.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....
Showing posts with label ဘ၀. Show all posts
Showing posts with label ဘ၀. Show all posts
Tuesday, March 26, 2013
ငါ နင့်ကိုချစ်တရ်
မင်္ဂလာဆောင်ပြီး နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ဇနီးမောင်နှံရဲ့ သားဦးလေးကို မွေးဖွားခဲ့တယ်။
သားလေးဟာ သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး။ သားလေး (၂)နှစ်သားအရွယ် ရောက်လာတဲ့
မနက်ခင်းတစ်ခုမှာ ယောကျာ်းဖြစ်သူက ဆေးပုလင်းတစ်ခု အဖုံးဖွင့်လျက်သားဖြစ်နေတာကို တွေ့လိုက်တယ်။
အလုပ်အရမ်းနောက်ကျနေတာမို့ မီးဖိုခန်းက သူ့ မိန်းမ ကို အော်ပြောလိုက်တယ်။ ပွင့်နေတဲ့ ဆေးပုလင်း
အဖုံးကို ပိတ်ပြီး ဗီဒိုထဲ ထည့်လိုက်ဖို့ပါ။ မိန်းမက မီးဖိုခန်းမှာ အလုပ်ရှုပ်နေတော့ ယောကျာ်းပြောတကို
မေ့သွားတယ်။
သားလေး က ဆေးပုလင်းကို ယူပြီးဆော့ကစားတယ်။ ပုလင်းထဲက အရောင်တောက်တောက် ဆေးလုံး
လေးတွေကို တော်တော်များများ မျိုချလိုက်တယ်။ ၂ နှစ်သား အရွယ် ကလေးတစ်ယောက်အတွက် တော့
အဆိပ်တွေဖြစ်ခဲ့ပါတယ်။ မီးဖိုခန်းက ထွက်လာတဲ့ အခါ ကလေးက ခွေလျက်လေး လဲနေပါပြီ။ ဆေးရုံကို
ပို့ပေမယ့် ကလေး က အသက်မရှိတော့ပါဘူး။ သားလေး ကိုကြည့်ပြီး သူမ မငိုဘူး။ မျက်ရည် ကျမလာဘူး။
ယောကျာ်းကို သူမ ဘယ်လို ပြန်ပြီး ဖြေရှင်းချက်ပေးရမလဲ။ အတွေးတစ်ခုနဲ့ တင် သူမ ရူးမတတ် ခံစား
နေရတယ်။ ယောကျာ်း အရူးတပိုင်းပြေးလာပြီး သားလေး ကို ပွေ့ချီလိုက်တယ်။ ဘာသံမှ ထွက်မလာဘဲ
မျက်ရည်တွေ တပေါက်ပေါက်ကျလာတယ်။ သူ ... သူ့မိန်းမကို တချက်ကြည့်ပြီး စကားတခွန်းပြောလိုက်တယ်။
ဘာပြောလိမ့်မယ်လို့ သင် ထင်လဲ။
`မိန်းမ... ငါနင့်ကို ချစ်တယ်´
ဘယ်လိုမှ ထင်မထားတဲ့ တုံ့ပြန်မှုတစ်ခုဟာ သူမ ရဲ့ မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ ကျလာစေတယ်။
သားလေးက အသက်မရှိတော့ဘူး။ သူတို့ သားလေး ကို လူ့ဘ၀ ထဲ ပြန်ရောက်လာအောင် မလုပ်နိုင်ဘူး။
မိန်းမကို အပြစ်ရှာပြီး အပြစ်တင်နေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ယောကျာ်း အနေနဲ့ အချိန် နည်းနည်း
လေးယူပြီး ဆေးပုလင်းအဖုံးကို ပိတ်ပြီး အလုပ်သွားခဲ့ရင် ဒီကိစ္စဖြစ်လာမှာမဟုတ်ဘူး။ တစ်ယောက်နဲ့
တစ်ယောက် ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတာကို ပြောပြီး ငြင်းခုန်နေဖို့ အချိန်မရှိဘူး။ မိခင် တစ်ယောက်
အနေနဲ့ သား တစ်ယောက်ဆုံးရှုံးခဲ့ပြီ။ ဒီအချိန်မှာ သူမ လိုအပ်နေတာ ခင်ပွန်း ဆီ နှစ်သိမ့်မှု၊ စာနာမှု။
သူ...အခု သူမကို ပြောတဲ့.. `ငါ နင့်ကိုချစ်တယ်´ ဆိုတဲ့ စကားတခွန်း။
(တခါတလေ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးတစ်ခုမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲ
ဖြစ်ဖြစ်..ကျွန်တော်တို့ တွေဟာ ဘယ်သူ့မှာ အပြစ်ရှိတယ်၊ ဘယ်သူ တာဝန်ယူသင့်တယ် ဆိုပြီး
ငြင်းခုန်ကြတယ်။ အော်ဟစ်ကြတယ်။ လူသားတွေရဲ့ နွေးထွေးတဲ့ တစ်ဦးပေါ်တစ်ဦးကူညီမှု၊
နွေးထွေးမှု၊ ဖေးမမှု တွေကို မေ့လျော့နေကြတယ်။ သင့်ရဲ့ ထင်မြင်ချက် တစ်ခုပေါ်မှာပဲ
ကောက်ချက်ချတယ်။ နာကျင်မှု တွေကို ဆပွားပြီး၊ ပျော်ရွင်မှုတွေကို ဖျောက်ဖျက်ပစ်ကြတယ်။
`ငါသာ သူ့နေရာမှာ ဆိုရင်´ ဆိုတဲ့ ရှုထောင့်တစ်ခုက နေ ကျွန်တော်တို့ မကြည့်မိဘူး။
မတူညီတဲ့ ရှုထောင့်တစ်ခုကနေ ကျွန်တော်တို့ ကြည့်မိရင် ကမ္ဘာပေါ်မှာ ပြဿာနာတွေ
နည်းပါးသွားမှာပါ။
သင့်ရဲ့ ရန်လိုတဲ့စိတ်တွေ၊ မနာလိုမှုတွေ၊ ခွင့်လွတ်ဖို့ မလွယ်ကူတဲ့ စိတ်ဓာတ်တွေ၊ တကိုယ်ကောင်း
ဆန်မှုတွေ၊ ကြောက်ရွံ့မှုတွေ ကို ဖယ်ရှားပစ်ကြည့်ပါ။ သင်ထင်ထားသလို ခက်ခဲမှု မရှိကြောင်း သင်
တွေ့ရပါလိမ့်မယ်။ သင့်ဘ၀ ပိုပြီး လှပ လာပါလိမ့်မယ်။)
ပထမဆုံး ဇာတ်လမ်းတိုလေးကို ဘာသာပြန်မှု။
- သိုးငယ်
Saturday, March 9, 2013
ှတစ်ခါတစ်လေ
ခံစားရခက်တဲ့  
တချို့လူ့ကျင့်ဝတ်ထဲမှာ
အဆိုးရွားဆုံး ကတော့ 
ချစ်သူကို ဘေးမှာထားပြီး သူငယ်ချင်းကို သတိရကြောင်းပြောနေတာတွေပေါ့ ........
နားလည်ရခက်တဲ့ 
ပုဒ်စာတွေထဲမှာ
ချစ်သူကို ချစ်တယ်ပြောပြီး 
ရည်းစားဟောင်းကို မမေ့နိုင်သေးတာတွေလည်း ပါတာပေါ့ .......
တချို့ စာသားတွေလိုပါပဲ ........
အပ်ဖျားတစ်ထောက်စာဆိုပေမဲ့ 
ဆပ်ပြာပူဖောင်းအတွက်တော့  ဘ၀ပျက်သွားစေနိုင်တယ်လေ  .....
တခါတလေ 
အဲလို အလိုက်မသိတက်ခြင်းက လည်း ချစ်သူတွေကို ပိုဝေးကွားသွားစေနိုင်တယ်မဟုတ်လား  .......
မူရင်းပိုစ် ... (ပုံရိပ်စစ်)
I WANT TO DIE
I want to die. What is the use of staying alive?
What is the purpose of my life?
When I am always living with so much strife.
I can't  go on living this way.
I can't  stand boring day, after boring day.
Just watching my life waste away.
You must think I am a drama queen,
You haven't  been there, you haven't  seen
The disaster my life has been.
I know death is part of living, but all I know
Is that I will be quitting my life,
which has no meaning.
I want death to take over,
I want to go being sober,
Knowing what I am doing,
Aware of where I am going.
No need for drugs, no need to disguise
The feeling certain death will arise.
I will go quietly, no one will know
Just let me sleep, and not wake up tomorrow.
I want to die, don't want to cry, no one understands my sorrow...
Poem By: Midnight Rose 
Sunday, March 3, 2013
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
Sunday, September 16, 2012
တကယ်လို့ တစ်နေ့နေ့မှာ
တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင်စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်းပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချခွဲသွားရက်မှာမို့ပါ...
တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?
တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ? အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ "ဟင့်.. မောင်နော်"လို့ ချွဲချွဲနွဲ့နွဲ့ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?
အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။ နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။ ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။ တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...
တကယ်လို့ တစ်နေ့နေ့မှာ နင့်နေ့စဉ်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါကောင်းခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။ ငါ့ရဲ့ခွင့်လွှတ်ခြင်း၊ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။ ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန် ကျခဲ့တဲ့မျက်ရည်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။
တကယ်လို့ တစ်နေ့နေ့မှာ နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။
Tuesday, May 24, 2011
What's love ???
