်မရှိဘဲ
ဘယ်လိုမှ မလှပနိုင်ပါဘူး...
မင်းမရှိတဲ့ ငါ့ဘ၀ကလည်း
အိုအေစစ်မရှိတဲ့ သဲကန္တာရ တစ်ခုလိုပါပဲ...။

(A.M.Z)

Sunday, February 27, 2011

လောင်ကျွမ်းအသည်း



ဖယောင်းဟာ

မီးစာရဲ့  အနီးမှာရှိခဲ့တာပေါ့ ...

ပူလောင်နေတာကို

နွေးထွေးမှု့ လို့ ငါမှတ်ယူပြီး

လောင်ကျွမ်းနေဦးမှာ

ဆက်လက်လောင်ကျွမ်းခံနေဦးမှာပါ...။

ဒါပေမဲ့...

မီးစာရယ်...

မင်းပေးတဲ့ နွေးထွေးမှုကို

အဝေးက လူတွေရနေပြီး

ငါဆိုတဲ့ဖယောင်းက

ဘာလို့ ဥပေက္ခာ အရိပ်တွေပဲ ရနေတာလဲကွာ ...။

                                                         (A.M.Z)

Tuesday, February 22, 2011

ရင်ထဲကပဲ့တင်သံ



ဆုံးဖြတ်ပိုင်ခွင့်မရှိသူကိုမှ
ဘာကြောင့်များ ရွေးချယ်ခိုင်းရတာလဲ...
ငါက အဆိပ်မိနေတဲ့လူတစ်ယောက်
ရွေးချယ်စရာလမ်းဆိုတာ
ရှိသေးလို့လား ချစ်သူ…။

သနားတယ်ဆိုတဲ့ မင်းရဲ့အကြည့်တွေ
မင်းကျေနပ်ရင်ပြီးတာပါပဲ˝ဆိုတဲ့
လိုက်လျောမှုတွေ
ရုပ်သေးရုပ်တစ်ခုလို ငါ့ကိုပုံသွင်း
တကယ်တော့ ...
ငါ့အသဲနှလုံးကိုခြွေနေခဲ့တာ...။

တစ်ရက်ပြီးတစ်ရက်တိုးတိုင်း
တိုးလာတဲ့ရက်တွေနဲ့ထပ်တူ
ပိုချစ်တတ်လာတဲ့ငါ့နှလုံးသား
အလွမ်းတွေကိုလည်း မရှောင်နိုင်ဘူးလေ
နောက်ဆုံးတော့ ...
နာကျင်မှုတွေကို ခံစားရပြန်တယ်
ကြွေလွယ်သူကိုမှခြွေလွယ်ခဲ့တာလားကွာ...။

မင်းဘက်ကတော့..
ရိုးသားတဲ့နေရာမှာ
ကလေးတစ်ယောက်လိုပဲနေခဲ့တယ်...
တစ်နေရာထဲရောက်ဖို့ 
မတုညီတဲ့ လမ်းနှစ်သွယ်က ရှိတက်စမြဲပါ...
ဒါပေမဲ့...ချစ်သူရယ်
ငါ့အိပ်မက်တွေ အကန့် သတ်မရှိကုန်ဆုံးသွားခဲ့ပါပြီ...။

                                                                                  (A.M.Z)

Tuesday, February 15, 2011

နောက်ဆုံးလမ်းခွဲ



ချစ်သူရယ်...
မင်းဖက်ကဘယ်လိုပဲပြောင်းလဲခဲ့ပါစေ..
ငါ့စိတ်အစဉ်မှာတော့
မင်းကိုချစ်တဲ့စိတ်တွေ...သံယောဇဉ်ထားခဲ့တာတွေကို
နဲနဲလေးမှ မလျှော့ခဲ့ပါဘူး...
ငါသေတဲ့အထိစွဲမြဲခိုင်မာနေမှာပါ...
ဒါပေမယ့် ...အခုမင်းသိပ်ဖြစ်စေချင်တဲ့ဆန္ဒနဲ့
ငါတို့ နှစ်ယောက်
တစိမ်းသူတွေလိုဖြစ်ပျက်ခဲ့ကြပြီပဲလေ...

ချစ်သူရယ်...

