.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....
Showing posts with label စိတ်အပန်းဖြေစရာ. Show all posts
Showing posts with label စိတ်အပန်းဖြေစရာ. Show all posts

Sunday, March 3, 2013

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀


ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

Thursday, July 19, 2012

mY Listen and UploaD there

Thursday, July 12, 2012

(*_*)



တင်တော့ တင်လိုက်တာပဲ ... ဘာလို့လည်းတော့မသိတော့ဘူး .. 
(((((^_^)))))

Sunday, April 10, 2011

iF You Angry SomeOne Or When You feel sAd - 5


ငရဲပြည်သို့

သူငယ်ချင်းနှစ်ယောက် လမ်းမှာဆုံမိကြသည်။
ပ-လူ ။ ။ “ဟေ့ကောင်ကြီး…….မျက်နှာ်မကောင်းပါလား ။ ဘယ်ကပြန်လာတာလဲ။
ဒု-လူ ။ ။ အလုပ် က ပြန်လာတာလေ။ အလုပ်ရှင်က ကြိမ်းမောင်းလွတ်လိုက်လို့ကွ။
ပ-လူ ။ ။ မင်းကို ဘယ်လို ကြိမ်းလွတ်လိုက်လို့လဲကွ။
ဒု-လူ ။ ။ ငါ့ကို”အသုံးမကျတဲ့ကောင် ၊ ခု ငရဲပြည်ကိုသွား” တဲ့ကွာ။
ပ-လူ ။ ။ အဲဒီတော့ မင်းခုဘယ်သွားမလို့လဲ ။
ဒု-လူ ။ ။ မိန်းမဆီ ပြန်မလို့လေ။

အားလုံးစိတ်ချမ်းသာရမယ်

ဖခင် ။ ။ သမီးရေ…………မနေ့ညက သမီး ရဲ့ ကောင်လေး ဖေဖေ ဆီ ရောက်လားပြီး နားနဲ့မနာ
ဖ၀ါးနဲ့နာဖို့လာပြောတယ် ။ ကောင်လေး ကို ဖေဖေ သဘောကျတာမို့ သဘောတူသဟေ့။
ကိုင်း သမီး သဘောကကော……..။
သမီး ။ ။ သမီးလည်း သဘောကျတာ မှန်ပါတယ်။ ဒါပေမဲ့ သမီးလေ မေမေ နဲ့ မခွဲနိုင်ဘူး ဖေဖေ ။
ဖခင် ။ ။ မပူနဲ့။ အားလုံးစိတ်ချမ်းသာရအောင် ဖေဖေ စီစဉ်ထားပြီးသား။သမီး……သမီးကောင်းလေး
နောက်လိုက်တဲ့အခါ သမီးရဲ့ မေမေ ပါ တစ်ပါတည်းထည့်ပေးလိုက်မယ် ။
သမီး ။ ။ ရှင်!!!!!!!!!!!!!!!!!!!!!

ဒါကြောင့်ကိုး

ပ-လူ ။ ။ ဟေ့ တို့ဆရာကြီး ဦးငြိမ်းသူဟာ ဖဲကစားရင် အမြဲလို နိုင်တတ်တာကြီးပဲ။
ဒု-လူ ။ ။ ဒါတော့ဟုတ်သကွ။ ဟိုတစ်နေ့က ဒလ အောင်မင်းရဲ့ အသုဘမှာ သူဖဲချတာ တစ်ဝိုင်းလုံးငွေတွေ သဲ့ယူသွားသလိုပဲ။
ပ-လူ ။ ။ အဲ-- ဒါပေမဲ့ အဲဒီငွေနဲ့ မြင်းပွဲသွားလောင်းတာ တစ်ပြားမှ မကျန်အောင် ကုန်ပါရောလား။
ဒု-လူ ။ ။ ဟယ်…….ကံမလိုက်ဘူးနဲ့တူတယ်။
ပ-လူ ။ ။ ကံမလိုက်တာမဟုတ်ဘူး။ ဖဲကခိုးလို့ရတယ် ၊ မြင်းက ဖဲခိုးသလို ခိုးလို့ရတာမှမဟုတ်ဘဲလေ။

တက်ရဲရင်တက်ပလား

ပ-လူ ။ ။ ဗျို့.. ကိုအောင်မင်း ။ ခင်ဗျားတို့ လမ်းထဲက ထွက်ထွက်လာတဲ့အမျိုးသမီးက တောင့်ပြီး ဖြောင့်နေတာပဲ ။ သူ ဘာအလုပ်လုပ်သလဲဟင်။
ဒု-လူ ။ ။ သူနာပြုဆရာမလေကွာ။
ပ-လူ ။ ။ ဟာ……….ဒါဆိုအတော်ပဲ။ ဘယ်ဆေးခန်းမှာလုပ်တာလဲဟင်။
ဒု-လူ ။ ။ လှမှုးသွင် ဆေးခန်းမှာ ထိုင်တယ် ။ မင်းဘာလုပ်မလို့လဲ။
ပ-လူ ။ ။ ရောဂါဝေတနာတစ်ခုခု အကြောင်းပြပြီး သူရှိတဲ့ဆေးခန်းမှာ တက်မလားလို့ ဟီးဟီး…။
ဒု-လူ ။ ။ တက်ချင်တက်လေ ။ အဲသည်ဆေးခန်းက သားဖွားမီးယပ် အထူးကုဆေးခန်းကွ။
ပ-လူ ။ ။ ဗျာ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ရှေ့နေဆိုတာ