ယနေ့ ထူးထူးခြားခြား တစ်စုံ တစ်ယောက်က မေးခွန်း တစ်ခု မေးလာသည်။
ထိုမေးခွန်းမှာ – *မင်းမှာ ရည်းစားတွေ အများကြီး ရှိခဲ့ဖူးတယ် ဆိုရင် သူတို့ကို
မင်း တစ်ကယ်ချစ်ခဲ့ သလား၊ သို့မဟုတ် မင်းကို တစ်ကယ်ချစ်တဲ့ သူနဲ့ရော
တွေ့ခဲ့ဖူးလား* ဆိုတဲ့ မေးခွန်းပါ။
မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်မှာ – “*သူတို့သည်လည်း မိမိအား
အမှန်တကယ်ချစ်ခြင်း မဟုတ်ကြပါ၊ မိမိကလည်း သူတို့ကို အမှန်တကယ်ချစ်ခြင်း
မဟုတ်ပါ” *ဟုဖြစ်သည်။
မေးသူက အတော်အံ့အား သင့်သွားပြီး၊ ဒါဆိုရင် *မင်းမှာ အချစ်ဆိုတာ မရှိဖူးလား၊
နောက် မင်းကို တစ်ကယ်ချစ်တဲ့သူ မတွေ့ဖူးဖူး ဆိုတာ ဘယ်လို
ပြောနိုင်သလဲလို့ *ထပ်ဆင့်မေးလာပြန်ပါတယ်။
သူ့ကို မိမိ သိထားဖူးတဲ့ ဗဟုသုတ နဲ့ ရှင်းပြလိုက် ဖြစ်ပါတယ်။
ဒီလိုပါ။ ချစ်တယ် ဆိုတာ ဘာဖြစ်ပါသလဲ။ ချစ်တယ်ဆိုသည်မှာ မိမိရင်ထဲမှ ထိုသူ
တစ်ဦးတစ်ယောက်အား ပျော်ရွင်စေလိုခြင်း၊ သာယာစေလိုခြင်း၊ ချမ်းသာ စေလိုခြင်း၊
အောင်မြင် စေလိုခြင်း ကို ခေါ်တယ်လို့ ထင်ပါတယ်။ မုန်းတယ် ဆိုတာက ထိုသို့
ချစ်ခြင်း ကြောင့် ဖြစ်စေချင်ခြင်းများကို ဆန့်ကျင်ဖက် ဖြစ်စေချင်တာ မုန်းတာ
ဖြစ်ပါလိမ့်မယ်။
ရှေးဦးစွာ မိမိကိုယ်မိမိ ကြည့်လျှင် မိန်းကလေး တစ်ဦးအား ချစ်ပါသည်။
ထိုမိန်းကလေးသည် မိမိအား စော်ကားခြင်း၊ ကန်ကျောက် ရိုက်ပုတ်ခြင်း၊
သစ္စာမရှိခြင်း၊ လိမ်ညာခြင်း၊ မိမိ အား စိတ်ချမ်းသာမှု မပေးနိုင်ခြင်း စသည်ဖြင့်
မိမိ စိတ်အလိုကျ မဖြစ်သည့် အခါ ထိုမိန်းကလေးအား မချစ်တော့ပါ။
ထိုအခါ စမ်းစစ်ကြည့်ဖို့ လိုပါသည်။ မိမိသည် သူ့အားချစ်သည် ဆိုခြင်းများဟာ
သူ့အတွက်လား၊ မိမိ အလိုပြည့် စေရန် အတွက်လား ဆိုသည်ကို သတိပြုသင့် ပါသည်။
သို့ဆိုလျှင် မိမိကိုယ်မိမိ ချစ်ခြင်း နှင့် သူ့ကို မိမိကချစ်ခြင်း ခွဲခြားနိုင်ပါလိမ့်မည်။
ထိုနည်းတူ မိန်းကလေး တစ်ဦးက မိမိ ချစ်သည်ဆိုခြင်းမှာလည်း မိမိက အခြား
မိန်းမများနှင့် ပျော်ပါး သွားလာနေသည့်အခါ၊ သူ့အား ရိုက်ပုတ်ကန်ကျောက်၍
အနိုင်ကျင့် သည့်အခါ၊ သူ့ စိတ်အလိုကျ မဖြစ်သည့် အခါမျိုးတွင် မိမိအား သူက
ချစ်နေပါဦးမည်လား။ ထိုအခါ အချစ်များ လွှင့်ပါး ကုန်မည်လား။
တကယ်တော့ အချစ်ဆိုတာ – တစ်လမ်းသွား ဖြစ်ပါတယ်။ ရယူလိုခြင်း ရှိသမျှ သူတစ်ပါးကို
ချစ်ခြင်း လို့ မဆိုနိုင်ပါ။ မိမိအလိုကျလျှင် ချစ်မည်၊ အလိုမကျသည့် အခါ
မချစ်တော့ ဆိုသည်မှာ ကြိုက်နှစ်သက်ခြင်း တစ်ခုဖြစ်ပြီး၊ ကြိုက်နှစ်သက်သည်
ဆိုသည်မှာ လောဘ ပါသည့် မိမိကိုယ် မိမိ ချစ်ခင်ခြင်းသာ ဖြစ်သည်။
တစ်ဖက်က အမြင်နဲ့ လေ့လာကြည့်ပါ။ ဥပမာ- မိခင်၊ ဖခင်က သားသမီးကို ချစ်ခြင်းမှာ
သူ့ဆီက လိုလား တောင်းတမှု တစ်စုံ တစ်ရာမပါပါ။ သူတို့ စိတ်တိုင်းကျ သည်ဖြစ်စေ၊
စိတ်တိုင်းမကျသည် ဖြစ်သည်၊ မိမိအား ချစ်သော အချစ်သည် တစ်ကယ်တမ်း မလျှော့ပါ။
သူတို့အား ကန်ပုတ် စိတ်မချမ်းမွေ့ရာ လုပ်လဲ သူတို့သည် မုန်းမည် မဟုတ်ပါ။ မိမိ
ချမ်းသာ ပျော်ရွင်ခြင်းကိုသာ သူတို့ လိုလားကြသည်။ ထို့ကြောင့် မိဘသည်
သားသမီးကို ကြိုက်ခြင်း မဟုတ်ပါ၊ ချစ်ခြင်းဖြစ်သည်။
ထိုသို့ ချစ်ခြင်းနဲ့ ပတ်သက်သည့် အဓိပ္ပါယ် ဖွင့်ထားတဲ့ အီးမေးလ် တစ်စောင်
ရဖူးပါတယ်။ အဲဒီ အီးမေးလ်မှာ ရှင်းပြထားတာက ပိုလို့ ပြည့်စုံပါလိမ့်မယ်။
*အောက်မှာ ဖတ်ကြည့်ပါ။
*
Saturday, April 23, 2011
အတွေးတစ်စ (ဆုံးအောင်ဖတ်ကြည့်ပေးပါ)
ချစ်သောညီမလေး
ဒီစာကို ဖတ်နေရတဲ့ အချိန်ဟာ ညီမလေးအတွက် ကြည်လင် အေးချမ်းတဲ့ နေ့ကလေးတစ်နေ့ဖြစ်ပါစေ…။
တစ်ခါတရံမှာ ခန္ဓာကိုယ်အတွင်းက တင်းကြပ်မှုတွေအကုန်လျှော့ချပြီး
ဦးနှောက်ကိုဗလာထားလို့ ခပ်ငြိမ်ငြိမ်နေခဲ့ဖူးပါသလား။ လက်ရှိဖြစ်ပေါ်နေတဲ့
အခက်အခဲတွေ၊ အရှုံးတွေ၊ အတားအဆီးတွေ၊
စိတ်ခံစားမှုတွေ…ဒါတွေအားလုံးအဝေးဆုံးကို လွှင့်ပစ်ပြီး
“ငါအခုဘယ်လိုခံစားနေရသလဲ” လို့ ညီမလေး တွေးကြည့်ဖူးခဲ့ပါသလား။
မျက်ရည်တစ်စက်ကျပြီးတိုင်း ပါးပြင်ပေါ်က မျက်ရည်ကိုခပ်ကြမ်ကြမ်းသုတ်ဖယ်ပြီး
ဟာသပြက်လုံးတစ်ခုအပေါ် စိတ်လွတ်လက်လွတ် ရယ်ခဲ့ဖူးပါသလား။ ဒါတွေအားလုံး
မလုပ်သေးဖူးဘူးဆိုရင် တစ်ခါလောက်တော့ တိုက်ဆိုင်မှုတွေ ကြုံလာရင်
လုပ်ကြည့်လိုက်ပါ။ ပြီးရင် ဘယ်လိုဖြစ်သလဲ မမကိုတော့ပြန်ပြောလှည့်ပါ ညီမလေး။
ညီမလေးရေ…………….
တကယ်လို့များ တစ်ယောက်က ညီမလေးကို ဒီလိုမေးလာခဲ့မယ်ဆိုပါစို့။
“ဘ၀ကို အသစ်တစ်ဖန်ပြန်နေရမယ်ဆိုရင် ဘာတွေလုပ်မလဲ”
ညီမလေး ဘာတွေဖြေမလဲ ?။
မမ ကိုတော့ မေးသူရှိခဲ့ရင် ဒါလေးတွေ ဖြေဖြစ်မယ်ထင်တယ်။
မလိုအပ်ဘဲ လမ်းမသွားဘူး။ သွားရမယ်ဆိုရင် သွားရမယ့်ကိစ္စက အများအတွက်
အကျိုးရှိမလား…ဒါဆိုရင်သွားမယ်။ စကားနည်းနည်းပဲ ပြောမယ်။
သူများပြောတာတွေ များများနားထောင်မယ်။ လူတစ်ဦးတစ်ယောက်အပေါ် မဟုတ်ဘဲ
လူအများအပေါ်ချစ်တတ်လာအောင် ကြိုးစားမယ်။ ကိုယ့်အနားကို
အိမ်မွေးတိရစ္ဆာန်တစ်ကောင် ပွတ်သီးပွတ်သပ်လာလုပ်ရင် အရင်လိုမောင်းမထုတ်ဘဲ
ပွေ့ချီနိုင်အောင် ကြိုးစားမယ်။ အဖေနဲ့ အမေကို နေ့တိုင်း ဂရုစိုက်မယ်။
ဝမ်းနည်းစရာရှိ အံကြိတ်ပြီး မနေတော့ဘူး..စိတ်လွတ်လက်လွတ်
ငိုကြွေးပစ်မယ်…။အရာရာ ကိုယ့်အမှားလို့ မခံယူတော့ဘူး..ကာလ၊ ဒေသ၊
အခြေအနေတို့အပေါ် မူတည်ပြီး ဖြစ်ချိန်တန်ဖြစ်…ပျက်ချိန်တန်ပျက်တာပဲလို့
မှတ်ယူမယ်….။
ရယ်စရာမကောင်းဘူးလား ညီမလေး…။တစ်ခါတရံလူတွေရဲ့ အလိုဆန္ဒတွေက
ရယ်စရာကောင်းတယ်။ အခုညီမလေး အသက် ၂၀ ကျော်ခဲ့ပြီ။
နောက်ပြန်လှည့်ကြည့်တော့ အရှုံးတွေတွေ့ရသလား၊ အမုန်းတွေတွေ့ရသလား၊
ဥပေက္ခာတွေတွေ့ရသလား၊ အပြုံးတွေတွေ့ရသလား၊ မောပန်းမှုတွေတွေ့ရသလား၊
ရယ်စရာတွေတွေ့ရသလား၊ ကြည်နှုးမှုတွေတွေ့ရသလား…………………။
အားလုံး ပူလောင်စရာတွေပဲလို့ ညီမလေးမဖြေလိုက်ပါနဲ့။ တကယ်တော့ ပူလောင်စရာတွေကော…အေးမြတာတွေကော ညီမလေးရရှိခဲ့တာ အသေအချာပါပဲ…။
အဲဒါ ဘ၀ပါပဲ ညီမလေး…။
ညီမလေးရေ……………
ဘ၀တစ်ခုထဲမှာ မိသားစုရယ်လို့ ဖြစ်တည်လာကြတာ၊ ချစ်သူရယ်လို့ပေါ်ပေါက်လာကြတာ၊
အိမ်ထောင်ဖက်ရယ်လို့ ဆုံတွေ့လာကြတာ၊ မိတ်ဆွေသူငယ်ချင်းရယ်လို့ သံယောဇဉ်တွေ
ခိုင်မြဲလာကြတာ တကယ်တော့ ဟိုးးး အတိတ်က ဘ၀အသီးသီးက
သူ့အကြွေး..ကိုယ့်အကြွေး…အကြွေးကိုယ်စီဆပ်နေကြတာပါပဲကွယ်။
မုန်းတလှည့်…ပြုံးတလှည့်..သံသရာက မာယာများတဲ့နောက်တော့
အစက်အပျောက်ဘ၀ဆိုတာလေးမှာ မာယာတွေကြွယ် အရောင်ခြယ်နေကြတာ
အဆန်းတကြယ်မဟုတ်ခဲ့ပါဘူး ညီမလေးရယ်။
ညီမလေးရေ………
စာဆိုတော်“ ရာဘင်ဒြာနတ်တဂိုး” က ဆိုခဲ့ဖူးတယ်။
Friday, April 8, 2011
တတိယမျက်လုံး
တိကျလှပါတယ်ဆိုတဲ့ နာရီ ၂ လုံးတောင် စက္ကန့်ဆိုတာက မတူနိုင်ကြပါဘူး .. ဒီလိုပါပဲ.. ဘယ်နေရာ ဘယ်အချိန် ဘယ်ဒေသမှာ ဘာတွေ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ လူတိုင်းလူတိုင်းရဲ့ စိတ်ခံစားချက် ၀ါသနာ ရပ်တည်နေထိုင်မှု နဲ့ ဖြစ်တည်နေမှုတွေ ကျင်လည်နေရတဲ့ဘ၀တွေ လှုပ်ရှားရုန်းကန်နေရတဲ့ အခြေအနေတွေ အားလုံးကလည်း မတူနိုင်ပါဘူး . ဒါကို နားလည်ပေးသင့်တာပေါ့ ..ကိုယ်ဒါကိုသဘောကျလို ဒါကိုသိလို သူလည်းဒါဖြစ်နေရမယ်ဆိုတဲ့ ခင်ဗျားတို့အတွေးတွေကတော့ တစ်ကယ်ဆို ကလေးတစ်ယောက်နဲသွားတူနေတယ်ဗျာ .. စိတ်မကောင်းစရာပဲ .. အမှန်ဆို 'A' ဆိုတာကလည်း သူဘ၀နဲ့သူနေသလို 'B' ဆိုတာကလည်း သူအခြေအနေနဲသူပါ .. သူတို ၂ ခုပေါင်းပြီး စာလုံးတွေ ဖွဲနိုင်သလို တစ်လုံးခြင်းစီရပ်တည်နေလည်း အဓိပ္ပါယ်တွေကတော့ ရှိနေဆဲပါပဲ ... အဲ့လို့ပဲ .. မြေပုံမဆွဲတတ်တာလေးတစ်ခုနဲတော့ သချာင်္ဆရာတစ်ယောက်ဟာ မြောင်းထဲရောက်မသွားပါဘူး .. နားလည်ပါ .. ခံစားတတ်ပါ .. သိတတ်ပေးပါ ... တစ်ယူသန်တယ် အစွဲကြီးတယ် အတ္တများတယ်ဆိုတာ စာအုပ်တွေ ဇာတ်လမ်းတွေ ထဲမှာပဲကောင်းတာပါ .. တစ်ကယ်လက်တွေ ဘ၀မှာ အများနဲ့အံ့မ၀င်လို့ကတော့ ခင်ဗျားသေချာတယ် လူမသိသူမသိတိတ်တိတ်လေး ကမ္ဘာကြီးကို ကျောပေးနေရလိမ့်မယ် ..ခင်ဗျားလို အဖိုးတန် ရတနာတစ်ပါးကို လောကကြီးက အမှန်တစ်ကယ်လိုအပ်နေတာပါဗျာ ... အဲ့ဒါကြောင့် ခင်ဗျားအတ္တတွေကို ခဏခေါက်ပြီး နောက်တစ်လှမ်းဆုတ်လိုက် .. ပြီးရင် ခင်ဗျားပတ်ဝန်းကျင်နဲ့ ခင်ဗျားရဲ့ရှေကိုမြင်အောင်သေချာ ပြန်ကြည့် ..... ဘ၀ဆိုတာ စာအုပ်တွေ စကားလုံးတွေလောက် အမြဲတမ်း မလှပသလို အမြဲတမ်းလည်း ကြမ်းတမ်းမနေဘူးဆိုတာရယ် ...  သူ့နေရာလေးနဲ့သူ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိနေတဲ့ အရာတွေရယ်  .. လက်ရှိခင်ဗျားရပ်တည်နေတဲ့ နေရာကနေ လောကအတွက် ဘာလုပ်ပေးနိုင်လည်း ဆိုတာရယ် . စတဲ့ စတဲ့ စတဲ့အရာတွေ အားလုံးကိုခင်ဗျားတွေ့မြင်တတ်လာလိမ့်မယ် .. ကျရာနေရာကနေ ဆေးစက်ကျတိုင်းအရုပ်ထင်နိုင်ပြီး ရာသီဥတုတွေနဲ့ သင့်တင့်လျှော်ဆီစွာနေထိုင်နိုင်တဲ့ သူတစ်ယောက် အဖြစ် ထာဝရ ရပ်တည်နိုင်ပါစေဗျာ ..
