.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....
Showing posts with label ဖီလင်. Show all posts
Showing posts with label ဖီလင်. Show all posts

Sunday, November 24, 2013

ဆယ်တန်းဖြေဆိုမည့် ကျောင်းသား/သူ ကလေးများအတွက်

ဒီဇင်ဘာထဲဝင်ပြီ။ ဒီတော့ ဆယ်တန်းဖြေဖို့က သုံးလလောက်ပဲလိုတော့တယ်ပေါ့။ ဒီတော့ သိပ်ကိုမှန်းထားတဲ့လူတွေအဖို့ မထောင်းသာပေမယ့် တချို့သားလေးတွေ သမီးလေးတွေအတွက်တော့ မျက်လုံးပြူးလာပြီပေါ့။ ကိုယ်တိုင်မပြူးတောင် မိဘတွေ ဆရာတွေက ပြူးအောင် စညှစ်ပြီလို့ ထင်တယ်။

ဒီတော့ မားးးဆယ်တန်းဖြေတုန်းက အတွေ့အကြုံလေးတချို့ကို လိုအပ်ရင် သုံးလို့ရအောင် ဝေမျှချင်တယ်။ ဆယ်တန်းလို့ ပြောပေမယ့် တကယ်တော့ ဘယ်စာမေးပွဲဖြေဖြေ အရေးတကြီး လုပ်ရမယ့်ဟာလေးတွေပေါ့ကွယ်။ 

ပထမဆုံး Time အချိန်ဘယ်လောက်ကျန်သေးတယ်ကို ချိန်ပါ။ နောက်ရက်ကိုးဆယ်ကျန်သေးတယ်ထားပါတော့ ဒီရက်ကိုးဆယ်ရှိသေးတယ်ဆိုပါစို့ ဒီရက်ကိုးဆယ်ကို ဘယ်လိုအသုံးချမှာလည်းတွေးရတော့မယ်။ အထိရောက်ဆုံး သုံးနိုင်ဖို့ တွေးတော့။ အရင်က ဘာလုပ်ခဲ့လုပ်ခဲ့ ဒီသုံးလလောက်တော့ စိတ်ကိုထိန်းပြီး အကောင်းဆုံးလုပ်ရတော့မှာ။ 

ပထမဆုံးက ကိုယ်သင်ယူပြီးတာ သင်ရိုးတခုလုံးရဲ့ ဘယ်လောက်ပြီးသွားပြီလဲ ? ဘယ်လောက်ကျန်သေးလဲ အရင်ကြည့်ရမယ်။ ဒါမှ ကိုယ်ကျက်ရမှာ ဘယ်လောက်ကျန်ဦးမှာလဲသိမယ်။ ပြီးရင် ဘာသာရပ်တခုချင်းရဲ့ ဆရာ/ဆရာမကို မေးပါ။ ဘယ် chapter တွေက အောင်မှတ်လဲ ? ဘယ် chapter တွေက ဂုဏ်ထူးမှတ်လဲ ? ဒါကို အားမနာတမ်းမေးပါ။ ကိုယ်ကျက်ထားတာ ဘယ်လောက် ရှိနေပြီလဲ စမ်းစစ်ပါ။

ပြီးရင် မေးခွန်းဟောင်းတွေကို လေ့လာပါ။ ဖြေကြည့်ပါ။ ပြောချင်တာက စာရတာတခု။ စာမေးပွဲဖြေတတ်တာတခုပါ။ ဒီတော့ မေးခွန်းကိုဘယ်လိုဖတ်ရတယ်။ ဘယ်လိုမေးခွန်းမျိုးကို အချိန်ဘယ်လောက်ပေးရတယ်ဆိုတာကို ဆရာကို အားမနာတမ်းပြောပြခိုင်းပါ။ ဒီအချိန်က တဘဝလုံးဆိုင်တဲ့အချိန်မှာ ကိုယ့်အားကိုယ်မကိုးရင် နောက်မှ နောင်တရလိမ့်မယ်။ စာကျက်တယ်ဆိုရင် အတို notes လေးတွေ တခါတည်းချရေးထားပါ။ စာမေးပွဲမဖြေခင်မှာ ဒီ notes လေးတွေက ပြန်နွှေးရတာ အရမ်းကိုလွယ်စေလိမ့်မယ်။

ခွေးအရမ်းကြောက်တဲ့လူကို ခွေးလှောင်အိမ်အနားထိတိုးပြီး ကြည့်ခိုင်းရတယ်။ အမှောင်ကြောက်တဲ့လူကိုလည်း အမှောင်ထဲကို ပထမ ခြေတလှမ်း၊ နောက်ခြေနှစ်လှမ်း စလို့ "တဖြည်းဖြည်းချင်း" ရင်းနှီးမှုယူရပါတယ်။ 

ဒီလိုပါပဲ စာမရလို့ confident မရှိဘူးဆိုရင် တစ်ပုဒ်လောက်ကစလို့ ပိုင်ပိုင်နိုင်နိုင် ရအောင် ကျက်ပါ။ တစ်ပုဒ်ကစလို့ တအုပ်လုံး ပိုင်နိုင်သွားပါလိမ့်မယ်။

ပြီးတော့ အပို အလုပ်တွေကိုလျှော့လိုက်ပါ။ Facebook သုံးချင်တယ် ဒါပေမယ့် ဒီသုံးလလောက်ကို စိတ်ထိန်းပြီး လျှော့ပါ။ တနေ့ကို တနာရီသုံးမယ်ဆိုရင် တနာရီသပ်သပ်မှတ်မှတ်ပဲသုံးပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ ပြီးတော့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်မယ်လို့ စိတ်မွေးထားပါ။

တချို့လည်း မိဘတွေက ဘာဖြစ်မှ ညာဖြစ်မှ ဆေးအမှတ်မှီမှ ဖိအားပေးတာမျိုးကို ပွင့်ပွင့်လင်းလင်းပြောပြီး မပြောခိုင်းပါနဲ့။ စိတ်ထဲမှာ ငါလုပ်နိုင်တာ အားလုံးကို အကောင်းဆုံးကြိုးစားပြီးလုပ်မယ်လို့သာတွေးပါ။ ဒီဆယ်တန်းအောင်သွားရင် ဘာလေးပဲလုပ်ချင်လုပ်ချင် နောက်တဆင့်ရောက်သွားမှာ ဒီတော့ ဒီအချိန်ပိုင်းလေးကို အားပြုလိုက်ပါ။

နောက်ပြီး စာမေးပွဲနီးမှ spot ဆိုတာကို မားးးကတော့ လုံးဝအားမပေးဘူး။ ကိုယ့်အပိုင်နိုင်ဆုံး ဖြစ်အောင်လုပ်ထားတာ အကောင်းဆုံးပါ။ မားးးဖြေတုန်းကတော့ ဘယ် spot ကိုမှ မကြည့်ဘူး အမေ့ကို အားလုံး သိမ်းထားခိုင်းလိုက်တယ်။ အဲ့ဒီ spot တွေက ကွက်တိတိုးမယ်ဆိုရင်တောင် မကြည့်မိလို့ နောင်တမရဘူးဆိုတဲ့ စိတ်မွေးထားတယ်။