ရှေ့နေကြီး ဦးနက်ကျော် ထံ အမှုသည် အောင်မင်းရောက်လာ၏။
အောင်မင်း ။ ။ ကျွန်တော့်မိန်းမ မကြာစိ ရွှေဘိုက သူ့အမေ အိမ်
ဆင်းသွားတယ် ဆရာ။ သူမရှိရင် ကျွန်တော်မနေတတ်ဘူး ။ ဒီတော့မယားပြန်ခေါ်လိုမှုနဲ့ တရားစွဲချင်တယ်။ သည်အတွက် ဆရာ့ကို အမှု လာအပ်တာပါ။
ရှေ့နေကြီး ။ ။ မပူနဲ့ ခင်ဗျား အမှုကို နိုင်ကိုနိုင်စေရမယ် ။
အောင်မင်း ။ ။ အားရှိလိုက်တာ ဆရာရယ် ။ တကယ်လိုများ
ကျွန်တော်က အမှုနိုင်ရဲ့သားနဲ့ မကြာစိ က ပြန်မလိုက်ရင်ကော။
ရှေ့နေကြီး ။ ။ အတင်းဆွဲခေါ်ပြီး ကားတင်ပြေးပေါ့ဗျာ။
အောင်မင်း ။ ။ ဒါဆိုရင် အိုကေ ပြီလား ဆရာ။
ရှေ့နေကြီး ။ ။ အိုကေ မကေတော့မသိဘူး ။ ကျွန်တော့်အတွက် အမှုတစ်ခု ထပ်ရသွားတာတော့ သေချာတယ်။

Friday, April 8, 2011

တတိယမျက်လုံး

တိကျလှပါတယ်ဆိုတဲ့ နာရီ ၂ လုံးတောင် စက္ကန့်ဆိုတာက မတူနိုင်ကြပါဘူး .. ဒီလိုပါပဲ.. ဘယ်နေရာ ဘယ်အချိန် ဘယ်ဒေသမှာ ဘာတွေ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ လူတိုင်းလူတိုင်းရဲ့ စိတ်ခံစားချက် ၀ါသနာ ရပ်တည်နေထိုင်မှု နဲ့ ဖြစ်တည်နေမှုတွေ ကျင်လည်နေရတဲ့ဘ၀တွေ လှုပ်ရှားရုန်းကန်နေရတဲ့ အခြေအနေတွေ အားလုံးကလည်း မတူနိုင်ပါဘူး . ဒါကို နားလည်ပေးသင့်တာပေါ့ ..ကိုယ်ဒါကိုသဘောကျလို ဒါကိုသိလို သူလည်းဒါဖြစ်နေရမယ်ဆိုတဲ့ ခင်ဗျားတို့အတွေးတွေကတော့ တစ်ကယ်ဆို ကလေးတစ်ယောက်နဲသွားတူနေတယ်ဗျာ .. စိတ်မကောင်းစရာပဲ .. အမှန်ဆို 'A' ဆိုတာကလည်း သူဘ၀နဲ့သူနေသလို 'B' ဆိုတာကလည်း သူအခြေအနေနဲသူပါ .. သူတို ၂ ခုပေါင်းပြီး စာလုံးတွေ ဖွဲနိုင်သလို တစ်လုံးခြင်းစီရပ်တည်နေလည်း အဓိပ္ပါယ်တွေကတော့ ရှိနေဆဲပါပဲ ... အဲ့လို့ပဲ .. မြေပုံမဆွဲတတ်တာလေးတစ်ခုနဲတော့ သချာင်္ဆရာတစ်ယောက်ဟာ မြောင်းထဲရောက်မသွားပါဘူး .. နားလည်ပါ .. ခံစားတတ်ပါ .. သိတတ်ပေးပါ ... တစ်ယူသန်တယ် အစွဲကြီးတယ် အတ္တများတယ်ဆိုတာ စာအုပ်တွေ ဇာတ်လမ်းတွေ ထဲမှာပဲကောင်းတာပါ .. တစ်ကယ်လက်တွေ ဘ၀မှာ အများနဲ့အံ့မ၀င်လို့ကတော့ ခင်ဗျားသေချာတယ် လူမသိသူမသိတိတ်တိတ်လေး ကမ္ဘာကြီးကို ကျောပေးနေရလိမ့်မယ် ..ခင်ဗျားလို အဖိုးတန် ရတနာတစ်ပါးကို လောကကြီးက အမှန်တစ်ကယ်လိုအပ်နေတာပါဗျာ ... အဲ့ဒါကြောင့် ခင်ဗျားအတ္တတွေကို ခဏခေါက်ပြီး နောက်တစ်လှမ်းဆုတ်လိုက် .. ပြီးရင် ခင်ဗျားပတ်ဝန်းကျင်နဲ့ ခင်ဗျားရဲ့ရှေကိုမြင်အောင်သေချာ ပြန်ကြည့် ..... ဘ၀ဆိုတာ စာအုပ်တွေ စကားလုံးတွေလောက် အမြဲတမ်း မလှပသလို အမြဲတမ်းလည်း ကြမ်းတမ်းမနေဘူးဆိုတာရယ် ...  သူ့နေရာလေးနဲ့သူ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိနေတဲ့ အရာတွေရယ်  .. လက်ရှိခင်ဗျားရပ်တည်နေတဲ့ နေရာကနေ လောကအတွက် ဘာလုပ်ပေးနိုင်လည်း ဆိုတာရယ် . စတဲ့ စတဲ့ စတဲ့အရာတွေ အားလုံးကိုခင်ဗျားတွေ့မြင်တတ်လာလိမ့်မယ် .. ကျရာနေရာကနေ ဆေးစက်ကျတိုင်းအရုပ်ထင်နိုင်ပြီး ရာသီဥတုတွေနဲ့ သင့်တင့်လျှော်ဆီစွာနေထိုင်နိုင်တဲ့ သူတစ်ယောက် အဖြစ် ထာဝရ ရပ်တည်နိုင်ပါစေဗျာ ..
(ဘာလည်းတော့မသိဘူ .. စိတ်အချည်ပေါက်ပေါက်နဲ့ရေးချလိုက်တာ )