(ဘာလည်းတော့မသိဘူ .. စိတ်အချည်ပေါက်ပေါက်နဲ့ရေးချလိုက်တာ )
ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂) (မင်းခိုက်စိုးစန်)
တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ခက်တာက သူ့တို့နေတဲ့ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ မီးဖို တစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံ ပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကျရင်  ဟိုအိမ် ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစားရတယ်ဆိုပဲ။
တစ်နေ့လည်းမဟုတ်၊ နှစ်နေ့လည်းမဟုတ်၊ နေ့တိုင်းနေ့တိုင်း၊ မနက်စာတောင်းလိုက်၊ ညစာတောင်းလိုက်နဲ့ ဆိုတော့ပေးရတဲ့ အိမ်တွေကလည်း ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ။ တစ်သတ်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာလား။ ကိုယ့်ဘာသာကိုယ်လည်း ချက်စားကြဦးမှပေါ့” လူတွေကပြောကြတဲ့အခါ
သိပ္ပံပညာရှင်တွေက “ချက်တော့ စားချင်ပါတယ်ဗျာ။ ဒါပေမယ့် မီးဖိုချောင်မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျာ။ ဒါမှမဟုတ်။ ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေပဲ..ကိုယ့်ဘာသာကိုယ် မီးဖိုလေးတစ်လုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား” လူတွေကအကြံပေးကြသတဲ့
ဒီလိုအပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီ…
“ငါတို့အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်တယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောင်ကြမယ်ပေါ့။ ဒီလိုနဲ့အားလုံး သဘောတူလိုက်ကြတယ်။
မီးဖိုကြီးမပြီးခင်မှာပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့လုပ်တဲ့ မီးဖိုက သိပ်ပြီးကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေတပ်ဖြစ်သွားတယ်။
အဲဒီမှာတင် နောက်တစ်ယောက်က..
“ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေတပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“ စက်လည်းတပ်ပြီးပြီ၊ ဘီးတွေလည်း ရှိပြီ။ မောင်းလို့လည်း ရနေပြီဆိုတော့.. တစ်ခါတည်း လူတွေပါလိုက်စီးလို့ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီးဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခုဆောက်နေတယ် ကြားလို့ လာကြည့်တဲ့ လူတစ်ယေက်က-
အဲဒီမီးဖိုလည်း မြင်ရော ရင်သပ်ရှုမောဖြစ်သွားပြီး……..
“အို… အံ့မခန်းလက်ရာပဲ” လို့ ချီးကျူးတယ်။ အဲဒီလူကစပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူမှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါရောတဲ့။
ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံတွေကြားလေလေ..
သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရလာလေလေ.. သူတို့ လက်စွမ်းကို ပြချင် လာလေလေပေါ့။
ဒါနဲ့ သိပ္ပံပညာရှင်တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲတပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေကိုပါ အလိုအလျောက် စနစ်နဲ့ ဖွဲ့စည်းပြောင်းလဲလို့ရအောင်တပ်ဆင်လိုက်တယ်။
နောက်တစ်ယောက်ကတော့ လေဖိအားသုံးစနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ဒါအပြင် မီးဖိုကြီးဟာ မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ်။
တတိယ သိပ္ပံပညာရှင်ကတော့ မီးဖိုကြီးအတွင်းမှာ ကွန်ပျူတာတစ်လုံး ဆင်လိုက်တယ်။ သိချင်တဲ့ ပြဿနာမှန်သမျှကို အဲဒီကွန်ပျူတာက အဖြေပေးနိုင်တယ်ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ်… တဲ့။
လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာ သိပ်မှန်တာပဲလို့ ချီးမွမ်းကြတယ်။
နောက်ဆုံးတော့.. မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာအထူးခြားအဆန်းသစ်ဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ။
ချွတ်ယွင်းချက်ကလေး တစ်ခုပဲ ရှိတယ်။
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး… တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ ဟင်းတွေ လိုက်တောင်းစားနေရတာပါပဲတဲ့။
ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒါပါပဲ။
ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး စဉ်းစားနေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်….” လို့။
ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂)
မင်းခိုက်စိုးစန်
-
ကျွန်တော်လည်း စဉ်းစားမိတယ်။
အချစ်ကို လိုချင်ပါတယ်- ဆိုပြီးချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့ပါသလား။
ချစ်ခြင်းမေတ္တာကို ဗန်းပြ အမည်တပ်ပြီး အပိုစာသားတွေပဲ တည်ဆောက်ခဲ့ပါသလား။
အောင်မြင်မှုကို လိုချင်ပါတယ်ဆိုပြီး – အောင်မြင်မှုနောက်ကိုလျှောက်လှမ်းခဲ့ပါသလား။
အောင်မြင်မှုအတွက် လို့  ခေါင်းစဉ်တပ်ပြီး အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ခဲ့ပါသလား။
ကျေးဇူးတင်ပါတယ် ဆိုပြီး ကျေးဇူးဆပ်ခဲ့ပါသလား။
ကျေးဇူးပါပဲ စကားကိုတည်လဲသုံးပြီး တစ်ရစ်ပြီးတစ်ရစ် စားသုံးခြင်းသာပြုခဲ့ပါသလား။
တည်ဆောက်ရင်း .  .တည်ဆောက်ရင်း . ဘေးနားက မြှောက်ပြောတဲ့အခါ ၊ ခြောက်ပြောတဲ့အခါ – အပိုစာသားတွေ ထပ်ကာထပ်ကာထည့်ရင်း
ကျွန်တော်တို့ တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ မီးမွှေးလို့ ရနေပြီလား။
ဒါမှမဟုတ်ခဲ့ရင်
ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်။
PDF ဖိုင်ဖြင့်ဒေါင်းပြိး ဖတ်ရန် ==> Pdf
===> မူရင်းပို့စ် (KoKTH)
Monday, April 4, 2011
အမြင်ထဲကလူ
သူက ဟာသတွေရေးတာ
သူ့စာတွေဖတ်ရတာ ပျော်စရာကောင်းတယ်ဆိုတာနဲ့ပဲ
သူဟာအမြဲ ပျော်ရွှင်နေမယ့်လူလို့ ထင်လား....
တွေ့ကြုံလာရတဲ့
အကောင်းအဆိုးအားလုံးကိုလဲ
ပျော်ပျော်လေးနဲ့ ခံယူတတ်တာနဲ့ပဲ
သူက ဘာမှအလေးအနက်မရှိဘူး ပေါ့ပျက်ပျက်ပဲလို့ ထင်လား...
ရင်ထဲမှာဘာပဲဖြစ်နေဖြစ်နေ
ထုတ်မပြောတတ်တာနဲ့ပဲ
သူ့မှာ ခံစားတတ်တဲ့ နှလုံးသားမရှိဘူးလို့ ထင်လား...
ဘယ်တော့ကြည့်လိုက်ကြည့်လိုက်
ပြုံးရယ်နေမဲ့မျက်လုံးကိုမြင်ရတာနဲ့ပဲ
အဲဒီမျက်လုံးမှာ မျက်ရည်မရှိနိုင်ဘူးလို့ ထင်လား...
အမြဲတမ်း ပေါ့ပါးသွက်လက်ပြီး
ပျော်ပျော်နေတတ်တဲ့သူ့လို ဖြစ်ချင်လိုက်တာလို့လဲ မတွေးလိုက်နဲ့ဦး
သူ့မှာ ဘယ်သူမှမသိနိုင်တဲ့ အခက်အခဲတွေ၊ ပူပင်သောကတွေ၊ နာကြည်းချက်တွေ
ရှိနေနိုင်တယ်လို့ရော မထင်မိကြဘူးလား....
တစ်ခါတစ်လေမှာ ထင်တာနဲ့ မြင်လိုက်ရတာ လွဲတတ်သလို
မြင်လိုက်ရတာနဲ့ လက်တွေ့ဘ၀ဟာလဲ လွဲနေတတ်ပါတယ်..
 ( မေပျို )
ဒေါ်လာ ၂၀ တန် အချိန်(တစ်နာရီ) လေး ရောင်းပါ
အလုပ်များတဲ့လူတစ်ယောက်ပေါ့ ၊ အလုပ်တွေများလွန်းလို့ စိတ်မော ၊ လူမောလည်းဖြစ်နေပြီ။ သူအိမ်ပြန် ရောက်တဲ့ အခါ သူ့ရဲ့ ငါးနှစ်သား လေးက တံခါးဝမှာ စောင့်နေတယ်။
“ဖေဖေ . . . ဖေ့ဖေ့ကို သားတစ်ခု မေးလို့ရမလား ဟင် . . . “ “မေးပေါ့ကွာ ၊ မေး . . . မေး . . . “
“ဖေဖေ အလုပ်လုပ်တဲ့အခါ တစ်နာရီကို ပိုက်ဆံ ဘယ်လောက် ရလဲဟင် . . .”