မားးး ဖတ်မိတာလေး တခုပါ အောက်မှာ ရေးပေးလိုက်တယ်။ သားတို့ သမီးတို့ တခုခုရသွားမယ်လို့ ထင်ပါတယ် ။

" စိတ်ကူးယဉ် အိမ်မက်တစ်ခုအကောင်အထည်ပေါလာဖို့ဆိုတာ ခိုင်မာပြင်းပြသော သင့်အလိုဆန္ဒများအတိုင်းပင် သင်ဖြစ်ရ၏ အကြောင်းမူ အလိုဆန္ဒရှိသလောက် သင့်၌ ထက်သန်မှုရှိ၏ ထက်သန်မှုရှိသလောက် သင်လုပ်ဆောင်ဖြစ်၏ သင်လုပ်ဆောင်သလောက်ပင် သင့်ဘဝကံကြမ္မာများ ဖန်တီးဖြစ်ပေါရပေသည်။ "

( အောင်မြင်ပါစေ )

မူရင်းပို့စ် facebook မားသံ ဆီမှ ကူးယူဖော်ပြခြင်းဖြစ်သည်။ 

Sunday, September 1, 2013

လွဲမှားခြင်း အယူဝါဒ

ကျွန်တော်ဆိုတာကလည်း တာဝန်နဲ့ဝတ္တရားတွေကြားထဲက လူတစ်ယောက်ပါပဲ ... တစ်ခါတစ်ရံမှာ အချိန်မချိန်းပဲဆုံးဖြတ်ချက်တွေ သုံးသပ်ချက်တွေ လိုအပ်သလို ချမှတ်ရတတ်ပါတယ် .. အဲ့ညလေးက ကျွန်တော်နဲ့သူ့အတွက် တစ်ကယ်ကိုအရေးကြီးတဲ့ အကြောင်းရာတစ်ခုပေါ်လာခဲ့တယ် ..ကျွန်တော်ကိုတစ်ဖက်က ဖုန်းနဲ့မေးပြိးအဖြေတစ်ခုတောင်းနေတယ်..ကျွန်တော်ခဏ၀ိတ်ပေးဆိုပြိး သူနဲ့တိုင်ပင်ဖို သူ့ကိုအရေးကြီးတယ်ခဏပြောမယ်ဆိုပြီး တောင်းဆိုခဲ့တယ်.. ဒါပေမယ့် ကျွန်တော်တောင့်တနေတဲ့ သူ့ဆန္ဒ သူ့ဘဘော သူသုံးသပ်ချက်တွေ မရခဲ့ဘူး .. ဘာလိုလည်းဆိုတော့ ကျွန်တော့်ကို သူပြန်မပြောနိုင်လောက်အောင် သူအိမ်ကလည်းရောက်နေခဲ့တယ်လေ .. အကြောင်းတစ်ခုကြောင့်ဆိုတာတွေးမိပေမယ့် စိတ်ထဲမကောင်းဖြစ်မိပြီး သူ့ကိုမက်ဆေဒ့်ချန်ခဲ့မိတယ် .. ပြိးတော့  တစ်ဖက်က တောင်းဆိုမှုကိုလည်းကျွန်တော် ငြင်းဆန်ပြီး အရာအားလုံးကိုကျွန်တော်စိတ်ထဲ ဘ၀င်မကျစွာနဲ့ ဆန့်ကျင်ဘက်တွေလုပ်ခဲ့မိလိုက်တယ် ... အဲ့လိုနဲ့ ကျွန်တော့်ညလည်းအထီးကျန်တဲ့ညလေးတစ်ည ဖြစ်သွားတယ် .. မကြာဘူး သူ့ဆီက ဖုန်းတွေဝင်လာတယ် . ကျွန်တော်ထိုင်ငေးနေမိတယ် . ပြိးတော့ စိတ်ထဲက တိတ်တိတ်လေးရွတ်နေမိတယ် .. ငါဒီဖုန်းကိုကိုင်ရင် သူငါ့ကိုမေးတော့မယ် . ငါလည်း စိတ်မကြည်တော့အော်မိတော့မယ် . သူကိုစိတ်ညစ်အောင်ထပ်လုပ်မိပြီး သူ ညချမ်းလေး ပူလောင်တော့မယ်ဆိုတာ .. အဲ့တော့ကျွန်တော် မကိုင်ပဲနေလိုက်တယ်. ဟော ရောက်ပါပြီ .. မနက်ခင်းလေး .. သူ့ဖုန်းဝင်လာတယ် .. ထင်တဲ့အတိုင်းမေးတယ် ... ကျွန်တော် မပြောပြချင်တော့ဘူး .. သူစိတ်ညစ်သွားမှာကျွန်တော် မကြည့်ချင်ဘူး .. ခက်တာက ကျွန်တော်စိတ်ကိုသူနားမလည်ဘူး .. သူထင်တာက တစ်မျိုး .. ကျွန်တော့်ကိုလည်း စွဲချက်ပေါင်းများစွာနဲ့ သူစိတ်ထဲသက်မှတ်ထားတဲ့ ပညက်ချက်တွေအောက် ကျွန်တော် အလူးအလဲ ကျဆုံးသွားရပြန်တယ် .. ကလေးလိုလိုခွေးလိုလိုတောင်ဖြစ်သွားရတဲ့ဘ၀ ... အင်း .. ဘာပြောပြောပါ .. သူ ခုစိတ်ညစ်နေတာ ခဏနေရင်ပျောက်ပြီးတော့ တစ်ဘ၀လုံးအေးချမ်းနေတော့မှာ ကိုတွေးမိရင်း ကျွန်တော် ခုရလိုက်တဲ့ စကားလုံးတိုက်စစ်တွေကို ကောင်းကောင်းကြီး ရင်ထဲသိမ်းထားလိုက်တော့မယ် .. ကျွန်တော့ကို သူ နားလည်ပေးနိုင်ပါစေလို့ 
ဆုတောင်းရင်း
အရားအားလုံးအေးမြငြိမ်းချမ်းနေနိုင်ပါစေ ... 

မြေခသွားတဲ့ကြယ်

ဦးကြယ်(၂၇)
၁ရက်၉လ၂၀၁၃ခုနှစ်
တနင်္ဂနွေည ၇နာရီ၄၀မိနစ်
/* ----------------------------------------------------------------------- 
 ဟုတ်တယ် 
ဒီညလေးပဲ
လူမသိသူမသိ (တိတ်တိတ်လေးးးးးး)
ကြယ်တစ်စင်း မြေမှာခစင်းသွားတယ်
ထာဝရ နှုတ်ဆက်တဲ့သဘော
အေးမြငြိမ်သက်ရင်း ဆုမွန်ချွေတယ်
သူ (အစဉ်အမြဲ) ငြိမ်းအေးချမ်းမြနေနိုင်ပါစေ ....

          ----------------------------------------------------------------- */

Monday, August 26, 2013

သင် မနှစ်သက်တဲ့ လူတွေအကြောင်း တွေးရင်း ဘယ်တော့မှ အချိန် မဖြုန်းမိပါစေနဲ့ ...

Never waste a minute thinking about people you don't like.