Monday, April 4, 2011

ဒေါ်လာ ၂၀ တန် အချိန်(တစ်နာရီ) လေး ရောင်းပါ

အလုပ်များတဲ့လူတစ်ယောက်ပေါ့ ၊ အလုပ်တွေများလွန်းလို့ စိတ်မော ၊ လူမောလည်းဖြစ်နေပြီ။ သူအိမ်ပြန် ရောက်တဲ့ အခါ သူ့ရဲ့ ငါးနှစ်သား လေးက တံခါးဝမှာ စောင့်နေတယ်။
“ဖေဖေ . . . ဖေ့ဖေ့ကို သားတစ်ခု မေးလို့ရမလား ဟင် . . . “ “မေးပေါ့ကွာ ၊ မေး . . . မေး . . . “
“ဖေဖေ အလုပ်လုပ်တဲ့အခါ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဟင် . . .”
အဖေ လုပ်တဲ့ သူက သားရဲ့မေးခွန်းကြောင့် စိတ်တိုသွားတယ် ..။
“ဟကောင်ရ ၊ အဲဒါ မင်းအလုပ်မဟုတ်ဘူး ၊ ဘာကိစ္စငါ့ကို ဒါတွေလာမေးနေရတာလဲ ။ အလုပ်ပင်ပန်းလို့စိတ်တိုနေရတဲ့အထဲ။ မင်းနော် …”
“သားသိချင်လို့ပါ ဖေဖေရယ် ၊ သားကို ဆူချင်လည်းဆူ ၊ ရိုက်ချင်လည်း ရိုက်ပါ။ ဒါပေမယ့် ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရသလဲဆိုတာတော့ သားကို ပြောပြပေးပါနော် . . .။”
ငါးနှစ်သားလေးက မျက်နှာငယ်လေးနဲ့ ခခယယ တောင်းပန်နေပြန်တယ်။
“အေး.. မင်းသိပ်သိချင်တယ်ဆိုရင်တော့ ပြောပြရတာပေါ့ကွာ။ ငါ တစ်နာရီ အလုပ်လုပ်ရင် ဒေါ်လာ ၂၀ ရတယ်ကွ ။ ကဲ… ကျေနပ်ပြီ လား… “
“အဲသလောက်တောင်မှလား” လို့ သားလေးက ပြောပြီး ခေါင်းငိုက်စိုက် ကျသွားတယ်…။
ဒါပေမယ့် ချက်ချင်ပဲ ပြန်မော့ပြီး သူ့အဖေကို မေးလိုက်ပြန်တယ်။
“ဖေဖေ ၊ သားကို ကိုးဒေါ်လာလောက် ချေးပါလားဟင်….”
အဖေလုပ်တဲ့သူရဲ့ ဒေါသက ငယ်ထိပ်ကို ရောက်သွားတယ်။
“ဘာကွ…. ငါ ပိုက်ဆံဘယ်လောက်ရလဲဆိုတာ မင်းသိချင်တာ ငါ့ဆီက ပိုက်ဆံချေးပြီး ပေါက်တက်ကရ ကစားစရာတွေ ၊ အဓိပ္ပါယ်မရှိတဲ့ ပစ္စည်းတွေဝယ်ဖို့ကိုးကွ ၊ ငါက အကောင်းမှတ်လို့။ သွားစမ်းကွာ။ အိပ်ယာထဲ သွားအိပ်ချေတော့။ ငါ့ မျက်စိအောက်က ထွက်သွားစမ်း ။ မဟုတ်ရင် မင်းကို ငါဆော်မိတော့မယ်။ ငါ့မှာတော့ တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ ရုန်းကန်နေရတယ်။ မင်းက အလိုက်ကန်းဆိုးမသိ။ ငါ့ကို သက် သက်မယ့် လာဦးနှောက်စားနေတယ်။ သွားစမ်း… သွား “
အဖေလုပ်တဲ့သူက အဲဒီလိုလည်း ငေါက်လိုက်ရော သားလေးလည်း သူ့အိပ်ခန်းလေးထဲ အသာဝင်သွားပြီး တံခါးလေး ပိတ်လိုက် ပါတော့တယ်။