အဖေ လုပ်တဲ့ သူက သားရဲ့မေးခွန်းကြောင့် စိတ်တိုသွားတယ် ..။
“ဟကောင်ရ ၊ အဲဒါ မင်းအလုပ်မဟုတ်ဘူး ၊ ဘာကိစ္စငါ့ကို ဒါတွေလာမေးနေရတာလဲ ။ အလုပ်ပင်ပန်းလို့စိတ်တိုနေရတဲ့အထဲ။ မင်းနော် …”
“သားသိချင်လို့ပါ ဖေဖေရယ် ၊ သားကို ဆူချင်လည်းဆူ ၊ ရိုက်ချင်လည်း ရိုက်ပါ။ ဒါပေမယ့် ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရသလဲဆိုတာတော့ သားကို ပြောပြပေးပါနော် . . .။”
ငါးနှစ်သားလေးက မျက်နှာငယ်လေးနဲ့ ခခယယ တောင်းပန်နေပြန်တယ်။
“အေး.. မင်းသိပ်သိချင်တယ်ဆိုရင်တော့ ပြောပြရတာပေါ့ကွာ။ ငါ တစ်နာရီ အလုပ်လုပ်ရင် ဒေါ်လာ ၂၀ ရတယ်ကွ ။ ကဲ… ကျေနပ်ပြီ လား… “
“အဲသလောက်တောင်မှလား” လို့ သားလေးက ပြောပြီး ခေါင်းငိုက်စိုက် ကျသွားတယ်…။
ဒါပေမယ့် ချက်ချင်ပဲ ပြန်မော့ပြီး သူ့အဖေကို မေးလိုက်ပြန်တယ်။
“ဖေဖေ ၊ သားကို ကိုးဒေါ်လာလောက် ချေးပါလားဟင်….”
အဖေလုပ်တဲ့သူရဲ့ ဒေါသက ငယ်ထိပ်ကို ရောက်သွားတယ်။
“ဘာကွ…. ငါ ပိုက်ဆံဘယ်လောက်ရလဲဆိုတာ မင်းသိချင်တာ ငါ့ဆီက ပိုက်ဆံချေးပြီး ပေါက်တက်ကရ ကစားစရာတွေ ၊ အဓိပ္ပါယ်မရှိတဲ့ ပစ္စည်းတွေဝယ်ဖို့ကိုးကွ ၊ ငါက အကောင်းမှတ်လို့။ သွားစမ်းကွာ။ အိပ်ယာထဲ သွားအိပ်ချေတော့။ ငါ့ မျက်စိအောက်က ထွက်သွားစမ်း ။ မဟုတ်ရင် မင်းကို ငါဆော်မိတော့မယ်။ ငါ့မှာတော့ တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ ရုန်းကန်နေရတယ်။ မင်းက အလိုက်ကန်းဆိုးမသိ။ ငါ့ကို သက် သက်မယ့် လာဦးနှောက်စားနေတယ်။ သွားစမ်း… သွား “
အဖေလုပ်တဲ့သူက အဲဒီလိုလည်း ငေါက်လိုက်ရော သားလေးလည်း သူ့အိပ်ခန်းလေးထဲ အသာဝင်သွားပြီး တံခါးလေး ပိတ်လိုက် ပါတော့တယ်။
အဖေကလည်း ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ချလိုက်ပြီး စဉ်းစားကြည့်တဲ့အခါ ပိုလို့တောင် ဒေါသဖြစ်လာတယ်။ တစ်နာရီသာသာ လောက် ကြာတဲ့အခါမှာတော့ ဖအေလုပ်တဲ့သူ စိတ်နည်းနည်းငြိမ်သွားတယ်။ သည်အခါမှာတော့ သားလေးအပေါ် သိပ်တင်းမာ လွန်းရာကျသွားပြီလား ၊ လွန်များသွားလားလို့ တွေးမိလာပြန်တယ်။
သည်ကောင်လေးက အင်မတန်ပိုက်ဆံတောင်းခဲတဲ့ ကလေး။ တစ်ခါမှလည်း ဖအေဆီကနေ ပိုက်ဆံမတောင်းဖူးပါဘူး၊ အခုမှ ကိုး ဒေါ်လာလောက် ခဏချေးပါလားလို့ပြောတာ။ သူ့မှာ တစ်ကယ်လိုချင်တာလေးတစ်ခုခု ရှိနေလို့များလားမှ မသိ။ အဲဒီအတွေးတွေနဲ့ သားငယ်ရဲ့ အိပ်ခန်းကို ဖအေက လိုက်သွားတယ်။ အခန်ထဲရောက်တဲ့အခါ
“သားသား အိပ်ပြီလားကွ” လို့လည်း မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ ၊ သား နိုးနေပါတယ်” လို့ ကလေးက ပြန်ဖြေတယ်။
“အေးကွာ . . . စောစောက ဖေဖေ သားကို နည်းနည်းစိတ်တိုမိသွားတယ်။ တစ်နေ့လုံး အလုပ်ပင်ပန်းတာတွေ ၊ မောတာတွေကို သားအပေါ်မှာ အထုပ်ဖြည်လိုက်မိသလိုဖြစ်သွားတယ် သားရယ်။ ရော့…. ရော့ ၊ သားလိုချင်တဲ့ ကိုးဒေါ်လာ”
သားလုပ်တဲ့သူက ငေါက်ကနဲ ထထိုင်လိုက်သလို သူ့မျက်နှာလေးကလည်း ချက်ချင်းပဲ ဝင်းပသွားပါတော့တယ်။
ပြီးတော့ သူ့ခေါင်းအုံးအောက်ကို လက်နှိုက်လိုက်ပြန်တယ်။ သားရဲ့ခေါင်းအုံးအောက်က ထွက်လာတာကတော့ တွန့်ကြေနေတဲ့ ငွေ စက္ကူတွေပါ။ သားဆီမှာ ပိုက်ဆံတွေလည်း တွေ့လိုက်ရရော ဖအေ့ဒေါသတွေလည်း အလိုလို ပြန်ထွက်လာတယ်။ ဒီကောင်ဘာလဲ ၊ သူ့မှာ ပိုက်ဆံတွေ ရှိရက်သားနဲ့ ဘာလို့ ကိုးဒေါ်လာ ထပ်တောင်းတာလဲလို့ တွေးနေတုန်းမှာ သားလေးက ပိုက်ဆံလေးတွေကို ရေ နေတယ်။ သေချာရေပြီးတဲ့အခါ သားက ဖအေကို မော့ကြည်တယ်။
ဖအေလုပ်သူက “မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာလဲကွ . . . “ လို့ ငေါက်ပြန်တယ်။
“သားမှာရှိတာနဲ့ မလောက်လို့ ထပ်တောင်းတာပါ ဖေဖေ ။ အခုတော့ ပြည့်ပါပြီ။ ဟော့ဒီမှာ ဒေါ်လာ ၂၀ ပါ ဖေဖေ ၊ ဖေဖေ့ အချိန်ထဲ က တစ်နာရီလောက်ကို သာကို ရောင်းပါလားဟင် . . .”
သည်ပုံပြင်လေးကို ကိုယ်နဲ့ခင်တဲ့သူတွေကို ထပ်ဆင့် ပြောပြလိုက်ကြပါ….။ ပြီးရင် လူကြီးမင်းရဲ့ ဒေါ်လာ၂၀ တန် အချိန်လေးကိုလည်း ကိုယ် ချစ်တဲ့သူတွေကို အလားကား ပေးလိုက်ပါလားဗျာ….။
===>>>  ဆရာအတ္တကျော်ရဲ့ - နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် ထဲမှ
(ဘယ်သူရေးသွားလည်းဆိုတာသေချာမမှတ်မိတော့ဘူး ဖြစ်နိုင်တာက မနိုင်းနိုင်းစနှေဆီကတွေ့ခဲ့တာဖြစ်နိုင်တယ် .. ရှိနေတာတော်တော်ကြာပြီ ... ခုမှ စာတွေ ပြန်ဖတ်ရင်းတွေ့မိလို့ မျှဝေလိုက်ခြင်းဖြစ်ပါတယ် .. ဒီစာကိုတောင် ဖတ်နေပြီဆိုမှတော့ သင့်ဒီပို့စ်ကိုအဆုံးထိဖတ်ပြီးပြီလို့ ယူဆပါတယ် .. သင့်အချိန်ကို သင်နဲ့အနီးဆုံးသူအတွက် ပြန်ပြိးမရောင်းချင်ဘူးဆိုရင်တောင်မှ သင့်ရင်ထဲမှာ တစ်ခုခုကျန်ခဲ့ရင်ကို ကျွန်တော် ဖော်ပြရကျိုးနပ်ပါတယ် ..)
... တန်ဖိုးရှိတဲ့အချိန်များနဲအတူ အချစ်တွေ အပြုံးတွေ အောက်မှာ ထာဝရပျော်ရွှင်ပါစေ ...
Monday, February 28, 2011
The Paradoxical Commandments By Kent M.Keith
People are illogical, unreasonable, and self-centered.
Love them anyway ..
If you do good, people will accuse you of selfish ulterior motives.
Do good anyway ..
If you are successful, you will win false friends and true enemies.
Succeed anyway ..
The good you do today will be forgotten tomorrow.
Do good anyway ..
Honesty and frankness make you vulnerable.
Be honest and frank anyway ..
The biggest men and women with the biggest ideas can be shot down by the smallest men and women with the smallest minds.Think big anyway ..
People favor underdogs but follow only top dogs.
Fight for a few underdogs anyway.
What you spend years building may be destroyed overnight.
Build anyway ..
People really need help but may attack you if you do help them.
Help people anyway..
Give the world the best you have and you'll get kicked in the teeth.
Give the world the best you have anyway ..
====================================
လူတွေမှာ ယုတ္တိမတန်တဲ့ လုပ်ရပ်တွေ၊
သဘာဝမကျတဲ့ စဉ်းစားတွေးခေါ်ခြင်းတွေ
အတ္တဗဟိုပြုချက်တွေ ရှိနေတတ်ကြတယ်...ဒါပေမယ့် မင်း..
လူတွေကို ချစ်မြဲချစ်ပါ၊ လေးစားမြဲလေးစားပါ…
မင်း…ကောင်းတာကိုလုပ်ပါ
လူတွေက မင်းကိုစွပ်စွဲလိမ့်မယ်...
ကိုယ့်ဖက်ကိုပဲ ကြည့်တတ်တယ်၊ အတ္တသိပ်ကြီးတယ်လို့ပေါ့
ဒါပေမယ့် ...မင်း…
ကောင်းတာကိုပဲ ဆက်လုပ်မြဲလုပ်ပါ…
မင်း…အောင်မြင်လာပြီလား
မင်းမှာ မိတ်ဆွေတုတွေနဲ့ ရန်သူစစ်တွေကို ရရှိလာလိမ့်မယ်
ဒါပေမယ့် ...မင်း…
အောင်မြင်အောင်သာ ဆက်ကြိုးစားပါ..
မင်း ဒီနေ့လုပ်လိုက်တဲ့ ကောင်းတဲ့လုပ်ရပ်တစ်ခုကို
မနက်ဖြန်မှာ သူတို့ မေ့ပစ်လိုက်လိမ့်မယ်
ဒါပေမယ့်မင်း…
ကောင်းတာကိုသာ ဆက်လုပ်မြဲလုပ်ပါ…
မင်းရဲ့ ရိုးသားမှုနဲ့ ပွင့်လင်းမှုတို့က
မင်းကို ပျော့ကွက်တွေအဖြစ် ထိုးနှက်သွားနိုင်တယ်.
ဒါပေမယ့် ..မင်း…ရိုးသားမြဲ ရိုးသားပါ.
ပွင့်လင်းမြဲပွင့်လင်းပါ…
အိပ်မက်ကြီးကြီးမက်တတ်တဲ့ လူတွေကို
စိတ်သဘောထားသေးသိမ်တဲ့ လူတွေက အသရေဖျက် ပြောဆိုပြစ်တင်နိုင်တယ်
ဒါပေမယ့်.....မင်း…
အိပ်မက်ကြီးကြီး ဆက်မက်မြဲမက်ပါ…
ဘယ်သူနဲ့မှ မတူအောင် စဉ်းစားတွေးခေါ်ပါ..
နှစ်လကြာရှည် ကြိုးစားတည်ဆောက်ခဲ့ရတဲ့ မင်းအိပ်မက်တွေ
ညတွင်းချင်း ဖြိုလှဲ ဖျက်ဆီးခံရလိုက်နိုင်တယ်.
ဒါပေမယ့်......မင်း…ဆက်လက်တည်ဆောက်မြဲ တည်ဆောက်ပါ…
လူတွေ မင်းရဲ့ အကူအညီလိုအပ်တယ်
ဒါပေမယ့် ကူညီတတ်တဲ့ မင်း ကို ပြန်လည်တိုက်ခိုက်နိုင်တယ်.
ဘာပဲဖြစ်ဖြစ်ပေါ့ ....လူတွေကို ဆက်လက်ကူညီပါ…
ကမ္ဘာကြီးအတွက် မင်းမှာ ရှိသမျှ အကောင်းဆုံးတွေ ဖြန့်ဝေပေးဆပ်ပါ.