-Dwight D. Elsenhower

အဲ့ဒါကြောင့်ထင်တယ် .. ဒီမနက်ဖုန်းပြောကြတော့ သူက ကျွန်တော့်ကိုအော်ရင်း သူခံစားချက်ကိုဖွင့်ချပြသွားတယ် ... အဲ့တော့မှ ကျွန်တော်လည်း ကျွန်တော့်တန်ဖိုးကျွန်တော် နားလည်သွားမိတယ် ..... ဟုတ်တယ် .. ကျွန်တော်ဆိုတာကလည်း အဲ့လို တုံးအ နေတတ်တဲ့ကောင် ...

လှလှပပ သေဆုံးခဲ့တဲ့ ည



နားထောင်ရင်းနားထောင်ရင်း တစ်ခုခုကို ပြင်းပြင်းပြပြတမ်းတမိသလို 
တစ်ခုခုကိုလည်း ပြင်းပြင်းပြပြ ၀မ်းနည်းနေမိတယ် ..
သေချာတာတော့ အဲဒီနေ့က ကျွန်တော့် အိမ်မက်တွေ အားလုံး
လှလှပပလေး အသတ်ခံခဲ့ရတယ် ...
ကျွန်တော့် စိတ်ကူးတွေ ရိုက်ချိုးခံခဲ့ရတယ် ...
...... ဒီလိုနဲ့ .......
ရှင်လျှက်နဲ့သေဆုံး သူတစ်ယောက် (ကျွန်တော်) ဖြစ်ခဲ့ရတယ် 

Friday, August 23, 2013

ကျွန်တော် နှင့် အရောင်များ

ကျွန်တော် အကြိုက်ဆုံးအရောင်က အနက်ရောင်လေးးးပါ .. အဲဒီအရောင်နဲ့ပတ်သတ်လို့  ရေးထားတာလေးတွေ့လို့ တင်ပေးလိုက်တယ် .. သူနဲ့ဆန့်ကျင်ဘက်အရောင်ဖြစ်တဲ့ မိတ်ဖတ် အဖြူရောင်လေးပါ တစ်ခါတည်းထည်ပေ့းလိုက်တယ် .. ဖတ်ကြည့်လိုက်ပါဥိး 

အနက်ရောင်
အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှိတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

အဖြူရောင်
အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။
သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပဲ တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ်ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှုကို မြင်နေရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင်ချစ်တတ်တယ်။

Tuesday, March 26, 2013

တစ်ခါတစ်လေ



တစ်ခါတလေမှာ မေ့လျော့တာက ကိုယ့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးလာနိုင်တယ်။

ဘယ်အချိန်မှာ သယ်ဆောင်ပေးနိုင်သလဲ?

တစ်ယောက်ယောက်က ကိုယ့်ကိုထိခိုက်နာကျင်အောင် လုပ်တဲ့အချိန်.. အဲဒီနာကျင်ခြင်းတွေကို မေ့ထားလိုက်ပါ။ ကိုယ့်ကိုထိခိုက်နာကျင်အောင် လုပ်သူက ကိုယ့်ကိုမလိုမုန်းထားလို့ဖြစ်တယ်။ အဲဒီထိခိုက်တာကို စိတ်ထဲထားပြီး တမြေ့မြေ့ခံစားတာက ကိုယ့်ကိုယ်ကို နှိပ်စက်နေတာနဲ့ အတူတူပဲ။ သူက ကိုယ့်ကိုထိခိုက်နာကျင်အောင်လုပ်ခဲ့ပြီပဲ ဘာဖြစ်လို့ အဲဒီနာကျင်တာကို ကိုယ့်စိတ်ထဲထားပြီး ကိုယ့်အပေါ် သူပြုမူခဲ့တာကို တသသနဲ့ ခံစားနေဦးမလဲ!

ဒါကြောင့် မှတ်ဉာဏ်မကောင်းသူတွေက တခြားလူထက်ပိုပျော်ရွှင်ကြသလို လူများတွန်းတိုင်းလည်း လဲကျသွားတတ်သူ မဟုတ်ခဲ့ဘူး။

မူရင်း မနိုင်းနိင်း

ငါ နင့်ကိုချစ်တရ်


မင်္ဂလာဆောင်ပြီး နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ဇနီးမောင်နှံရဲ့ သားဦးလေးကို မွေးဖွားခဲ့တယ်။
သားလေးဟာ သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါး။ သားလေး (၂)နှစ်သားအရွယ် ရောက်လာတဲ့
မနက်ခင်းတစ်ခုမှာ ယောကျာ်းဖြစ်သူက ဆေးပုလင်းတစ်ခု အဖုံးဖွင့်လျက်သားဖြစ်နေတာကို တွေ့လိုက်တယ်။
အလုပ်အရမ်းနောက်ကျနေတာမို့ မီးဖိုခန်းက သူ့ မိန်းမ ကို အော်ပြောလိုက်တယ်။ ပွင့်နေတဲ့ ဆေးပုလင်း
အဖုံးကို ပိတ်ပြီး ဗီဒိုထဲ ထည့်လိုက်ဖို့ပါ။ မိန်းမက မီးဖိုခန်းမှာ အလုပ်ရှုပ်နေတော့ ယောကျာ်းပြောတကို
မေ့သွားတယ်။
သားလေး က ဆေးပုလင်းကို ယူပြီးဆော့ကစားတယ်။ ပုလင်းထဲက အရောင်တောက်တောက် ဆေးလုံး
လေးတွေကို တော်တော်များများ မျိုချလိုက်တယ်။ ၂ နှစ်သား အရွယ် ကလေးတစ်ယောက်အတွက် တော့
အဆိပ်တွေဖြစ်ခဲ့ပါတယ်။ မီးဖိုခန်းက ထွက်လာတဲ့ အခါ ကလေးက ခွေလျက်လေး လဲနေပါပြီ။ ဆေးရုံကို
ပို့ပေမယ့် ကလေး က အသက်မရှိတော့ပါဘူး။ သားလေး ကိုကြည့်ပြီး သူမ မငိုဘူး။ မျက်ရည် ကျမလာဘူး။
ယောကျာ်းကို သူမ ဘယ်လို ပြန်ပြီး ဖြေရှင်းချက်ပေးရမလဲ။ အတွေးတစ်ခုနဲ့ တင် သူမ ရူးမတတ် ခံစား
နေရတယ်။ ယောကျာ်း အရူးတပိုင်းပြေးလာပြီး သားလေး ကို ပွေ့ချီလိုက်တယ်။ ဘာသံမှ ထွက်မလာဘဲ
မျက်ရည်တွေ တပေါက်ပေါက်ကျလာတယ်။ သူ ... သူ့မိန်းမကို တချက်ကြည့်ပြီး စကားတခွန်းပြောလိုက်တယ်။

ဘာပြောလိမ့်မယ်လို့ သင် ထင်လဲ။

`မိန်းမ... ငါနင့်ကို ချစ်တယ်´
ဘယ်လိုမှ ထင်မထားတဲ့ တုံ့ပြန်မှုတစ်ခုဟာ သူမ ရဲ့ မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ ကျလာစေတယ်။