အဖေကလည်း ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ချလိုက်ပြီး စဉ်းစားကြည့်တဲ့အခါ ပိုလို့တောင် ဒေါသဖြစ်လာတယ်။ တစ်နာရီသာသာ လောက် ကြာတဲ့အခါမှာတော့ ဖအေလုပ်တဲ့သူ စိတ်နည်းနည်းငြိမ်သွားတယ်။ သည်အခါမှာတော့ သားလေးအပေါ် သိပ်တင်းမာ လွန်းရာကျသွားပြီလား ၊ လွန်များသွားလားလို့ တွေးမိလာပြန်တယ်။
သည်ကောင်လေးက အင်မတန်ပိုက်ဆံတောင်းခဲတဲ့ ကလေး။ တစ်ခါမှလည်း ဖအေဆီကနေ ပိုက်ဆံမတောင်းဖူးပါဘူး၊ အခုမှ ကိုး ဒေါ်လာလောက် ခဏချေးပါလားလို့ပြောတာ။ သူ့မှာ တစ်ကယ်လိုချင်တာလေးတစ်ခုခု ရှိနေလို့များလားမှ မသိ။ အဲဒီအတွေးတွေနဲ့ သားငယ်ရဲ့ အိပ်ခန်းကို ဖအေက လိုက်သွားတယ်။ အခန်ထဲရောက်တဲ့အခါ
“သားသား အိပ်ပြီလားကွ” လို့လည်း မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ ၊ သား နိုးနေပါတယ်” လို့ ကလေးက ပြန်ဖြေတယ်။
“အေးကွာ . . . စောစောက ဖေဖေ သားကို နည်းနည်းစိတ်တိုမိသွားတယ်။ တစ်နေ့လုံး အလုပ်ပင်ပန်းတာတွေ ၊ မောတာတွေကို သားအပေါ်မှာ အထုပ်ဖြည်လိုက်မိသလိုဖြစ်သွားတယ် သားရယ်။ ရော့…. ရော့ ၊ သားလိုချင်တဲ့ ကိုးဒေါ်လာ”
သားလုပ်တဲ့သူက ငေါက်ကနဲ ထထိုင်လိုက်သလို သူ့မျက်နှာလေးကလည်း ချက်ချင်းပဲ ဝင်းပသွားပါတော့တယ်။
ပြီးတော့ သူ့ခေါင်းအုံးအောက်ကို လက်နှိုက်လိုက်ပြန်တယ်။ သားရဲ့ခေါင်းအုံးအောက်က ထွက်လာတာကတော့ တွန့်ကြေနေတဲ့ ငွေ စက္ကူတွေပါ။ သားဆီမှာ ပိုက်ဆံတွေလည်း တွေ့လိုက်ရရော ဖအေ့ဒေါသတွေလည်း အလိုလို ပြန်ထွက်လာတယ်။ ဒီကောင်ဘာလဲ ၊ သူ့မှာ ပိုက်ဆံတွေ ရှိရက်သားနဲ့ ဘာလို့ ကိုးဒေါ်လာ ထပ်တောင်းတာလဲလို့ တွေးနေတုန်းမှာ သားလေးက ပိုက်ဆံလေးတွေကို ရေ နေတယ်။ သေချာရေပြီးတဲ့အခါ သားက ဖအေကို မော့ကြည်တယ်။
ဖအေလုပ်သူက “မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာလဲကွ . . . “ လို့ ငေါက်ပြန်တယ်။
“သားမှာရှိတာနဲ့ မလောက်လို့ ထပ်တောင်းတာပါ ဖေဖေ ။ အခုတော့ ပြည့်ပါပြီ။ ဟော့ဒီမှာ ဒေါ်လာ ၂၀ ပါ ဖေဖေ ၊ ဖေဖေ့ အချိန်ထဲ က တစ်နာရီလောက်ကို သာကို ရောင်းပါလားဟင် . . .”