မင်းကို ပြန်လည်တိုက်ခိုက်ခံရတာမျိုး ကြုံတွေ့ရနိုင်တယ်.
ဒါပေမယ့် ....မင်း…အားလုံးအတွက် အကောင်းဆုံးတွေ
ဆက်လက် လုပ်ဆောင်မြဲ လုပ်ဆောင်သွားပါ…
( ဒီကဗျာလေးကို Kent M. Keith က ရေးခဲ့တာပါ. ..ဟားဗတ် တက္ကသိုလ်မှာ တက်နေရင်း အသက် ၁၉နှစ်အရွယ်မှာ စတင်ရေးသားခဲ့တာဖြစ်ပါတယ် )
Sunday, February 27, 2011
အချိန်ကို မရရတဲ့ထဲ့ကနေ ဖဲ့နုတ်ယူခြငး
ကျွန်တော်တို့ အပီးသတ်ဒီကိစ္စလေးတစ်ခုကို ဆက်မလို့ လုပ်နေတာကြာပါပီ အချိန်တွေ ကြာလာပေ့မယ့် ရာသီတွေ ဟောင်းနွမ်းမသွားသေးတဲ့ ဒဏ်ရာတွေကြောင့် ဧဒင်ဥယျာဉ်ကြီးထဲ့မှာ မျောနေမိတဲ့ အကြောင်းတွေ ကြောင့်ပဲ ဒီပို့စ်ကို အသက်မဆက်နိင်ဘူး ဖြစ်နေတာပါ.ဒီနေ့တော့ ဒီပို့လေးကို ဆက်ပီးတော့ အသက်သွင်းလိုက်ပါတယ်။ ကျွန်တော် တို့ မြန်မာတွေ အကျင့်လေး ကိုပြောရင်းနဲ့ ဒီခေါင်းစဉ်လေးကို ဆက်ပီး အသက်သွင်းချင်ပါတယ် ဘယ်သူကိုမှ ပုတ်ခတ်ပြောတာမဟုတ်ပါဘူး အဲ့လိုလည်း ရည်ရွယ်ချက် မကောင်းတဲ့ စိတ်ထား မျိုးလည်း ကျွန်တော့်ထားပီးရေးတာ မဟုတ်သလို့ ကျွန်တော့မှာ မရှိပါဘူး ။
ကျွန်တော်တို့တွေက အလုပ်တခုလုပ်တော့မယ်ဆိုရင် အချိန်ကို ဆွဲဆန်သွားကြတယ် ဘယ်လိုဆွဲဆန်သွားလည်းဆိုတာကတော့ ခုပီးမယ့် အလုပ်ကို ခု မလုပ်တာပါပဲ့ ။ပညာရပ်တခုကို သိချင်လို့ လေ့လာတယ် ဒီအပိုင်းလေးကို အချိန်လည်းရတယ် ဒါပေ့မယ် ရနိင်တဲ့ အချိန်ထိ ဆွဲသွားတက်တဲ့ အကျင့်ပါ။ အဲ့ အကျင့်က မကောင်းပါဘူး ဒီနေရာမှ ပြန်ထောက်စရာ စကားရှိပါတယ် အဲ့ စကားကတော့ သိချင်တာ တခုရှိရင် ကောက်ရိုးမီးလိုပဲ့ တပူတပြင်းလိုက်ရှာရမှာလားဆိုတဲ့  စကားပါ. အဲ့လို မျိုးလည်း မဟုတ်မဖြစ်စေချင်ပါဘူး သိချင်တာကို သိဖို့ တက်ချင်တာကို တက်ဖို့ အချိန်ဆိုတာကို နောက်မဆုတ်ပဲ့ သေချာလေ့လာဖို့ကို ဦးတည်ပြောချင်တာပါ။ 
ကျွန်တော်တို့ ပုံပြင်တပုတ်ကို ကြားဘူးတယ်ဗျာ အဲ့ထဲ့မှာ ဖိုးသူတော်နဲ့ ပတ်သတ်တဲ့ ပုံပြင်လေးပါ ။ဖိုးသူတော်က တောင်တွေ တော်တွေ ထဲ့ ဖြတ်သွားရင် ဗိုက်ဆာလို့ လယ်ထဲ့မှာ ဆိုက်ထားတဲ့ ပြောင်းဘူးကို ခိုးစားတယ် ပြောင်းဘူးက အစေ့ မစုံဘူး။ အဲ့တာကို သူက စဉ်းစားတယ် ဘာလို့ အစေ့ မစုံတာလည်းလို့ ပြောင်းဘူးကို ဖိုးသူတော်မေးတော့ အပင် မသန်လို့ တဲ့ အပင်ဘာလို့ မသန်တာလည်း ဖိုးသူတော်က ဆက်မေးတော့ မြေသြဇာမကောင်းလို့ တဲ့ မြေသြဇာ ဘာလို့ မကောင်းတာလည်း ဆက်မေးတော့  မိုးမမှန်လို့ တဲ့ မိုးနဲ့ ရာသီဥတုက ဘာလို့ မမှန်တာလည်းဆက်မေးတော့ ဘုရင်မင်းမြတ်က မင်းဝတ်တရား ၁၀ ပါးနဲ့ မညီလိုတဲ့ ဘုရင်မင်းမြတ်က ဘာလို့ မင်းဝတ်တရား ၁၀ ပါးနဲ့ မညီတာလည်းလို့ မေးလိုက်တော့ ကျွန်တော်ကိုးကွယ် နေတဲ့ လူတွေကိုက ကြည့်ပါလား ပြောင်းဖုးက အစ ခိုးစားနေတာ မလို့ ပေါ့ လို့ ပြောလိုက်တယ်။ 
နောက်ဆုံးတော့လည်း မိမိကိုယ်တိုင် မကောင်းလို့ပါပဲလား။
 ဘာကိုပြောချင်တာလည်းဆိုတော့ လောကမှာ ဘာကိုပဲ့လုပ်လုပ် ဘာပဲ့မှားမှား ဘယ်သူပြုပြုမိမိမူပါ့ပဲ့ ။ သူများကောင်းတာ မကောင်းတာကို လိုက်ကြည့်နေရင်လည်း အဓိကက ကိုယ်ကိုတိုင်မကောင်းနိင်သေးလို့ပါပဲ့ ။ အဲ့တော့ ကျွန်တော်တို့ ကိုယ်တိုင် တရားကိုလည်းရှာ ပညာကိုလည်းရှာ ရပါ့မယ် ဘယ်လို ရှာကြမလည်းဆိုတာတော့ တစ်ယောက်နဲ့ တယောက် time Table ချင်းမတူပါဘူး အယူအဆ ခံယူချက် ရည်မှန်းချက် ရည်ရွယ်ချက်တွေလည်းမတူနိင်ပါဘူး တူဖို့လည်းမလိုပါဘူး ဒါပေ့မယ် သေချာတူနိင်တာတခုတော့ ရှိရမယ် ။ တိကျတဲ့ ကိုယ်ပိုင် ဆန္ဒ တခုတော့ ကိုယ်စီကိုယ်စီ ရှိတာကိုတော့ တူကြရမယ် ။ ဘာလို့ ဒီစကားတွေ ပြောနေတာလည်းဆိုတော့ အချိန်ရဲ့ သဘောတရားကို နားလည်အောင်လို့ လမ်းကြောင်းတခုကို ဦးတည်နေတာပါ။. ဒီနေရာမှာ အချိန် ရဲ့ တန်ဖိုးလေးကို ပြောပြချင်ပါတယ်။ လူတိုင်းတွက် အားလပ်မယ့် အချိန် ကြိုးစားလေ့လာမယ့် အချိန်မတူနိင်ပါဘူး တူစရာ လိုက်ညှိစရာမလို့ပါဘူး။ မိမိ အားလပ်မယ့် အချိန်ကို တွက်ဆပီး ရသလောက်လေး အချိန်ကို ဖဲ့ယူပီး ဘ၀တွ့က် မိမိတွက် ကြိုးစားဖို့ အားထည့်ဖို့ပြောချင်တာပါ။
ကျွန်တော်တို့တွေအားလုံးကို မိမိဘ၀ကိုတန်ဖိုးထားကြသလားလို့ မေးလာရင်တော့ အားလုံးသောသူတို့ရဲ့ တူညီတဲ့အဖြေတစ်ခုကတော့ မိမိဘ၀ကိုတန်ဖိုးထားကြတယ်လို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ အချိန်ကိုတန်ဖိုးထားကြသလားလို့ တွေးကြည့်တော့ မိမိရဲ့အချိန်တွေကို နည်းလမ်းအမျိုးမျိုးနှင့် သုံးဖြုန်းနေကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် မိမိဘ၀ကိုတန်းဖိုးထားသူတိုင်း ၊အချိန်ကိုတန်ဖိုးထားတတ်ကြရပါမယ်။ အချိန်သည် အသက် ၊အသက်သည် အချိန်ဖြစ်နေလို့ပါပဲ။ လူတစ်ယောက်ရဲ့အသက် သုံးဆယ်ရှိပြီ လေးဆယ်ရှိပြီဆိုတာ သူတို့ရဲ့ အချိန်ကိုပြောခြင်းဖြစ်ပါတယ်။ မိမိဘ၀ကိုတန်ဖိုးထားသူတိုင်း မိမိရဲ့အချိန်ကိုတန်ဖိုးထားသင့်ပါတယ်။ အချိန်နှင့်ပတ်သက်ပြီးပြောထားတဲ့စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရပါတယ်။ တစ်ခါက ဆရာကြီးချစ်ဦးညိုက ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးဆယ်ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဂျပန်လူငယ်တစ်ယောက်ကို မေးလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး ဘယ်တော့များမှ ခင်ဗျားတို့လို ချမ်းသာတဲ့နိုင်ငံဖြစ်လာမလဲလို့မေးလိုက်တော့ ဂျပန်လူငယ်လေးက လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို ခဏအကြာကြည့်လိုက်ပြီးနောက် သူဖြေလိုက်တာကတော့ မြန်မာလူငယ်တွေ အခုလိုလက်ဘက်ရည်ဆိုင်မှာ တစ်နေကုန်တစ်နေခန်းအချိန်ဖြုန်းနေသရွေ့ ဘယ်တော့မှမချမ်းသာဘူးလို့ ရိုးရိုးရှင်းရှင်းပဲ ဖြေလိုက်ပါတယ်။ ဒီလိုပြောလိုက်လို့ သူတစ်ပါးကိုအပြစ်မတင်သင့်ပါဘူး မိမိကိုယ်ကိုယ်သာ သုံးသပ်ပြုပြင်သင့်ကြောင်း ပြောလိုက်ပါရစေ။
၁။သဘောထားသေးသိမ်သော သူတို့သည် သူတစ်ပါးအပြစ်ကိုမြင်တတ်သည်။
၂။သဘောထားပြည့်ဝသော သူတို့က မိမိအပြစ်ကိုသာ မြင်တတ်ကြသည်။
၃။သဘောထားအပြည့်ဝဆုံး သူတို့ကတော့ မည်သူအပြစ်ကိုမှ မမြင်တော့ပါ။
ဒါကြောင့် ကျွန်တော်တို့တွေဟာ မိမိရဲ့လိုအပ်ချက် ၊ မိမိရဲ့ပြင်စရာလေးတွေကို ပြင်ပြီး မိမိကိုယ်ကိုယ် သဘောထားကြီးသူတစ်ယောက်ဖြစ်အောင်တော့ ကြိုးစားသင့်ပါတယ်။နောက်တစ်ခုက ဘ၀မှာ နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူတွေဟာ အချိန်ကိုသူများထက် တန်ဖိုးထားအသုံးချတတ်ကြလို့ သူများတွေထက် ထူးချွန်ထက်မြက်သူတွေ ဖြစ်လာကြတာပါ။ သူများတွေ အိပ်လို့ကောင်းနေတဲ့အချိန်မှာ သူတို့တစ်တွေဟာ လေ့လာမှတ်သားနေကြတာကိုတွေ့ရပါလိမ်မယ်။ နောက်ပြီး ဗုဒ္ဓဘုရားကလည်း အချိန်နှင့်ပတ်သက်ပြီး ဟောကြားတော်မူခဲ့ပါတယ်။ လူတစ်ယောက်သည် အခုအချိန်မှာ 
“ဥစ္စာ” ၊ “ပညာ” ၊ “ကုသိုလ်” ဒီသုံးခုထဲက တစ်ခုခုရနေသလားလို့မေးကြည့်ပါတဲ့၊ တစ်ခုခုရနေတယ်ဆိုရင်တော့ ထိုသူသည် အချိန်ကိုကောင်းစွာအသုံးချနေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ မိမိဟာ အခုအချိန်မှာ ဥစ္စာလည်းမရဘူး၊ ပညာလည်းမရဘူး၊ကုသိုလ်လည်းမရဘူး ဆိုရင်တော့ မိမိကိုယ်ကို ငါဟာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးနေသူတစ်ယောက်ပဲဆိုတာကို ပြတ်ပြတ်သားသားပြောလိုက်ပါတဲ့။