သားလေးက အသက်မရှိတော့ဘူး။ သူတို့ သားလေး ကို လူ့ဘ၀ ထဲ ပြန်ရောက်လာအောင် မလုပ်နိုင်ဘူး။
မိန်းမကို အပြစ်ရှာပြီး အပြစ်တင်နေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ယောကျာ်း အနေနဲ့ အချိန် နည်းနည်း
လေးယူပြီး ဆေးပုလင်းအဖုံးကို ပိတ်ပြီး အလုပ်သွားခဲ့ရင် ဒီကိစ္စဖြစ်လာမှာမဟုတ်ဘူး။ တစ်ယောက်နဲ့
တစ်ယောက် ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတာကို ပြောပြီး ငြင်းခုန်နေဖို့ အချိန်မရှိဘူး။ မိခင် တစ်ယောက်
အနေနဲ့ သား တစ်ယောက်ဆုံးရှုံးခဲ့ပြီ။ ဒီအချိန်မှာ သူမ လိုအပ်နေတာ ခင်ပွန်း ဆီ နှစ်သိမ့်မှု၊ စာနာမှု။
သူ...အခု သူမကို ပြောတဲ့.. `ငါ နင့်ကိုချစ်တယ်´ ဆိုတဲ့ စကားတခွန်း။

(တခါတလေ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးတစ်ခုမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲ
ဖြစ်ဖြစ်..ကျွန်တော်တို့ တွေဟာ ဘယ်သူ့မှာ အပြစ်ရှိတယ်၊ ဘယ်သူ တာဝန်ယူသင့်တယ် ဆိုပြီး
ငြင်းခုန်ကြတယ်။ အော်ဟစ်ကြတယ်။ လူသားတွေရဲ့ နွေးထွေးတဲ့ တစ်ဦးပေါ်တစ်ဦးကူညီမှု၊
နွေးထွေးမှု၊ ဖေးမမှု တွေကို မေ့လျော့နေကြတယ်။ သင့်ရဲ့ ထင်မြင်ချက် တစ်ခုပေါ်မှာပဲ
ကောက်ချက်ချတယ်။ နာကျင်မှု တွေကို ဆပွားပြီး၊ ပျော်ရွင်မှုတွေကို ဖျောက်ဖျက်ပစ်ကြတယ်။
`ငါသာ သူ့နေရာမှာ ဆိုရင်´ ဆိုတဲ့ ရှုထောင့်တစ်ခုက နေ ကျွန်တော်တို့ မကြည့်မိဘူး။
မတူညီတဲ့ ရှုထောင့်တစ်ခုကနေ ကျွန်တော်တို့ ကြည့်မိရင် ကမ္ဘာပေါ်မှာ ပြဿာနာတွေ
နည်းပါးသွားမှာပါ။
သင့်ရဲ့ ရန်လိုတဲ့စိတ်တွေ၊ မနာလိုမှုတွေ၊ ခွင့်လွတ်ဖို့ မလွယ်ကူတဲ့ စိတ်ဓာတ်တွေ၊ တကိုယ်ကောင်း
ဆန်မှုတွေ၊ ကြောက်ရွံ့မှုတွေ ကို ဖယ်ရှားပစ်ကြည့်ပါ။ သင်ထင်ထားသလို ခက်ခဲမှု မရှိကြောင်း သင်
တွေ့ရပါလိမ့်မယ်။ သင့်ဘ၀ ပိုပြီး လှပ လာပါလိမ့်မယ်။)

ပထမဆုံး ဇာတ်လမ်းတိုလေးကို ဘာသာပြန်မှု။
- သိုးငယ်

Tuesday, March 19, 2013

... ချစ်သူ ....



အချစ်က 
ဂရုစိုက်မူ့တွေ အေးစက်သွားရင်
မနွေးထွေးနိုင်တော့ ဘူး........

လစ်လျူရှု့မူ့တွေများလာရင်.....
မပျော်ရွှင်နိုင်တော့ ဘူး...........

ကတိတွေ ချိုးဖောက်လာရင်...
အရင်လို မယုံကြည်နိုင်တော့ ဘူး............

တွေ့ဆုံခွင့်တွေနည်းပါးလာရင်
ဆက်ဆံရေးတွေ မကောင်းတော့ ဘူး.........

ဟက်ဟက်ပက်ပက် မဟုတ်တဲ့  စကားတွေ....
လှိုက်လှိုက်လှဲလှဲ မရှိတဲ့  ရီ(ရယ်)သံတွေ......
ကြင်ကြင်နာနာ မဟုတ်တဲ့  နှုတ်ဆက်သံတွေက......
အနားမှာရှိနေလျှက်နဲ့  ဝေးနေသလိုမျိုးခံစားနေရတယ်...........
ချစ်နေပါလျှက်နဲ့  သူစိမ်းတွေလို မျိုး ပြုမူနေထိုင်နေကျတယ်........

တကယ်ပါချစ်သူ...........
အချစ်က 
ဂရုစိုက်မူ့တွေ အေးစက်သွားရင်
မနွေးထွေးနိုင်တော့ ဘူး........
ငါတို့  အရင်လို ဂရုစိုက်မူ့တွေနဲ့  ချစ်ရအောင်နော်...........

Orig-->့ (ပုံရိပ်စစ်)

Saturday, March 9, 2013

ှတစ်ခါတစ်လေ



ခံစားရခက်တဲ့  
တချို့လူ့ကျင့်ဝတ်ထဲမှာ
အဆိုးရွားဆုံး ကတော့ 
ချစ်သူကို ဘေးမှာထားပြီး သူငယ်ချင်းကို သတိရကြောင်းပြောနေတာတွေပေါ့ ........

နားလည်ရခက်တဲ့ 
ပုဒ်စာတွေထဲမှာ
ချစ်သူကို ချစ်တယ်ပြောပြီး 
ရည်းစားဟောင်းကို မမေ့နိုင်သေးတာတွေလည်း ပါတာပေါ့ .......

တချို့ စာသားတွေလိုပါပဲ ........
အပ်ဖျားတစ်ထောက်စာဆိုပေမဲ့ 
ဆပ်ပြာပူဖောင်းအတွက်တော့  ဘ၀ပျက်သွားစေနိုင်တယ်လေ  .....
တခါတလေ 
အဲလို အလိုက်မသိတက်ခြင်းက လည်း ချစ်သူတွေကို ပိုဝေးကွားသွားစေနိုင်တယ်မဟုတ်လား  .......

မူရင်းပိုစ် ... (ပုံရိပ်စစ်)

I WANT TO DIE

I want to die. What is the use of staying alive?
What is the purpose of my life?
When I am always living with so much strife.
I can't  go on living this way.
I can't  stand boring day, after boring day.
Just watching my life waste away.
You must think I am a drama queen,
You haven't  been there, you haven't  seen
The disaster my life has been.
I know death is part of living, but all I know
Is that I will be quitting my life,
which has no meaning.
I want death to take over,
I want to go being sober,
Knowing what I am doing,
Aware of where I am going.
No need for drugs, no need to disguise
The feeling certain death will arise.
I will go quietly, no one will know
Just let me sleep, and not wake up tomorrow.
I want to die, don't want to cry, no one understands my sorrow...