သည်ပုံပြင်လေးကို ကိုယ်နဲ့ခင်တဲ့သူတွေကို ထပ်ဆင့် ပြောပြလိုက်ကြပါ….။ ပြီးရင် လူကြီးမင်းရဲ့ ဒေါ်လာ၂၀ တန် အချိန်လေးကိုလည်း ကိုယ် ချစ်တဲ့သူတွေကို အလားကား ပေးလိုက်ပါလားဗျာ….။

===>>>  ဆရာအတ္တကျော်ရဲ့ - နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် ထဲမှ

(ဘယ်သူရေးသွားလည်းဆိုတာသေချာမမှတ်မိတော့ဘူး ဖြစ်နိုင်တာက မနိုင်းနိုင်းစနှေဆီကတွေ့ခဲ့တာဖြစ်နိုင်တယ် .. ရှိနေတာတော်တော်ကြာပြီ ... ခုမှ စာတွေ ပြန်ဖတ်ရင်းတွေ့မိလို့ မျှဝေလိုက်ခြင်းဖြစ်ပါတယ် .. ဒီစာကိုတောင် ဖတ်နေပြီဆိုမှတော့ သင့်ဒီပို့စ်ကိုအဆုံးထိဖတ်ပြီးပြီလို့ ယူဆပါတယ် .. သင့်အချိန်ကို သင်နဲ့အနီးဆုံးသူအတွက် ပြန်ပြိးမရောင်းချင်ဘူးဆိုရင်တောင်မှ သင့်ရင်ထဲမှာ တစ်ခုခုကျန်ခဲ့ရင်ကို ကျွန်တော် ဖော်ပြရကျိုးနပ်ပါတယ် ..)

... တန်ဖိုးရှိတဲ့အချိန်များနဲအတူ အချစ်တွေ အပြုံးတွေ အောက်မှာ ထာဝရပျော်ရွှင်ပါစေ ...

Monday, January 31, 2011

iF You Angry SomeOne Or When You feel sAd - 2

ဘယ်အချိန်လာရမလဲ

ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။

အမျိုးသား - အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ

ဈေးသည် - မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့

အမျိုးသား - အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?


ဘာမှမရှိဘူး

လူတစ်ယောက် စားသောက်ဆိုင်သို့ ၀င်လာပြီး စားပွဲထိုးကို မေးသည်

"ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား"

"မရပါဘူး"

"အမဲနှပ်ရော"

ွှ"မရှိပါဘူး"

"ဟင်းသီးဟင်းရွက်ကြော်ကော"

"အဲဒါလည်း မရှိပါဘူး"

ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။

"ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး"



အကြံကောင်း

အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်

"ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ"

"လီတာ ၂၀၀ လောက်ပါ"

"တစ်နေ့ကို လီတာ ၃၀၀ လောက် မရောင်းရချင်ဘူးလား"

iF You Angry SomeOne Or When You feel sAd !!!

လာမကြောနဲ့ နာ ဘာမှ တိဘူး

ကောင်းကင်ဘုံတခါးဝတွင် ရောက်လာသူများကို ကောင်းကင်တမန်မှ စစ်ဆေးနေသည်။
ပထမလူ- ကျွန်တော်အိုင်စတိုင်းပါ ဝင်ခွင့်ပြုပါ၊
တမန် - အိုင်စတိုင်းဖြစ်ကြောင်း သက်သေပြပါ၊
ထိုအခါ ပထမလူသည် အိုင်စတိုင်းဧ။် သီအိုရီများကို ရှင်းပြလေသည်။ ထို့ကြောင့်
တမန်-ကောင်းပြီ ငါလက်ခံပါပြီ ၊ ဝင်ပါလေ။
ဒုတိယလူ - ကျွန်တော် ပီကာဆိုပါ
တမန် - ကောင်းပြီ ၊သက်သပြပါ၊
ဒုတိယလူသည် လှပသောပန်းချီကား တစ်ချပ်ကို လျှင်မြန်စွာရေးဆွဲပြလေသည်။
တမန်-ဟုတ်ပါပြီ ငါယုံကြည်ပါသည်၊ ဝင်ပါလေ။
တတိယလူ - ကျွန်တော် ဂျော့ဒဘလူဘုခ်ျပါ
တမန် - အင်း အိုင်စတိုင်းနဲ့ ပီကာဆို ကတော့ သက်သေ
ကောင်းကောင်းပြနိုင်ခဲ့တယ်၊ သင်လည်းပြပါ၊
တတိယလူ - (အတန်ငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် စဉ်းစားပြီးနောက်) ၊သူတို့က
ဘယ်သူတွေလည်းဗျာ၊
တမန် - ဟာ--ကောင်းပြီ ဂျော့ ငါယုံကြည်ပါပြီ၊ သူတို့အထဲမှာရှိတယ်၊ ဝင်ပါလေ။
အင်တာနက်မှ ဟာသများကို သင့်လျှော်အောင် ပြန်ဆိုပါသည်။
ဘာသာပြန်ညံ့ဖျင်းမှုနှင့် တင်ပြပုံညံ့ဖျင်းမှုကို နားလည်
ခွင့်လွတ်ပေးပါရန်။