ကျွန်တော် အခုအချိန်နှင့်ပတ်သက်ပြီး ရေးထားတာကို စာဖတ်သူများအနေနှင့် ဖတ်ထား ၊ မှတ်ထား ၊ သိပြီးသားတွေဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ သိပြီးသားဖြစ်နေပေမယ့် မေ့တတ်တဲ့သဘောရှိပါတယ်။ သိတယ် ဆိုတဲ့နေရာမှာလည်း ဆရာတော်ဦးဇောတိက စာအုပ်ထဲမှာရေးထားတာလေးကို မှတ်သားဘူးပါတယ်။ 
“ To know and not to do is not yet to know.” “သိပြီးတော့ မလုပ်လို့ရှိရင် မသိသေးလို့ပါတဲ့”။မသိသေးတာမှ မဟုတ်တာ ကျွန်တော်တိုက သိရဲနဲ့ လိုက်မလုပ်နိင်ကြသေးတာ။ လိုက်မလုပ်ကြတာ အချိန်ကို ဖြုန်းနေကြတာပါ.။ ကဲ့ ဒီနေရာလေးမှာ တရားတော့ ဟောလို့ ကောင်းသွားပီး ဆက်လက်ပီးတော့ ကျွန်တော့ရဲ့ အချိန်ကို ဖဲ့ယူပုံလေး နဲ့ စာဖတ်မှတ်လေ့လာပုံလေးကို ရေးချင်ပါတယ်။ တနေ့တာ လုပ်ငန်းစဉ်တခုကိုပေါ့ ။ 
ကျွန်တော် အချိန်ကို ဘယ်လို ဖဲ့ယူလည်းဆိုတာလေးကိုပြောပြပါ့မယ်။ဥပမာလောက်ပဲ့ ရေးခဲ့ပါ့မယ် ပို့စ်ရှည်သွားမှာစိုးလို့ပါ။ ကျွန်တော် အိပ်ယာက ထပီဆိုကတည်းက သူများတွေ လို ချက်တင်ဘော့က်စ်လေးကို တန်းမဖွင့်သေးပါဘူး ( စောင်းပြောတာ ဟုတ်ဘူးနော်) ကျွန်တော် မျက်နာသစ် သွားတိုက်တဲ့ချိန်မှာ Power ဖွင့်ခဲ့တယ် ဒီကြားတည်းမှာ ကျွန်တော့ ရဲ့ Time Table ရှိပါတယ်။ အဲ့လို လေး time table နဲ့ အကျင့်ရဖို့ ကျွန်တော့် ၈ ရက်လောက် လေ့ကျင့် ခဲ့ရတာပါ.။(အများကြီးပဲ့ )… Table ထဲ့က စာကြည့်ချိန်မှာ တယောက်ယောက်က စကားလာပြောတာပဲ့ ဖြစ်ဖြစ် ကိစ္စ တခုခုကြောင့် စာကြည့်ချိန်ထဲ့က ၂ နာရီ ပါသွားတယ်ဆိုရင် ကျွန်တော့ အိပ်ချိန်ထဲ့က ၂ နာရီနုတ်ပီးတော့ ပြန်လေ့လာပါတယ်။ ကျွန်တော့လို့ပဲ့ Time Table ကို လည်း ဆွဲထားစေချင်တယ် အအိပ်အစားမှန်ပီးတော့လည်း ကျန်းမာရေးကောင်းမှ လေ့လာရတာ ပိုပီး အဆင်ပြေမှာပါ။ကျန်းမာရေးနဲ့ ညီညွတ်မူရှိတဲ့ 
Time Line လည်း ဖြစ်ရပါမယ်။Time Table အချိန်မကျတဲ့ ချိန်တွေမှာ ကျွန်တော်ဘာလုပ်လည်း ဆက်ပြောပ့ါမယ် ။ ဘာလုပ်လည်းဆိုတာကတော့ ဒီလိုလေး အသိပေး ဟောပြောပွဲ နဲ့ Knowleadge ပိုင်းလေး စာအုပ်တွေ Video ဖိုင်တွေကို ကြည့်ပါတယ်။ မိမိတွက် ဒါလေးတွေက သိသင့်သိထိုက်တာထက် လူတယောက်တွက် General Knowleadge ကို တက်သင့်သလောက် တက်ရပါ့မယ်.။. မှတ်နိင်သလောက် မှတ်ရပါ့မယ်။ ခုတော့ ဥပမာ အနေနဲ့ ဆရာချစ်ဦးညိုရဲ့ စာပေဟောပြောပွဲလေးကို တင်ပေးလိုက်ပါတယ် .. အမော ပြေကြည့်ပီးမှ ကျွန်တော့ စာကိုဆက်ဖတ်ကြည့်ပေးပါဥိး။
ကျွန်တော့် အဓိက ပြောချင်တာကတော့ အချိန်ကို ဖဲ့နုတ်သုံးတက်တာထက် တန်ဖိုးရှိစွာ အသုံးချပေးတက်ဖို့ ပါ။ လူတိုင်း ကိုယ်ဘ၀ကိုယ် တန်ဖိုးထားပါတယ် ဒါပေ့မယ် အချိန်ကို တန်ဖိုးမထားတာက မကောင်းတဲ့ အကျင့်ဆိုတာကို သိပေ့မယ့် မပြင်နိင်ကြသေးတဲ့ တွက် ကျွန်တော်တို့ ဒီထက် ပိုပီးမတိုးတက်နိင်ဘူး ဖြစ်နေတာပါ။ နောက်တခုက တိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ကောင်းကောင်းလက်ကိုင်မထားနိင်လို့ပါပဲ့ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀နဲ့ ကိုက်ညီမူ မရရှိတာတွေ ကြောင့်လည်းပါပါတယ်။ နောက်တချက်က မိမိ ကိုယ်ပိုင် Tmie Line တခုနဲ့ ကြိုးစားအားထုတ်မူ မရှိသေးလိုပါပဲ့ ။ ဒီချိန်စာကျက်မယ် ဒီချိန် ကစားမယ် ဒီချိန် နားမယ် ဆိုပီးတော့ ငယ်စဉ်ကတည်းက အလေ့အကျင့်မရှိခဲ့တာကြောင့်လည်း ပါပါတယ်။ အချိန်ရဲ့ တန်ဖိုး ကို လူတွေ မသိတာ မဟုတ်ပါဘူး သိပါတယ် မသိချင်ယောင်ဆောင်ပီး မျက်ကွယ်ပြု အပျော်ကိုပဲ့ ဦးစားပေးနေတဲ့ အတွက်ကြောင့် မိမိ မျှော်လင့်ထားတဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ကို မရောက်ပဲ့ ဆန့် တငန့်ငန့် ဖြစ်နေတာပါ။
အကိုအစ်မများလည်း မိမိတွက် ရည်မှန်းချက်တွက် အချိန်ကို အကြိုးရှိစွာ အသုံးချပီးတော့ ဘ၀ကိုရှေ့ဆက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနိင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း ……. အချိန်ကို တန်ဖိုးရှိစွာ အသုံးချတက်အောင် မိမိကိုယ်ကို ဆုံးမပါ နားလည်ပါ ။ဘ၀ကို ဒီတိုင်းဆက်ပီး မမျှောပဲ့နဲ့ အကောင်းထက် အကောင်း .. ဆက်ဆက်ပီးကောင်းအောင် ကြိုးစားသွားကြပါလို့  ပြောရင်း ကျွန်တော့ရဲ့ ပိုစ့် နံပါတ်လေးကို ဒီနိဂုံးလေးနဲ့ ပဲ့ အဆုံးသတ်ရင်း ပိုစ့် ၅ ကို ဆက်လက် အသက်သွင်းပါ့မယ်
ခုစာဖတ်သူတို ဖတ်လိုက်ရတဲ့ စာသားတွေ ပြောပြချက်တွေက ကျွန်တော်နားခိုရာဖြစ်တဲ့မြန်မာမိသားစုဖိုရမ်မှာ ကိုသန့်ဇင်ဌေးရေးသားဆွေးနွေးထားတဲ့ အောက်ခြေစပြီးလေ့လာချင်သူများအတွက် ဆိုတဲ့ ပိုစ်အတွဲတွေထဲက နာပါတ် ၄ ပိုစ်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတ.် .. ဒီအတွက် ကိုသန့်ဇင်ဌေှးကိုခွင့်တောင်းပြီးဖြစ်သလို ကျန်ရှိတဲ့ သူရဲ အဖိုးတန် ပိုစ်အတွဲတွေကို ဖတ်ချင်တယ်ဆိုရင်
သို ကြွရောက်ခဲ့ဖို့ဖိတ်ခေါ်ပါရစေ .. အားလုံးပျော်ရွှင်နိုင်ကြပါစေ ..
Friday, February 18, 2011
ဘဝ
ရင်ထဲမှာ တစ်မျိုးပဲ ..မနေ့က ကြားလိုက်တဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော့်ဘ၀လေး တစ်ထပ်တည်းဖြစ် သွားတဲ့အချိန်မှာ တော်တော်လေးကို ခံစားလိုက်ရတယ်ဗျာ .. ဟုတ်တယ် .. တစ်ဖက်သတ်ဆိုတဲ့ စကားရဲနောက်ကွယ်ကနေ ဘ၀တွေ ဘ၀တွေ လူမသိသူမသိ တိတ်တခိုးလေး မျှော်လင့်နေတဲ့ ဖြစ်ရပ်တွေ  .. အာာာ .. တစ်ကယ်ဆို ရင်ထဲကဖြစ်ချင်တဲ့ဆန္ဒကိုထုတ်ဖော်ခွင့်ရှိနေသင့်တာ ... ဟုတ်တယ် .. ပတ်ဝန်းကျင်ဆိုတာကလည်း တစ်ခါတစ်လေတော့ နားလည်ရခတ်တဲ့ ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာနေရသလိုပဲ .. သူတိုနှစ်သက်မိရင် အရာအားလုံးက ကောင်းနေပြီးတော့ မလိုချင်တာ တစ်ခုလောက်မြင်လိုက်မိ .. သွားပြီး .. အဲဒီသူရဲ ဘ၀က တစ်ကယ့်ကို သနားစရာ ကျားရှေက ယုန်သူငယ်လေးကိုဖြစ်လို့ .. အော် လူတွေ လူတွေ ဒါလား မေတ္တာ .. ဒါလား ဂရုဏာ . ဒါလား သနားတာ .. အမှန်က ကိုယ့်ဘ၀ကိုပဲ ကိုယ် ကောင်းအောင်လုပ်ရင် မျက်နှာချိုတွေ သွေး လေပြေလေးအေးအေးနဲ့ မျက်နှာဖုံးစွပ်ရင်း တစ်ဖက်သားဘ၀ကို နစ်သထက်နစ်အောင် တွန်းပို့နေကြတာပါ့လား ... ပညာရွှေအိုး လူမခိုးတဲ့ .. ဒါပေမယ့် အဲဒီပညာကို ကျွန်တော်တို ဥိးနှောက်ထဲရောက်အောင် လုပ်ပေးနိုင်စွမ်းရှိတာ ကလည်း ငွေပဲဗျာ.. တစ်ကယ်တစ်ကယ်ပါ .. ဒီငွေဆိုတာကြိးက အရာရာတိုင်းကို မ၀ယ်နိုင်ပေမယ့် သူကြောင့်ပဲ လုတွေ အရာဝတ္တုတွေ အာာ ကုန်ကုန်ပြောမယ်ဗျာ .. ဘဘာဝတိုင်းဖြစ်လာတဲ့ လေတောင် ပုံစံပြောင်းသွားကြတယ် ... ဟုတ်တယ် ဘ၀ရဲ ရာခိုင်နှုန်းတော်တော်များများကို သူက ချူပ်ကိုင်ထားတာ .. ရင်နင့်စရာပဲဗျာ .. ခင်ဗျားကော ငွေတွေ မက်နေမိပြီလား .. ဒါဆိုသေချာတယ် မကြာခင်အချိန်တွင်းမှာ ခင်ဗျားလည်း ကျရှုံးတော့မယ် .. တော်ပြီ .. လောလောဆယ် အကောင်းဆုံး အရာဖြစ်တဲ အရက်တစ်ခွက်နဲ့ ဆေးလိပ်လေးကိုင်ပြီး ကျွန်တော့်ဘ၀ကို လေလွင့်လိုက်ဥိးမယ် .. ကဲ မီးခိုးငွေလေးတွေရေ အကောင်းဆုံး ဆိုတဲ့ ဘုံဗိမာန်ကိုခဏလောက် သွားကြရအောင်လား .. ဘာတွေရေးမှန်းမသိပဲ ဘာကိုဖတ်လိုက်မိမှန်းမသိ ဖြစ်သွားတဲ့ ခုစာဖတ်သူကိုတော့ တောင်းပန်ပါတယ် . ဒါပေမယ့် ပြောမပြနိုင်အောင် ရင်ထဲမှာ မွန်းကြပ်နေလို့ ခုလို ဖောက်ချလိုက်တာပါ .. ဦးကျော်ဟိန်းကြီးပြောသလိုပဲ ပြောလိုက်တော့မယ် 
......... အားလုံးကိုလေးစားပါတယ်ဗျာ ........