Poem By: Midnight Rose 



Wednesday, March 6, 2013

MESsaGE ! (Massage...♥♥♥)



၁ မိနစ်ကြာပြီးနောက်... သူ သင့်ဆီက မက်ဆေ့ခ်ျကို ဖွင့်ကြည့်နေတယ်လို့ သင်က ထင်တယ်....
၂ မိနစ်ကြာပြီးနောက်....သူ သင့်ကို မက်ဆေ့ခ်ျ ပြန်မယ်လို့ သင်က ထင်တယ်....
၃ မိနစ်ကြာပြီးနောက်...သင့်ရဲ့ ဖုန်းကို ဖွင့်ပြီး သူ့ဆီက မက်ဆေ့ခ်ျကို စတင် စစ်ဆေးတယ်...
၎မိနစ်ကြာပြီးနောက်...သူ ဘာလို့ မက်ဆေ့ခ်ျပြန်တာ ဒီလောက်နှေးလဲ သင် စတင် စဉ်းစားတယ်....
၅ မိနစ်ကြာပြီးနောက်.... သူ သင့် မက်ဆေ့ခ်ျကို မမြင်လို့ ဖြစ်မယ်ဆိုပြီး သင့်ကိုယ်သင် နှစ်သိမ့်တယ်...
၆မိနစ်ကြာပြီးနောက်...ဖုန်းကိုကိုင်ပြီး...မက်ဆေ့ခ်ျပြန်လာမှာကို ခဏစောင့်တယ်....
၇ မိနစ်ကြာပြီးနောက်....ဖုန်းကို ထုတ်ကြည့်ပြီး ကြာလိုက်တာလို့ သင်ထင်တယ်....
၈ မိနစ်ကြာပြီးနောက်... သင်စိတ်ပူပန်စ ပြုလာတယ်...သူ မက်ဆေ့ခ်ျ မပြန်တော့ဘူးလို့ ထင်သွားတယ်...
၉ မိနစ်ကြာပြီးနောက်...သူ့ဆီကို မက်ဆေ့ခ်ျ ထပ်ပို့ရင်ကောင်းမလား သင် စဉ်းစားတယ်....
၁၀မိနစ်ကြာပြီးနောက်... မက်ဆေ့ခ်ျ ရိုက်လိုက်တယ်...နောက်ဆုံး ပို့ခါနီး ပြန်ဖျက်လိုက်တယ်...

မိနစ် ၂၀ ကြာပြီးနောက်...သင်စိတ်မကောင်း ဖြစ်စ ပြုလာတယ်....
မိနစ် ၃၀ကြာပြီးနောက်... သူ့ရဲ့ မက်ဆေ့ခ်ျ ပြန်လာမှာကို မျှော်နေမိပြန်တယ်...
မိနစ် ၄၀ ကြာပြီးနောက်...နောက်ဆုံးမှာ သူ့ကို နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်တယ်....
မိနစ် ၅၀ ကြာပြီးနောက်....နဂိုတုန်းက ကြည်လင်နေတဲ့ စိတ်ကလေး... အရောင်ဆိုး ဖျက်ဆီး ခံလိုက်ရတယ်...
အခု ၁ နာရီရှိသွားပြီ....သူ့ဆီက မက်ဆေ့ခ်ျကို မျှော်သာမျှော် ပေမဲ့  မပေါ်လာသေးဘူး...

နာရီအနည်းငယ်ကြာတော့... သင့်ရဲ့ အကြင်နာ စိတ်ကလေးက သင့်ကို မျှော်လင့်ချက် ပေးလာပါတယ်...
နောက်တခါ ဟန်းဖုန်းကို ဖွင့်ကြည့်လိုက်တယ်... သူ့ဆီက စာပြန်လာပါတယ်....
သင့်ကို ဘာဖြစ်လို့လဲ လို့မေးပါတယ်... စိတ်ထဲမှာ စောစောကလောက် မတင်းမာတော့ဘူး... ဒေါသ နဲနဲ ပြေသွားတယ်... ဒါပေမဲ့ သူ့ကို ဘယ်လို စာပြန်ရမှန်းမသိဘူးဖြစ်နေတယ်...
ဘာလို့လဲဆိုတော့ သူ့ဆီ စာပို့တုန်းကလို ပျော်ရွှင်တဲ့ ခံစားချက်မျိုး သင် ပြန်မရတော့ဘူးလေ....

သူ သင့်ကို စာပြန်လာပြီလေ...ဒါပေမဲ့ သင့်ကိုယ်သင် သနားပြီး စာမပြန်တော့ဘူး....အကြာကြီးစောင့်နေခဲ့တာ သူ့ဆီက မက်ဆေ့ခ်ျပဲ မဟုတ်လား....
သူ့ကိုလဲ စောင့်စားခြင်းရဲ့ ခံစားမှုကို နားလည်စေချင်တယ်လေ..ဒါပေမဲ့ သင် မခံစားနိုင်ဘူး...သူ့ကို မက်ဆေ့ခ်ျ မပြန်ပဲ မနေနိုင်ပြန်ဘူး....

ဒါပေမဲ့သင် သူ့ဆီကို စာပြန်လိုက်တဲ့နောက်...ပြန်ရလိုက်တာကတော့ အကြာကြီး ထပ်မံ စောင့်စားရခြင်းပါပဲ....

တကယ်တော့ နောက်တစ်ခါ ပြန်ပြီး စောင့်စားနေရတဲ့ သူနဲ့ သင် မထိုက်တန်ပါဘူး....

သူ အရမ်းအလုပ်များတယ်ဆိုတာ သင်သိရင်...သူ့ကို အနှောင့်အယှက် မပေးသင့်ဘူး....
သူ အလုပ်မများဘူးဆိုတာ သင်သိရင်... သင့်ကို စာပြန်တဲ့ နှုန်းက အတိုင်းထက် အလွန် မနှေးသင့်ဘူးလေ...

သင့်ကို သူ လုံးဝ ဂရုမစိုက်တာ သင်သိသင့်တယ်....
သူ အဲလောက် စာပြန်တာ နှေးနေတာ ဘာလို့ အသည်းအသန် သူ့ကို စာပို့နေမှာလဲ....

မိမိကို တကယ် ဂရုစိုက်တဲ့သူဆိုတာ ဘယ်လောက် အလုပ်များများ...နည်းလမ်းရှာပြီး စာပြန်တယ်....
မိမိကို အလေးထားတဲ့ သူဆိုတာ သူ့ကို လိုက်၇ှာပြီး သတိပေးစရာမလိုဘူး.... သူ့ဘာသာ အလိုအလျောက် သင့်ကို သတိရနေတတ်တာမဟုတ်လား.....

မူရင်းပို့စ် -->> (ဇေယျာ) စာပေခရီးသွားခြေလှမ်းများ

Sunday, September 16, 2012

တကယ်လို့ တစ်နေ့နေ့မှာ

တကယ်လို့ တစ်နေ့နေ့မှာ ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင်စိတ်မကောင်းမဖြစ်ပါနဲ့၊ စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်းပိုလို့တောင် သတိမရပါနဲ့။ တကယ်လို့ တစ်နေ့နေ့မှာ နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချခွဲသွားရက်မှာမို့ပါ...

တကယ်လို့ တစ်နေ့နေ့မှာ နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊ ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊ နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊ ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

တကယ်လို့ တစ်နေ့နေ့မှာ နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ? အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊ "ဟင့်.. မောင်နော်"လို့ ချွဲချွဲနွဲ့နွဲ့ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊ အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊ စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊ အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊ နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ.... ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?

အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။ နည်းနည်းတော့ နာကျင်စေချင်တယ်။ ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။ ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။ တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...


တကယ်လို့ တစ်နေ့နေ့မှာ နင့်နေ့စဉ်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါကောင်းခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။ ငါ့ရဲ့ခွင့်လွှတ်ခြင်း၊ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။ ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန် ကျခဲ့တဲ့မျက်ရည်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။

တကယ်လို့ တစ်နေ့နေ့မှာ နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။

Thursday, July 19, 2012

mY Listen and UploaD there

Thursday, July 12, 2012

(*_*)



တင်တော့ တင်လိုက်တာပဲ ... ဘာလို့လည်းတော့မသိတော့ဘူး .. 
(((((^_^)))))

Tuesday, May 24, 2011

What's love ???


ယနေ့ ထူးထူးခြားခြား တစ်စုံ တစ်ယောက်က မေးခွန်း တစ်ခု မေးလာသည်။
ထိုမေးခွန်းမှာ – *မင်းမှာ ရည်းစားတွေ အများကြီး ရှိခဲ့ဖူးတယ် ဆိုရင် သူတို့ကို
မင်း တစ်ကယ်ချစ်ခဲ့ သလား၊ သို့မဟုတ် မင်းကို တစ်ကယ်ချစ်တဲ့ သူနဲ့ရော
တွေ့ခဲ့ဖူးလား* ဆိုတဲ့ မေးခွန်းပါ။
မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်မှာ – “*သူတို့သည်လည်း မိမိအား
အမှန်တကယ်ချစ်ခြင်း မဟုတ်ကြပါ၊ မိမိကလည်း သူတို့ကို အမှန်တကယ်ချစ်ခြင်း
မဟုတ်ပါ” *ဟုဖြစ်သည်။
မေးသူက အတော်အံ့အား သင့်သွားပြီး၊ ဒါဆိုရင် *မင်းမှာ အချစ်ဆိုတာ မရှိဖူးလား၊
နောက် မင်းကို တစ်ကယ်ချစ်တဲ့သူ မတွေ့ဖူးဖူး ဆိုတာ ဘယ်လို
ပြောနိုင်သလဲလို့ *ထပ်ဆင့်မေးလာပြန်ပါတယ်။
သူ့ကို မိမိ သိထားဖူးတဲ့ ဗဟုသုတ နဲ့ ရှင်းပြလိုက် ဖြစ်ပါတယ်။
ဒီလိုပါ။ ချစ်တယ် ဆိုတာ ဘာဖြစ်ပါသလဲ။ ချစ်တယ်ဆိုသည်မှာ မိမိရင်ထဲမှ ထိုသူ
တစ်ဦးတစ်ယောက်အား ပျော်ရွင်စေလိုခြင်း၊ သာယာစေလိုခြင်း၊ ချမ်းသာ စေလိုခြင်း၊
အောင်မြင် စေလိုခြင်း ကို ခေါ်တယ်လို့ ထင်ပါတယ်။ မုန်းတယ် ဆိုတာက ထိုသို့
ချစ်ခြင်း ကြောင့် ဖြစ်စေချင်ခြင်းများကို ဆန့်ကျင်ဖက် ဖြစ်စေချင်တာ မုန်းတာ
ဖြစ်ပါလိမ့်မယ်။
ရှေးဦးစွာ မိမိကိုယ်မိမိ ကြည့်လျှင် မိန်းကလေး တစ်ဦးအား ချစ်ပါသည်။
ထိုမိန်းကလေးသည် မိမိအား စော်ကားခြင်း၊ ကန်ကျောက် ရိုက်ပုတ်ခြင်း၊
သစ္စာမရှိခြင်း၊ လိမ်ညာခြင်း၊ မိမိ အား စိတ်ချမ်းသာမှု မပေးနိုင်ခြင်း စသည်ဖြင့်
မိမိ စိတ်အလိုကျ မဖြစ်သည့် အခါ ထိုမိန်းကလေးအား မချစ်တော့ပါ။
ထိုအခါ စမ်းစစ်ကြည့်ဖို့ လိုပါသည်။ မိမိသည် သူ့အားချစ်သည် ဆိုခြင်းများဟာ
သူ့အတွက်လား၊ မိမိ အလိုပြည့် စေရန် အတွက်လား ဆိုသည်ကို သတိပြုသင့် ပါသည်။
သို့ဆိုလျှင် မိမိကိုယ်မိမိ ချစ်ခြင်း နှင့် သူ့ကို မိမိကချစ်ခြင်း ခွဲခြားနိုင်ပါလိမ့်မည်။
ထိုနည်းတူ မိန်းကလေး တစ်ဦးက မိမိ ချစ်သည်ဆိုခြင်းမှာလည်း မိမိက အခြား
မိန်းမများနှင့် ပျော်ပါး သွားလာနေသည့်အခါ၊ သူ့အား ရိုက်ပုတ်ကန်ကျောက်၍
အနိုင်ကျင့် သည့်အခါ၊ သူ့ စိတ်အလိုကျ မဖြစ်သည့် အခါမျိုးတွင် မိမိအား သူက
ချစ်နေပါဦးမည်လား။ ထိုအခါ အချစ်များ လွှင့်ပါး ကုန်မည်လား။
တကယ်တော့ အချစ်ဆိုတာ – တစ်လမ်းသွား ဖြစ်ပါတယ်။ ရယူလိုခြင်း ရှိသမျှ သူတစ်ပါးကို
ချစ်ခြင်း လို့ မဆိုနိုင်ပါ။ မိမိအလိုကျလျှင် ချစ်မည်၊ အလိုမကျသည့် အခါ
မချစ်တော့ ဆိုသည်မှာ ကြိုက်နှစ်သက်ခြင်း တစ်ခုဖြစ်ပြီး၊ ကြိုက်နှစ်သက်သည်
ဆိုသည်မှာ လောဘ ပါသည့် မိမိကိုယ် မိမိ ချစ်ခင်ခြင်းသာ ဖြစ်သည်။
တစ်ဖက်က အမြင်နဲ့ လေ့လာကြည့်ပါ။ ဥပမာ- မိခင်၊ ဖခင်က သားသမီးကို ချစ်ခြင်းမှာ
သူ့ဆီက လိုလား တောင်းတမှု တစ်စုံ တစ်ရာမပါပါ။ သူတို့ စိတ်တိုင်းကျ သည်ဖြစ်စေ၊
စိတ်တိုင်းမကျသည် ဖြစ်သည်၊ မိမိအား ချစ်သော အချစ်သည် တစ်ကယ်တမ်း မလျှော့ပါ။
သူတို့အား ကန်ပုတ် စိတ်မချမ်းမွေ့ရာ လုပ်လဲ သူတို့သည် မုန်းမည် မဟုတ်ပါ။ မိမိ
ချမ်းသာ ပျော်ရွင်ခြင်းကိုသာ သူတို့ လိုလားကြသည်။ ထို့ကြောင့် မိဘသည်
သားသမီးကို ကြိုက်ခြင်း မဟုတ်ပါ၊ ချစ်ခြင်းဖြစ်သည်။
ထိုသို့ ချစ်ခြင်းနဲ့ ပတ်သက်သည့် အဓိပ္ပါယ် ဖွင့်ထားတဲ့ အီးမေးလ် တစ်စောင်
ရဖူးပါတယ်။ အဲဒီ အီးမေးလ်မှာ ရှင်းပြထားတာက ပိုလို့ ပြည့်စုံပါလိမ့်မယ်။
*အောက်မှာ ဖတ်ကြည့်ပါ။
*