ဘ၀မှာ စိတ်ညစ်မှုတွေများနေတဲ့သူတွေအတွက် ကျွန်တော်ဖတ်ခဲ့တဲ့
ဘ၀အမောပြေလေးများကို ဖတ်စေချင်သောစေနာလေးများဖြင့်
စုစည်းတင်ပြလိုက်ပါတယ်.

စာရင်းကိုင်ဆိုတာ...........
စာရင်ကိုင်တစ်ဦး ဆရာဝန်ထံရောက်လာပြီး သူခံစားနေရသော ဝေဒနာလေးအား ပြောပြလေသည်။
စာရင်းကိုင်။ ။ ဒေါက်တာ......၊ ကျွန်တော် ညဘက်မှာအိပ်လို့မရဘူး။
ဆရာဝန်။ ။ ဒါဆိုရင်......ကိန်းဂဏာန်းတွေ တစ်ကနေပြီး ၅၀၀ အထိ ရေတွက်ပါ၊
အိပ်ပျော်သွားပါလိမ့်မယ်။
စာရင်းကိုင်။ ။ လုပ်ပြီးပါပြီ......အိပ်မပျော်မပါဘူး ဒေါက်တာ။
ဆရာဝန်။ ။ ခင်ဗျားက ကိန်းရဏာန်း ဘယ်လိုရေတွက်လို့လဲ။
စာရင်းကိုင်။ ။ အစဉ်လိုက်ချရေးပါတယ်.။ ရေးရင်းမှားလို့ပြင်ပါတယ်...။
ပြင်ရင်းမှားရင်းနဲ့ မိုးလင်းသွားလို့ပါ.။
ဆရာဝန်။ ။ ဗျာ...........။

ဈေးကြီးလိုက်တဲ့ ကြက်တူရွေး................
အိမ်မွေးတိရစ္ဆာန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ၀ယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူးရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေၞလာ ၅၀၀၊ ကွန်ပျူတာ
ကောင်းကောင်းအသုံးပြုတတ်တယ်။

Thursday, January 6, 2011

မြန်မာတွေ အားလုံးအတွက်

ဒါလေးကတော့ ကိုနေဥိးသစ်ဖန်တီးပုံဖော်ထားတဲ့လက်ရာလေးပါ .. ကျွန်တော် မြန်မာမိသားစုဖိုရမ် ကနေ တစ်ဆင့်သိခွင့်ရခဲ့တာပါ .. အပျင်းလည်းပြေသလိုပညာလည်းရတဲ့ ဒီကောင်လေးကိုကျွန်တော်တိုမြန်မာတွေအားလုံး  လက်ထဲရှိသင့်တယ်ထင်လို လက်ဆင့်ကမ်းလိုက်တာပါ ..ဒေါင်းမယ်ဆို အောက်မှာလင့်ပေးထားပါတယ် .. ဒီနေရာလေးမှာပဲ တစ်ခါတည်း ကစားလိုရအောင် ကျွန်တော်ဘလောဒ့်ပိုစ်တွေရဲ့အပေါ်ဆုံးမှာ ထင်တားပေးပါတယ် ..အော် မြေပုံဆက်ပြီး ဘာဆက်ဖြစ်သွားမယ်ဆိုတာ မြေပုံကိုပြိးအောင်ဆက်ပြီး ဆက်လက်ရှုစားတော်မူပါခင်ဗျာ ....

ဒီမှာ သွားကစားကြည့်မယ်

အောက်မှာဒေါင်းမယ်

Mediafire
Ifile.it
Ifile.it
                             ...ပျော်ရွှင်နိုင်ကြပါစေ....

Friday, December 24, 2010

Merry Christmas !!!!!!



Monday, December 13, 2010

Lazy sonG

Wednesday, December 1, 2010

====== Not Afraid -Eminem =====

Tuesday, November 30, 2010

Eminem 2010 MTV vma performance

Sunday, November 14, 2010

ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက....

  ဖတ်ကြည့်ပြီးတော့ သဘောကျလို ပြန်လည်တင်ပြလိုက်တာပါ ... မနိုင်းနိုင်း ဆီကတစ်ဆင့်ပါ .. ကျွန်တော်တို တစ်ခါတစ်ရံ ဆိုသလို အမြဲတမ်းဒီလိုမျိုးလေးတွေ ဖြစ်နေကြစမြဲမို့ ..