Thursday, February 3, 2011
( SoMeOnE && sOmEbOdY )
ကိုယ်တစ်ကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲတစ်သက်သာ လက်တွဲနိုင်ဖို့ကြိုးစားပါ ..
သူမရှိတော့ရင် အရာအားလုံးကနှောင်းသွားလိမ့်မယ် ..
ကိုယ်ယုံကြည့်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ကြိုးစားပါ ..
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သူသဘောထားချင်းတိုက်ဆိုင်သူနဲ့ ဆုံဖိုဆိုတာ မလွယ်လှဘူး ..
ကိုယ့်ဘ၀ကို ကူညီတဲ့သူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ ..
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ ..
ကိုယ်ချစ်ဖူးခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြိး ကျေးဇူးတင်ကြောင်းပြောပါ ..
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါ ..
ကိုယ်မုန်းခဲ့ဖူးတဲ့သူနဲ့ ဆုံတဲ့အခါ ပြုံူးပြပြီး နှုတ်ဆက်လိုက်ပါ ..
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ ..
ကိုယ်နဲ့အတူနေနေတဲ့ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ ..
သူကြောင့် ပျော်ရွှင်ကြည်နူးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ ..
ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို တောင်းဆုပြုပါ ..
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ ..
ကိုယ့်ကို ထားခဲ့သူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ ..
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူနင်းလျှောက်ခဲ့လို့ပါပဲ ..
.. တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မျာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလည်း တစ်ခါပဲရှိတယ် ...
( ဘယ်သူရေးပြိးဘယ်ကထွက်လာတယ်ဆိုတာ မသိတော့မမှတ်မိတော့ပါဘူး.. လက်ကျန်စာအဟောင်းတွေ ရှင်းရင်းထွက်လာလိုဖတ်မိတော့ ရင်ထဲတစ်မျိုးဖြစ်သွားတာနဲ ပြန်လည်ဖော်ပြလိုက်ပါတယ် )
Monday, January 17, 2011
ဆုတောင်း
သတိမရသင့်တဲ့ 
နာကျင်စရာအတိတ်တွေ 
ပြန်တွေးမိတိုင်း  
ဒီရင်ထဲမှာတော့ 
တစ်ဆစ်ဆစ်နဲ နာကျင်ဆဲပါ
တစ်ကယ်ဆို 
ဘ၀ကြမ်းကြမ်းနဲ့ ငါ့အတွက်
အချစ်ဆိုတဲ့ မာတိကာကို 
မလှန်သင့်ခဲ့တာပါ 
ခုတော့ ရူးသွပ်စွာနဲ့
သိပ်ချစ်ခဲ့မိတဲ့ ..ငါ ...
မိဘတွေကြောင့်လား 
မောင်နှမတွေကြောင့်လား 
ပတ်ဝန်းကျင်ကြောင့်လား .. 
..............................
............................
များစွားသောကြောင့်တွေအောက် 
ဒူးထောက်ခစားလျှက်ပေါ့ 
နားလည်ပါလို ဒီနှုတ်ခမ်းက
မဟစ်ကြွေးချင်ပေမယ် 
နားလည်ပေးပါချစ်သူ..
တစ်ခွန်းထဲသော စကားတွေနဲ့ 
 ........... ငါ .........
မင်အတွက် နှုတ်ဆက်ခဲ့ပါတယ်
ထင်ကျန်နေဆဲသံယောဇဉ်ကို 
ရင်မှာပိုက်ရင်းး 
............. ချစ်သူ  ............... 
ငါတိုနှစ်ယောက် အတွက် 
နောက်ဘ၀ဆိုတာဖြစ်တည်ခဲ့ရင်
ဒီလိုအဖြစ် ထပ်မဖြစ်ပါရစေနဲ့လားကွာ ..
Tuesday, December 21, 2010
Missing Home
မှတ်မိနေသေးတယ်
တစ်ချိန်က ခံစားချက်တွေ
အဆင်မပြေမှုတွေကြားက ရပ်တည်ခဲ့တာလေ
အဖေ၀န်ထမ်း အမေမှီခိုလို့
ဖြည့်ခဲ့ရတဲ့ဖောင်တွေနောက်မှာ
အပိုငွေမရှိလို့ ကျပ်တည်းခဲ့တဲ့နေရက်ကြမ်းကြမ်းတွေ
တစ်နေ့စာမုန့်ဖိုးနဲ ကျောင်းကောက်ခံငွေတွေ အတွက်
နင့်နင့်နေအောင်တွေးနေရလည်း
သား စာကြိုးစားနော် ဆိုပြီး
ပြုံးပြုံးလေးပြောရင်း မေတ္တာတွေ လွယ်အိတ်ထဲထည့်
ကျောင်းကြိုပို့လုပ်ပေးခဲ့တဲ့မေမေ
သမုဒရာ ၀မ်းတစ်ထွာဆိုတဲ့
ခေါင်းစဉ်အောက်မှာ
ဘယ်တော့မှ မပြည့်စုံတဲ့ လိုအပ်ချက်တွေ အတွက်
အလုပ်နဲ တာဝန်ကြား ဗြာများရင်း
မိသားစုကို အချိန်တွေ ခိုးခိုးပေးခဲ့တဲ့ အဖေ
သားလေးလိုချင်တဲ့ ဆိုင်ကယ်တဲ့
ပြုံးပြုံးလေးပေးခဲ့တာပဲ
ဒါပေမယ့်
အမေနဲ့တီးတိုး မသိအောင် ကြိုးပမ်းခဲ့တာကို
ဘာလို့များ မြင်အောင်မပြခဲ့တာလည်း
တစ်ချိန်က
လွယ်အိတ်ထဲ မေတ္တာကိုလွင့်ပစ်ပြိး
ဆိုင်ကယ်ကို လောင်းကစားလုပ်
သူငယ်ချင်းဆိုတာထက် ဘာကိုမှအရေးမကြီးပဲ
အရက်လေးတစ်စွစွနဲ့ လမ်းဘေးမှာ ဂစ်တာတီး
သီချင်းဆိုရင်း ပျော်ခဲ့တဲ့ ကောင်
ဘ၀ရဲ ခါးသီးမှုဒဏ် ရင်ဘတ်နဲ့ဆီးခံရင်း
စာနာမှုဆိုတဲ့ အဓိပ္ပါယ်ကို
ကောင်းကောင်းလေး နားလည်တတ်နေပြီ
တစ်ရက်တစ်ရက်နဲ့ ဖြတ်ခဲ့တဲနေ့တွေ
ရက်ထပ်နှစ်တွေကျော်ပေါင်းလည်းများပြီ
ခုဆို အေးချမ်းတဲ့မိဘရိပ်နဲ ဝေးလို့
တစ်မိုးအောက်က ရယ်သံချိုချိုလေးတွေ
အနှိုင်းမဲမေတ္တာနဲ့ ဂရုစိုက်မှုတွေ အပါဝင်
အရိပ်လိုကြည့်ရင်း လိုအပ်သမျှဖြည့်ဆည်းတတ်တဲ့
ကိုကြီးနဲ ညီမလေးတွေကို
.........................................
...............လွမ်းတယ်..............
လွမ်းတယ် .................လွမ်းတယ်
.........................................
..........................................
အာာား........... ဇာတ်ဆရာရယ်
တစ်ခါတစ်လေများ ဘ၀ဆိုတဲ့ဇာတ်ခုံပေါ်မှာ
သာယာငြိမ့်ငြောင်းတဲ့ တေးသွားနဲ့အတူ
ကပြခွင့်လေးပေးပါ့လားဗျာ
Tuesday, December 14, 2010
ရှင်သန်ခြင်း လျှို့ဝှက်အမှတ်
စိတ်နေသဘောထားနဲ့ အပြုအမူ
စိတ်ပညာရှင်တစ်ဦးက လူရဲ့ စိတ်နေသဘောထားဟာ အပြုအမူကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေကြောင်းကို သိချင်တာနဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။
ပထမဦးဆုံး စိတ်ပညာရှင်ဟာ လူ(၁ဝ)ယောက်ကို သူ့ဦးဆောင်မှုနဲ့ မှောင်မည်းနေတဲ့ အိမ်တစ်အိမ်ထဲ ဖြတ်စေခဲ့တယ်။ လူ(၁ဝ)ယောက်လုံး အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့ကြတယ်။ အဲဒီနောက် စိတ်ပညာရှင်ဟာ အိမ်ထဲမှာရှိတဲ့ မီးတစ်လုံးကို ဖွင့်လိုက်တယ်။ ဝါကျင်ကျင် မီးမှိန်မှိန်အောက်မှာ အိမ်ထဲက အရာဝတ္ထုတွေကို တွေ့မြင်ပြီးနောက် လူ(၁ဝ)ယောက်လုံးဟာ ကြက်သီးဖြန်းဖြန်း ထသွားမိကြတယ်။ အကြောင်းက အိမ်ရဲ့အောက်မှာ ရေကန်တစ်ကန်ရှိပြီး ကန်ထဲမှာ မိကျောင်းတွေကိုမွေးထားတယ်။ ကန်ပေါ်မှာ တံတားငယ်လေးတစ်ခုရှိပြီး သူတို့က အဲဒီတံတားကို ဖြတ်လျှောက်ခဲ့လို့ဖြစ်တယ်။
စိတ်ပညာရှင်က "အခု မင်းတို့(၁ဝ)ယောက်ထဲက ဒီတံတားကို ဖြတ်လျှောက်ရဲတဲ့သူရှိလား"လို့ မေးတယ်။ ပြန်ဖြေတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ အချိန်အတော်ကြာမှ လူ(၃)ယောက်က သတ္တိရှိရှိ ရှေ့ထွက်ရပ်တယ်။
တစ်ယောက်က သတိနဲ့ တံတားပေါ် ဖြေးဖြေးချင်း တက်လျှောက်တယ်။ သူခြေလှမ်းက အရင်ခြေလှမ်းထက် ပိုနှေးနေခဲ့တယ်။ နောက်တစ်ယောက်က တုန်တုန်ချိချိနဲ့ တံတားပေါ်တက်လိုက်တယ်။ ဒါပေမယ့် တံတားတစ်ဝက်ရောက်တာနဲ့ ဆက်မလျှောက်ရဲတော့ဘဲ တံတားပေါ် တွားသွားခဲ့တယ်။ နောက်ဆုံးတစ်ယောက်က ခြေသုံးလေးလှမ်း လှမ်းပြီး ရှေ့ဆက်မလှမ်းရဲတော့ဘူး။ နေရာမှာတင် ထိုင်ချလိုက်တယ်။
ဒီအချိန်မှာ စိတ်ပညာရှင်က အိမ်ထဲမှာရှိတဲ့ မီးအားလုံးကို ဖွင့်လိုက်တယ်။ တစ်အိမ်လုံး လင်းထိန်သွားတဲ့မီးရောင်ကြောင့် တံတားအောက်မှာ ဘေးကင်းအောင် ဖြန့်ခင်းချည်နှောင်ထားတဲ့ ပိုက်ကွန်ကို လူတွေတွေ့လိုက်ကြတယ်။
"အခု တံတားကို ဖြတ်လျှောက်ရဲတဲ့သူရှိလား" လို့ စိတ်ပညာရှင်က မေးပြန်တယ်။ ဒီအချိန်မှာ လူငါးယောက် ချက်ချင်းရှေ့ထွက်ရပ်ပါတယ်။
"ကျန်တဲ့လူနှစ်ယောက် ဘာဖြစ်လို့ မဖြတ်ရဲတာလဲ"လို့ ကျန်လူနှစ်ယောက်ကို စိတ်ပညာရှင်က မေးတော့ "ပိုက်ကွန်ချည်ထားတာ ခိုင်ပါ့မလား" လို့ သူတို့သံပြိုင်ပြန်မေးခဲ့ကြတယ်။
အောင်မြင်ခြင်းက ဒီတံတားလေးကို ဖြတ်ကျော်တာနဲ့တူခဲ့ပါတယ်။ များသောအားဖြင့် လူတွေကျရှုံးရတဲ့အကြောင်းရင်းက အင်အားနည်းလို့၊ ဉာဏ်ပညာမဲ့လို့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ အနှောင့်အယှက်၊ အတားအဆီး၊ ပိတ်ပင်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအရာတွေက လူတွေရဲ့ စိတ်တည်ငြိမ်မှုကို ပျက်ပြားစေပြီး ဦးတည်ရာကို ပရမ်းပတာဖြစ်စေခဲ့တာဖြစ်တယ်။
မနိုင်းနိုင်း ဆီမှာ တစ်ဆင့်ကူးယူဖော်ပြသည် ..ကျွန်တော် ဖတ်ကြည့်မိပြိး အရမ်းကြိုက်သွားလို ဒါလေးကို ပြန်ပြီတင်ပြလိုက်တာပါ ရင်ထဲမှာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကျန်ခဲ့မယ်ဆိုရင် ကျွန်တော် ဖော်ပြရခြင်းအတွက် ကျေနပ်ပါတယ်
Monday, December 13, 2010
Words of Bill Gate
ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ
Sunday, November 14, 2010
ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက....