Saturday, April 23, 2011

အတွေးတစ်စ (ဆုံးအောင်ဖတ်ကြည့်ပေးပါ)

ချစ်သောညီမလေး

ဒီစာကို ဖတ်နေရတဲ့ အချိန်ဟာ ညီမလေးအတွက် ကြည်လင် အေးချမ်းတဲ့ နေ့ကလေးတစ်နေ့ဖြစ်ပါစေ…။

တစ်ခါတရံမှာ ခန္ဓာကိုယ်အတွင်းက တင်းကြပ်မှုတွေအကုန်လျှော့ချပြီး
ဦးနှောက်ကိုဗလာထားလို့ ခပ်ငြိမ်ငြိမ်နေခဲ့ဖူးပါသလား။ လက်ရှိဖြစ်ပေါ်နေတဲ့
အခက်အခဲတွေ၊ အရှုံးတွေ၊ အတားအဆီးတွေ၊
စိတ်ခံစားမှုတွေ…ဒါတွေအားလုံးအဝေးဆုံးကို လွှင့်ပစ်ပြီး
“ငါအခုဘယ်လိုခံစားနေရသလဲ” လို့ ညီမလေး တွေးကြည့်ဖူးခဲ့ပါသလား။
မျက်ရည်တစ်စက်ကျပြီးတိုင်း ပါးပြင်ပေါ်က မျက်ရည်ကိုခပ်ကြမ်ကြမ်းသုတ်ဖယ်ပြီး
ဟာသပြက်လုံးတစ်ခုအပေါ် စိတ်လွတ်လက်လွတ် ရယ်ခဲ့ဖူးပါသလား။ ဒါတွေအားလုံး
မလုပ်သေးဖူးဘူးဆိုရင် တစ်ခါလောက်တော့ တိုက်ဆိုင်မှုတွေ ကြုံလာရင်
လုပ်ကြည့်လိုက်ပါ။ ပြီးရင် ဘယ်လိုဖြစ်သလဲ မမကိုတော့ပြန်ပြောလှည့်ပါ ညီမလေး။

ညီမလေးရေ…………….
တကယ်လို့များ တစ်ယောက်က ညီမလေးကို ဒီလိုမေးလာခဲ့မယ်ဆိုပါစို့။
“ဘ၀ကို အသစ်တစ်ဖန်ပြန်နေရမယ်ဆိုရင် ဘာတွေလုပ်မလဲ”
ညီမလေး ဘာတွေဖြေမလဲ ?။
မမ ကိုတော့ မေးသူရှိခဲ့ရင် ဒါလေးတွေ ဖြေဖြစ်မယ်ထင်တယ်။
မလိုအပ်ဘဲ လမ်းမသွားဘူး။ သွားရမယ်ဆိုရင် သွားရမယ့်ကိစ္စက အများအတွက်
အကျိုးရှိမလား…ဒါဆိုရင်သွားမယ်။ စကားနည်းနည်းပဲ ပြောမယ်။
သူများပြောတာတွေ များများနားထောင်မယ်။ လူတစ်ဦးတစ်ယောက်အပေါ် မဟုတ်ဘဲ
လူအများအပေါ်ချစ်တတ်လာအောင် ကြိုးစားမယ်။ ကိုယ့်အနားကို
အိမ်မွေးတိရစ္ဆာန်တစ်ကောင် ပွတ်သီးပွတ်သပ်လာလုပ်ရင် အရင်လိုမောင်းမထုတ်ဘဲ
ပွေ့ချီနိုင်အောင် ကြိုးစားမယ်။ အဖေနဲ့ အမေကို နေ့တိုင်း ဂရုစိုက်မယ်။
ဝမ်းနည်းစရာရှိ အံကြိတ်ပြီး မနေတော့ဘူး..စိတ်လွတ်လက်လွတ်
ငိုကြွေးပစ်မယ်…။အရာရာ ကိုယ့်အမှားလို့ မခံယူတော့ဘူး..ကာလ၊ ဒေသ၊
အခြေအနေတို့အပေါ် မူတည်ပြီး ဖြစ်ချိန်တန်ဖြစ်…ပျက်ချိန်တန်ပျက်တာပဲလို့
မှတ်ယူမယ်….။

ရယ်စရာမကောင်းဘူးလား ညီမလေး…။တစ်ခါတရံလူတွေရဲ့ အလိုဆန္ဒတွေက
ရယ်စရာကောင်းတယ်။ အခုညီမလေး အသက် ၂၀ ကျော်ခဲ့ပြီ။
နောက်ပြန်လှည့်ကြည့်တော့ အရှုံးတွေတွေ့ရသလား၊ အမုန်းတွေတွေ့ရသလား၊
ဥပေက္ခာတွေတွေ့ရသလား၊ အပြုံးတွေတွေ့ရသလား၊ မောပန်းမှုတွေတွေ့ရသလား၊
ရယ်စရာတွေတွေ့ရသလား၊ ကြည်နှုးမှုတွေတွေ့ရသလား…………………။
အားလုံး ပူလောင်စရာတွေပဲလို့ ညီမလေးမဖြေလိုက်ပါနဲ့။ တကယ်တော့ ပူလောင်စရာတွေကော…အေးမြတာတွေကော ညီမလေးရရှိခဲ့တာ အသေအချာပါပဲ…။
အဲဒါ ဘ၀ပါပဲ ညီမလေး…။

ညီမလေးရေ……………
ဘ၀တစ်ခုထဲမှာ မိသားစုရယ်လို့ ဖြစ်တည်လာကြတာ၊ ချစ်သူရယ်လို့ပေါ်ပေါက်လာကြတာ၊
အိမ်ထောင်ဖက်ရယ်လို့ ဆုံတွေ့လာကြတာ၊ မိတ်ဆွေသူငယ်ချင်းရယ်လို့ သံယောဇဉ်တွေ
ခိုင်မြဲလာကြတာ တကယ်တော့ ဟိုးးး အတိတ်က ဘ၀အသီးသီးက
သူ့အကြွေး..ကိုယ့်အကြွေး…အကြွေးကိုယ်စီဆပ်နေကြတာပါပဲကွယ်။
မုန်းတလှည့်…ပြုံးတလှည့်..သံသရာက မာယာများတဲ့နောက်တော့
အစက်အပျောက်ဘ၀ဆိုတာလေးမှာ မာယာတွေကြွယ် အရောင်ခြယ်နေကြတာ
အဆန်းတကြယ်မဟုတ်ခဲ့ပါဘူး ညီမလေးရယ်။

ညီမလေးရေ………
စာဆိုတော်“ ရာဘင်ဒြာနတ်တဂိုး” က ဆိုခဲ့ဖူးတယ်။

Saturday, April 16, 2011

.. တိတ်တိတ်လေးပါပဲ ....