 

ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက....


အထီးကျန်တာကို အရင်သည်းခံပါ ပြီးမှ ချန်ပီယံလုပ်ပါ

အကျင့်စရိုက်က ကံကြမ္မာကို အဆုံးအဖြတ်ပေးသတဲ့။ ကျွန်မက တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် အေးအေးဆေးဆေးနေတတ်သူ၊ စိတ်ဓာတ်မာသူဖြစ်တယ်။ လူတချို့က ကျွန်မကို "အထီးကျန် ချန်ပီယံ" လို့တင်စားကြတယ်။

ကျွန်မရဲ့ငယ်စဉ်အိပ်မက်က ပန်းချီဆရာတစ်ဦးပါ။ (၃)နှစ်အရွယ်ထဲက ကျွန်မ ပန်းချီစဆွဲခဲ့တယ်။အဲဒီတုန်းက မိဘတွေအလုပ်သွားကြတော့ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့ ကျွန်မကို သူတို့စိတ်မချကြဘူး။ ဒါနဲ့ ကျွန်မကို အိမ်ထဲမှာ တစ်နေကုန် သော့ခတ်သွားကြတယ်။ ကျွန်မလည်း အိမ်ထဲမှာ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ တစ်နေကုန် ပန်းချီဆွဲခဲ့တယ်။

အဲဒီအချိန်ကစပြီး တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့အကျင့် ကျွန်မမှာပါခဲ့တယ်။ကျွန်မမှာ သူငယ်ချင်းများများစားစား မရှိဘူး။ သူငယ်ချင်းများရင် အပျော်အပါးများမယ်။ အသွားအလာများမယ်။ ကျွန်မအကျင့်နဲ့ သိပ်မကိုက်သလို ကျွန်မရဲ့ဘောလုံးကျင့်ချိန်ကိုလည်း ထိခိုက်စေတယ်။ ကျွန်မ အိမ်မှာတစ်ယောက်တည်းနေပြီး စာအုပ်ဖတ်တယ်၊ ဟာသကားကြည့်တယ်၊ မုန့်စားတယ်၊ တစ်ခါတလေ မေမေနဲ့ ဈေးဝယ်ထွက်တယ်။ စိတ်ဖိအားများတ့အချိန် Yogaကျင့်တယ်။ တစ်ယောက်တည်း ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ပေါ့ပါးတဲ့သံစဉ်တွေနဲ့ စိတ်ဖိအားကိုလျော့တယ်။ ဒါတွေဟာ ကျွန်မရဲ့အားလပ်ချိန်မှာ ကျွန်မအရမ်းနှစ်သက်တဲ့ အနားယူခြင်းတွေပါပဲ။

အခုချိန်မှာ ပြန်တွေးကြည့်ရင် အေးအေးဆေးဆေးသမားတွေက ဘိလိယက်ကစားသမားဖြစ်ဖို့ အရမ်းသင့်လျော်တယ်။ ဘိလိယက်ထိုးရင် အာရုံစူးစိုက်မှုရှိရတယ်။ တွေးတောရတယ်။ စိတ်ရှည်ရတယ်။ တည်ငြိမ်ရတယ်။ ဒါတွေအားလုံး ကျွန်မမှာရှိတယ်။ ဒီကနေ့ခေတ်မှာ တစ်ယောက်တည်း ထီးထီးနေနိုင်တဲ့သူ ရှားတယ်။ ဒါကြောင့် အထီးကျန်တာကို အရင်သည်းခံပါ။ ပြီးမှ ဆရာတစ်ဆူလုပ်ပါ။ ကောင်းမွန်တဲ့ စိတ်နေသဘောထားက အောင်မြင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။


ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက သူတစ်ပါးကိုအောင်နိုင်ခြင်းထက် အရေးကြီးတယ်

သိပ်မကြာခင်တုန်းက အမေရိကားပြိုင်ပွဲတစ်ခုမှာ ကျွန်မသွားယှဉ်ပြိုင်ခဲ့တယ်။ အမေရိကန်လက်ရွေးစင် Allison Fisherနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲကို ကျွန်မတစ်သက်မမေ့ခဲ့ဘူး။