ငါသိပ်သိချင်ခဲ့တာ
မင်းနဲ့ငါ မတွေ့တော့တဲ့နောက်ပိုင်းမှာ
မင်းဘာတွေလုပ်နေခဲ့သလဲဆိုတာ...
မင်းနဲ့ ပတ်သက်ခင်မင်ခွင့်ရခဲ့တာလေးတောင်
င့ါ ကိုနဲနဲလေးမှ မင်းစိတ်ထဲမှာ
စာရင်းသွင်းမထားတော့ဘူးလား...
ငါကဘာတွေများ မင်းကိုအကြီးမားဆုံး
အပြစ်တွေကျူးလွန်မိပါလိမ့်လို့
အခါခါတွေးနေမိတယ်.....

ချစ်သူရယ်...

မင်းကို သံယောဇဉ်ရှိခဲ့တဲ့အချိန်ကစလို့
ငါ့စိတ်က မင်းကို အမြဲစိတ်ချမ်းသာစေချင်တာ

Sunday, February 13, 2011

အရာအားလုံးရဲ့ တစ်ဖက်စွန်းမှာ


ငါဆိုတဲ့ကောင်က နင့်အတွက်...
ဘာမှ မဟုတ်ခဲ့ပေမဲ့
ငါ့အတွက်တော့ ဘ၀တစ်သက်စာပါပဲ...
ဒါပေမဲ့ ...အမှတ်မှမရှိတာ..
ပြောမှသိ ထိမှနာ.....
အရိပ်ပြ လို့ အကောင်မထင်တဲ့ကောင်
လူတကာနဲ့ ယှဉ်လာရင်တောင်
မင်းအမြင်မှာ ငါဟာအမြဲနိမ့်ကျနေခဲ့တယ်..
တားမြစ်ထားတဲ့ အရာကိုမှ
စိတ်ဝင်တစားနဲ့  လုပ်ချင်နေတာကို...
ဆုပ်လည်းဆူး... စားလည်းရုးဆိုတဲ့
ပဒိုင်းသီး လိုဖြစ်နေပြီ...

ခံလိုက်ဦးပေါ့..ငမိုက်သားရယ်
မတွေ့ ချင်လို့ ရှောင်ဖယ်ကာ
ပုန်းနေမှန်း သိနေလည်း
သူ့ ကိုတွေ့ ချင်စိတ်က
ရင်မှာထာဝစဉ်...အကြင်နာတွေတပုံတပင်နဲ့ ပေါ့

Friday, February 4, 2011

ရင်ကွဲရသ


တစ်ချိန်တခါတုန်းက......
ငါ့ဘ၀ထဲမှာ
ရင်ခွင်ဗလာနဲ့ 
အချစ်ဆိုတာမရှိ
အလွမ်းနတ္ထိနှင့်
ဤကမ္ဘာပေါ်ဝယ်
ဖော်သူကင်းမဲ့တဲ့
ငါလိုလူသား
တစ်ယောက်ထဲပဲ
ရှိနေအလား
ငါ၏စိတ်၌ထင်ကျန်နေလေရဲ့ ...

သို့ ပေမဲ့လည်း......
သူ(မ)နဲ့ တွေ့ ခိုက်
တစ်ခဏ၌
ချစ်စိတ်တွေက
ပေါက်ဖွားရှင်သန်
ရှေးကံအတိတ်

ဖြစ်တည်ခဲ့သော်.......
မေတ္တာသက်ဝင်
ငါ့နှလုံးအိမ်၌
သံယောဇဉ်ကြိုး
နှောင်ဖွဲ့ ထုံး၍
မသိစိတ်ဝယ်
အချစ်နွံမှာ
နစ်မွမ်းခဲ့ရပြီ...

~ ဆောင်းအိပ်မက် ~

အလွမ်းရဲ့ ညထဲ
ချစ်သူ့ ခေါ်သံ
သဲ့သဲ့လေးကြား
ငါ့နှလုံးသားထဲ
လေပြေသွေးလို့ 
တိုးဝှေ့ ကျီစယ်
ထင်ရောင်ထင်မှား
ရင်ထဲလှိုင်းခတ်
အလွမ်းတောင်ဘို့ 
ပြိုကျမတတ်.....
နောက်ဆုံးတော့လည်း....
မပီပြင်ဝိုးတ၀ါး
ဆောင်းအိပ်မက်လို
ဖြစ်ခဲ့ရပီ.......

(AMZ )