အပြုံးလေးတစ်ချက်အတွက်
အရှုံးပေးရဲတဲ့သူ
အကြည့်တစ်ချက်အတွက်
အသက်ဆက်မယ့်သူ
လျှို့ဝှက်တဲ့အလှတရားအတွက်
ကဗျာတွေသီကုံးပေးတက်သူ
မြတ်နိုးရသူရဲ့စကားတစ်ခွန်းအတွက်
တစ်လောကလုံးကိုရင်ဆိုင်ရဲတဲ့သူ
သောကမျက်ရည်စက်တွေအတွက်
ရင်ကွဲမတက်နာကျင်ခဲ့ဖူးသူ
ချစ်သူလေးရဲ့အလိုကျ
နှလုံးသားကို စတေးထားတဲ့သူ
မဖြစ်နိုင်တဲ့အနေအထားတွေကို
မကြာခဏမေ့သွားတဲ့သူ
ခံစားချက်တွေကို မျိုသိပ်ထိန်းချုပ်ရင်း
တိမ်ပြိုမိုးကို ကြောက်ခဲ့သူ
ဆုတောင်းမကောင်းတဲ့ဘ၀မှာ
နှလုံးသားကိုသော့ခတ်ထားတဲ့သူ
ဘ၀တစ်ခုမြင့်မားစေဖို့
ကျေနပ်စွာကျန်နေခဲ့တဲ့သူ
အဝေးရောက်အကြည့်တွေနဲ့
အဆွေးသမားတစ်ယောက်ဖြစ်ခဲ့သူ
မြတ်နိုးရတဲ့ပန်းတစ်ပွင့်အတွက်
ဥယျာဉ်မှုးဖြစ်ခဲ့သူ.......♥

Sunday, April 10, 2011

ဖြစ်စဉ်အကျဉ်း


..သူငယ်ချင်း...တဲ့။
ဘယ်လိုမှရှင်းစရာမလိုအောင်
ရှုပ်နေတဲ့ ကြယ်ဖြူတစ်စင်းပေါ့။

 နီးစပ်ခွင့်ရခဲ့ရင်တောင်
ပေါင်းဆုံဖို့မသင့်တဲ့
အဖြူရောင်မျဉ်းနှစ်ကြောင်း။

ဘယ်အရာတွေနဲ့များ
ကပ်.ချည်ထားချင်သေးလဲ

ငါကတော့
ကမ္ဘာတစ်ဘက်လို့သတ်မှတ်ထားတဲ့
ငါ့ရဲ့ပေတံအောက်မှာ
ခပ်တည်တည်နဲ့
စည်း ဆိုတာမရှိသလို....


နင်ကတော့..........
.................................
..........................................

Friday, April 8, 2011

တတိယမျက်လုံး

တိကျလှပါတယ်ဆိုတဲ့ နာရီ ၂ လုံးတောင် စက္ကန့်ဆိုတာက မတူနိုင်ကြပါဘူး .. ဒီလိုပါပဲ.. ဘယ်နေရာ ဘယ်အချိန် ဘယ်ဒေသမှာ ဘာတွေ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ လူတိုင်းလူတိုင်းရဲ့ စိတ်ခံစားချက် ၀ါသနာ ရပ်တည်နေထိုင်မှု နဲ့ ဖြစ်တည်နေမှုတွေ ကျင်လည်နေရတဲ့ဘ၀တွေ လှုပ်ရှားရုန်းကန်နေရတဲ့ အခြေအနေတွေ အားလုံးကလည်း မတူနိုင်ပါဘူး . ဒါကို နားလည်ပေးသင့်တာပေါ့ ..ကိုယ်ဒါကိုသဘောကျလို ဒါကိုသိလို သူလည်းဒါဖြစ်နေရမယ်ဆိုတဲ့ ခင်ဗျားတို့အတွေးတွေကတော့ တစ်ကယ်ဆို ကလေးတစ်ယောက်နဲသွားတူနေတယ်ဗျာ .. စိတ်မကောင်းစရာပဲ .. အမှန်ဆို 'A' ဆိုတာကလည်း သူဘ၀နဲ့သူနေသလို 'B' ဆိုတာကလည်း သူအခြေအနေနဲသူပါ .. သူတို ၂ ခုပေါင်းပြီး စာလုံးတွေ ဖွဲနိုင်သလို တစ်လုံးခြင်းစီရပ်တည်နေလည်း အဓိပ္ပါယ်တွေကတော့ ရှိနေဆဲပါပဲ ... အဲ့လို့ပဲ .. မြေပုံမဆွဲတတ်တာလေးတစ်ခုနဲတော့ သချာင်္ဆရာတစ်ယောက်ဟာ မြောင်းထဲရောက်မသွားပါဘူး .. နားလည်ပါ .. ခံစားတတ်ပါ .. သိတတ်ပေးပါ ... တစ်ယူသန်တယ် အစွဲကြီးတယ် အတ္တများတယ်ဆိုတာ စာအုပ်တွေ ဇာတ်လမ်းတွေ ထဲမှာပဲကောင်းတာပါ .. တစ်ကယ်လက်တွေ ဘ၀မှာ အများနဲ့အံ့မ၀င်လို့ကတော့ ခင်ဗျားသေချာတယ် လူမသိသူမသိတိတ်တိတ်လေး ကမ္ဘာကြီးကို ကျောပေးနေရလိမ့်မယ် ..ခင်ဗျားလို အဖိုးတန် ရတနာတစ်ပါးကို လောကကြီးက အမှန်တစ်ကယ်လိုအပ်နေတာပါဗျာ ... အဲ့ဒါကြောင့် ခင်ဗျားအတ္တတွေကို ခဏခေါက်ပြီး နောက်တစ်လှမ်းဆုတ်လိုက် .. ပြီးရင် ခင်ဗျားပတ်ဝန်းကျင်နဲ့ ခင်ဗျားရဲ့ရှေကိုမြင်အောင်သေချာ ပြန်ကြည့် ..... ဘ၀ဆိုတာ စာအုပ်တွေ စကားလုံးတွေလောက် အမြဲတမ်း မလှပသလို အမြဲတမ်းလည်း ကြမ်းတမ်းမနေဘူးဆိုတာရယ် ...  သူ့နေရာလေးနဲ့သူ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိနေတဲ့ အရာတွေရယ်  .. လက်ရှိခင်ဗျားရပ်တည်နေတဲ့ နေရာကနေ လောကအတွက် ဘာလုပ်ပေးနိုင်လည်း ဆိုတာရယ် . စတဲ့ စတဲ့ စတဲ့အရာတွေ အားလုံးကိုခင်ဗျားတွေ့မြင်တတ်လာလိမ့်မယ် .. ကျရာနေရာကနေ ဆေးစက်ကျတိုင်းအရုပ်ထင်နိုင်ပြီး ရာသီဥတုတွေနဲ့ သင့်တင့်လျှော်ဆီစွာနေထိုင်နိုင်တဲ့ သူတစ်ယောက် အဖြစ် ထာဝရ ရပ်တည်နိုင်ပါစေဗျာ ..
(ဘာလည်းတော့မသိဘူ .. စိတ်အချည်ပေါက်ပေါက်နဲ့ရေးချလိုက်တာ )