ကမ္ဘာ့နံပါတ်တစ်ဆိုတဲ့ ဒီလက်ရွေးစင်နဲ့ အရင်က ကျွန်မနှစ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးတယ်။ တစ်လှည့်နိုင် တစ်လှည့်ရှုံးခဲ့တဲ့ရလဒ်က ဒီတစ်ခေါက် သူနဲ့ယှဉ်ပြိုင်ဖို့အတွက် ကျွန်မကို ပေါ့ပေါ့ပါးပါးရှိစေခဲ့တယ်။ ပြိုင်ပွဲပြိုင်နေတုန်း နှစ်ယောက်စလုံး (၈)မှတ်ညီနေချိန်ထိ ကျွန်မဘက်က အသာရနေခဲ့တယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးကို ကျွန်မ ပိုင်ပိုင်နိုင်နိုင် မဖမ်းချုပ်နိုင်ခဲ့ဘူး။ နောက်ပြီး အမေရိကန်မှာ ယှဉ်ပြိုင်တဲ့ပွဲဖြစ်လို့ အမေရိကန်လူမျိုးတွေက သူတို့ရဲ့လက်ရွေးစင်ကိုပဲ အနိုင်ရစေချင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မနောက်ဆုံးတစ်ချက် ထိုးခါနီးမှာ အစီအစဉ်မှူးက ပရိသတ်တွေကို ပြိုင်ပွဲကနေ ထွက်ခွာနိုင်ပြီဖြစ်ကြောင်း ကြေညာတယ်။ အဲဒီမှာ ကွင်းပတ်လည်က ပရိသတ်တွေ လှုပ်လှုပ်ရှားရှားနဲ့ နေရာကခွာကြတယ်။ ဒီလိုရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေက ကျွန်မရဲ့အာရုံကို လာနောက်တယ်။ နောက်ဆုံး အသာစီးအနိုင်ရမယ့်ပွဲမှာ ကျွန်မရှုံးသွားခဲ့တယ်။

ပွဲပြီးတော့ ကျွန်မ အရမ်းဝမ်းနည်းမိတယ်။ ကမ္ဘာ့အဆင့်တစ်လက်ရွေးစင်နဲ့ နောက်ဆုံးယှဉ်ပြိုင်ပွဲမှာ ကျွန်မရဲ့မှားယွင်းချက်ကြောင့် ကျွန်မသူ့ကို မနိုင်ခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ ခွင့်မလွတ်နိုင်ခဲ့ဘူး။ အဲဒီညမှာ ကျွန်မလုံးဝ အိပ်မပျော်ခဲ့ဘူး။ ဖေဖေဆီဖုန်းဆက်ပြီး "ဒီကစားပွဲကို ကျွန်မတစ်သက်မှတ်ထားမယ်!" လို့ပြောခဲ့တယ်။

အိပ်လို့မရခဲ့တဲ့ကျွန်မ ပုံပြင်တစ်ပုဒ်ကို ထပ်လောင်းတွေးနေမိတယ်။ အဲဒီပုံပြင်က ကောင်မလေးတစ်ယောက်ဟာ ကမ်းမမြင်လမ်းမမြင်တဲ့ နွံတောထဲမှာ လမ်းလျှောက်နေခဲ့တယ်။ လမ်းပျောက်နေခဲ့သည့်တိုင် ထက်မြက်တဲ့ကောင်မလေးက မထိတ်လန့် မတုန်လှုပ်ခဲ့ဘူး။ သူထားခဲ့တဲ့ ခြေရာအတိုင်း နဂိုနေရာဆီရောက်အောင် ပြန်လာခဲ့ပြီး လမ်းသစ်ကိုရှာခဲ့တယ်။ နောက်ဆုံးမှာ အဆုံးမရှိတဲ့ နွံတောထဲကနေ သူရအောင် ထွက်နိုင်ခဲ့တယ်။ ဒီပုံပြင်က ကျွန်မကို ထပ်တဖန်ထိုးဆွနေခဲ့တယ်။ ပြိုင်ပွဲတစ်ခုရှုံးသွားပေမယ့် အဲဒီပြိုင်ပွဲထဲကနေ အမှားအယွင်းနဲ့ လိုအပ်ချက်တွေကို ရှာနိုင်ခဲ့ရင် အသစ်တဖန်ပြန်စနိုင်တဲ့ အင်အားကိုရစေပါတယ်။

လူ့ဘဝမှာ အရာရာက အမြဲတမ်း အဆင်ပြေနေမှာ မဟုတ်ဘူး။ ကိုယ်လျှောက်ခဲ့တဲ့လမ်းမှာ ခြေရာလေးတွေချန်ပြီး လမ်းပျောက်တဲ့အခါ စမှတ်ကို ရှာနိုင်ရင်ရပါပြီ။ ဒီလိုအဖြစ်အပျက်နဲ့ ကြုံပြီးနောက် လူတွေဟာ ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက သူတစ်ပါးကိုအောင်နိုင်ခြင်းထက် ပိုအရေးကြီးတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။


အပင်ပန်းခံတာ ထိပ်ဆုံးရောက်ဖို့

ကျွန်မမိတ်ဆွေတွေက ကျွန်မကို

Tuesday, October 26, 2010

.. ကြိုက်တယ်ဗျာ .. အရမ်းကြိုက်လို ခဏခဏနားထောင်ဖြစ်တယ် ...ဟိဟိ ...

Tuesday, September 7, 2010

TAYLOR SWIFT - Love Story

Monday, August 30, 2010

Eminem - Love The Way You Lie


.... ဒါက သီချင်းစာသားလေးပါ ....