  ဖတ်ကြည့်ပြီးတော့ သဘောကျလို ပြန်လည်တင်ပြလိုက်တာပါ ... မနိုင်းနိုင်း ဆီကတစ်ဆင့်ပါ .. ကျွန်တော်တို တစ်ခါတစ်ရံ ဆိုသလို အမြဲတမ်းဒီလိုမျိုးလေးတွေ ဖြစ်နေကြစမြဲမို့ ..
ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက....
အထီးကျန်တာကို အရင်သည်းခံပါ ပြီးမှ ချန်ပီယံလုပ်ပါ
အကျင့်စရိုက်က ကံကြမ္မာကို အဆုံးအဖြတ်ပေးသတဲ့။ ကျွန်မက တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် အေးအေးဆေးဆေးနေတတ်သူ၊ စိတ်ဓာတ်မာသူဖြစ်တယ်။ လူတချို့က ကျွန်မကို "အထီးကျန် ချန်ပီယံ" လို့တင်စားကြတယ်။
ကျွန်မရဲ့ငယ်စဉ်အိပ်မက်က ပန်းချီဆရာတစ်ဦးပါ။ (၃)နှစ်အရွယ်ထဲက ကျွန်မ ပန်းချီစဆွဲခဲ့တယ်။အဲဒီတုန်းက မိဘတွေအလုပ်သွားကြတော့ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့ ကျွန်မကို သူတို့စိတ်မချကြဘူး။ ဒါနဲ့ ကျွန်မကို အိမ်ထဲမှာ တစ်နေကုန် သော့ခတ်သွားကြတယ်။ ကျွန်မလည်း အိမ်ထဲမှာ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ တစ်နေကုန် ပန်းချီဆွဲခဲ့တယ်။
အဲဒီအချိန်ကစပြီး တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့အကျင့် ကျွန်မမှာပါခဲ့တယ်။ကျွန်မမှာ သူငယ်ချင်းများများစားစား မရှိဘူး။ သူငယ်ချင်းများရင် အပျော်အပါးများမယ်။ အသွားအလာများမယ်။ ကျွန်မအကျင့်နဲ့ သိပ်မကိုက်သလို ကျွန်မရဲ့ဘောလုံးကျင့်ချိန်ကိုလည်း ထိခိုက်စေတယ်။ ကျွန်မ အိမ်မှာတစ်ယောက်တည်းနေပြီး စာအုပ်ဖတ်တယ်၊ ဟာသကားကြည့်တယ်၊ မုန့်စားတယ်၊ တစ်ခါတလေ မေမေနဲ့ ဈေးဝယ်ထွက်တယ်။ စိတ်ဖိအားများတ့အချိန် Yogaကျင့်တယ်။ တစ်ယောက်တည်း ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ပေါ့ပါးတဲ့သံစဉ်တွေနဲ့ စိတ်ဖိအားကိုလျော့တယ်။ ဒါတွေဟာ ကျွန်မရဲ့အားလပ်ချိန်မှာ ကျွန်မအရမ်းနှစ်သက်တဲ့ အနားယူခြင်းတွေပါပဲ။
အခုချိန်မှာ ပြန်တွေးကြည့်ရင် အေးအေးဆေးဆေးသမားတွေက ဘိလိယက်ကစားသမားဖြစ်ဖို့ အရမ်းသင့်လျော်တယ်။ ဘိလိယက်ထိုးရင် အာရုံစူးစိုက်မှုရှိရတယ်။ တွေးတောရတယ်။ စိတ်ရှည်ရတယ်။ တည်ငြိမ်ရတယ်။ ဒါတွေအားလုံး ကျွန်မမှာရှိတယ်။ ဒီကနေ့ခေတ်မှာ တစ်ယောက်တည်း ထီးထီးနေနိုင်တဲ့သူ ရှားတယ်။ ဒါကြောင့် အထီးကျန်တာကို အရင်သည်းခံပါ။ ပြီးမှ ဆရာတစ်ဆူလုပ်ပါ။ ကောင်းမွန်တဲ့ စိတ်နေသဘောထားက အောင်မြင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။
ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက သူတစ်ပါးကိုအောင်နိုင်ခြင်းထက် အရေးကြီးတယ်
သိပ်မကြာခင်တုန်းက အမေရိကားပြိုင်ပွဲတစ်ခုမှာ ကျွန်မသွားယှဉ်ပြိုင်ခဲ့တယ်။ အမေရိကန်လက်ရွေးစင် Allison Fisherနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲကို ကျွန်မတစ်သက်မမေ့ခဲ့ဘူး။
ကမ္ဘာ့နံပါတ်တစ်ဆိုတဲ့ ဒီလက်ရွေးစင်နဲ့ အရင်က ကျွန်မနှစ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးတယ်။ တစ်လှည့်နိုင် တစ်လှည့်ရှုံးခဲ့တဲ့ရလဒ်က ဒီတစ်ခေါက် သူနဲ့ယှဉ်ပြိုင်ဖို့အတွက် ကျွန်မကို ပေါ့ပေါ့ပါးပါးရှိစေခဲ့တယ်။ ပြိုင်ပွဲပြိုင်နေတုန်း နှစ်ယောက်စလုံး (၈)မှတ်ညီနေချိန်ထိ ကျွန်မဘက်က အသာရနေခဲ့တယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးကို ကျွန်မ ပိုင်ပိုင်နိုင်နိုင် မဖမ်းချုပ်နိုင်ခဲ့ဘူး။ နောက်ပြီး အမေရိကန်မှာ ယှဉ်ပြိုင်တဲ့ပွဲဖြစ်လို့ အမေရိကန်လူမျိုးတွေက သူတို့ရဲ့လက်ရွေးစင်ကိုပဲ အနိုင်ရစေချင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မနောက်ဆုံးတစ်ချက် ထိုးခါနီးမှာ အစီအစဉ်မှူးက ပရိသတ်တွေကို ပြိုင်ပွဲကနေ ထွက်ခွာနိုင်ပြီဖြစ်ကြောင်း ကြေညာတယ်။ အဲဒီမှာ ကွင်းပတ်လည်က ပရိသတ်တွေ လှုပ်လှုပ်ရှားရှားနဲ့ နေရာကခွာကြတယ်။ ဒီလိုရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေက ကျွန်မရဲ့အာရုံကို လာနောက်တယ်။ နောက်ဆုံး အသာစီးအနိုင်ရမယ့်ပွဲမှာ ကျွန်မရှုံးသွားခဲ့တယ်။
ပွဲပြီးတော့ ကျွန်မ အရမ်းဝမ်းနည်းမိတယ်။ ကမ္ဘာ့အဆင့်တစ်လက်ရွေးစင်နဲ့ နောက်ဆုံးယှဉ်ပြိုင်ပွဲမှာ ကျွန်မရဲ့မှားယွင်းချက်ကြောင့် ကျွန်မသူ့ကို မနိုင်ခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ ခွင့်မလွတ်နိုင်ခဲ့ဘူး။ အဲဒီညမှာ ကျွန်မလုံးဝ အိပ်မပျော်ခဲ့ဘူး။ ဖေဖေဆီဖုန်းဆက်ပြီး "ဒီကစားပွဲကို ကျွန်မတစ်သက်မှတ်ထားမယ်!" လို့ပြောခဲ့တယ်။
အိပ်လို့မရခဲ့တဲ့ကျွန်မ ပုံပြင်တစ်ပုဒ်ကို ထပ်လောင်းတွေးနေမိတယ်။ အဲဒီပုံပြင်က ကောင်မလေးတစ်ယောက်ဟာ ကမ်းမမြင်လမ်းမမြင်တဲ့ နွံတောထဲမှာ လမ်းလျှောက်နေခဲ့တယ်။ လမ်းပျောက်နေခဲ့သည့်တိုင် ထက်မြက်တဲ့ကောင်မလေးက မထိတ်လန့် မတုန်လှုပ်ခဲ့ဘူး။ သူထားခဲ့တဲ့ ခြေရာအတိုင်း နဂိုနေရာဆီရောက်အောင် ပြန်လာခဲ့ပြီး လမ်းသစ်ကိုရှာခဲ့တယ်။ နောက်ဆုံးမှာ အဆုံးမရှိတဲ့ နွံတောထဲကနေ သူရအောင် ထွက်နိုင်ခဲ့တယ်။ ဒီပုံပြင်က ကျွန်မကို ထပ်တဖန်ထိုးဆွနေခဲ့တယ်။ ပြိုင်ပွဲတစ်ခုရှုံးသွားပေမယ့် အဲဒီပြိုင်ပွဲထဲကနေ အမှားအယွင်းနဲ့ လိုအပ်ချက်တွေကို ရှာနိုင်ခဲ့ရင် အသစ်တဖန်ပြန်စနိုင်တဲ့ အင်အားကိုရစေပါတယ်။
လူ့ဘဝမှာ အရာရာက အမြဲတမ်း အဆင်ပြေနေမှာ မဟုတ်ဘူး။ ကိုယ်လျှောက်ခဲ့တဲ့လမ်းမှာ ခြေရာလေးတွေချန်ပြီး လမ်းပျောက်တဲ့အခါ စမှတ်ကို ရှာနိုင်ရင်ရပါပြီ။ ဒီလိုအဖြစ်အပျက်နဲ့ ကြုံပြီးနောက် လူတွေဟာ ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက သူတစ်ပါးကိုအောင်နိုင်ခြင်းထက် ပိုအရေးကြီးတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။
အပင်ပန်းခံတာ ထိပ်ဆုံးရောက်ဖို့
ကျွန်မမိတ်ဆွေတွေက ကျွန်မကို