ဒါလေးကတော့ ကျွန်တော်တို ကွန်ပျူတာကို Trableshoot လုပ်တဲ့အခါနဲ့ ကိုယ့် computer system device တွေကို ပြန်လည်ကြည့်တဲ့အခါအသုံးပြုနိုင်တဲ့ ဆောဒ့်ဝဲလေးပါ .. ပုံမှန် ကျွန်တော်တို ကွန်ပျူတာ manage ကနေမှ တစ်ဆင့် device manager ကို သွားပြိး ကြည့်နေတတ်သူတွေအတွက် ပိုပြိး ကောင်းတဲ့လုပ်ဆောင်ချက်တွေ သူ့ဆီမှာ ပါဝင်လာပါတယ် .. device information ကိုအပြည့်အစုံ တစ်ခါတည်းဖိုနိင်ပါတယ် ..
device အတွက် သက်ဆိုင်ရာ registry ကီးနဲ့ပြုပြင်ဖို ပတ်လမ်းကြောင်းကိုတစ်ခါတည်းသွားလို့ရပါတယ် .
device နဲပတ်သတ်သမျှကြည့်ရှုဖို web browser ဆီကို တစ်ခါတည်း right click ပေးပြိး သွားရှာဖွေရုံပါပဲ . နောက်တစ်ခုက **.INF file ကိုသွားရောက်ဖတ်ရှုနိုင်ပြီး အသေးစိတ်မှတ်သားပြုပြင်မှုတွေ လုပ်နိုင်တာပါပဲ .. အောက်မှာပုံလေးနဲ အတူတင်ပေးထားပါတယ် ..
ဒေါင်းလုပ်ယူရန်
ပျော်ရွှင်နိုင်ပါစေ
JetAudio ကိုအရင်က သုံးနေတာ ဘာမှမဖြစ်ဘူး .. အရင်တစ်နေ့ကမှ ကျွန်တော် အသစ်ပြန်သွင်းလိုက်တာ ဘာဖြစ်သွားလည်းဆိုတော့ ဖွင့်မယ့်အောဒီယိုဖိုင်ကို Right Click ထောက်လိုက်ရင် အမှန်ဆို အဲဒီဇယားလစ်ထဲမှာ ဂျက်နဲဖွင့်ဖို အဆင်သင့်ပါပါတယ် .. ဒါပေမယ့် ကျွန်တော် အသစ်သွင်းပြီးတော့ မပေါ်တော့ဘူးဗျာ .
ဟာ .. အဲ့ဒါနဲ့ ဟုတ်သေးပါဘူးလို့ .. အရင်ကရပြိး ခုမရတာ မဟုတ်သေးပါဘူးဆိုပြီး စိတ်တိုတိုနဲ့ ဂျက်ကိုမွှေလိုက်တယ် .အဲ့မှာ ဘာသွားတွေလည်းဆိုတော့ ဖိုင် Extension ပါပဲ .. သူကအရင်လို Extension အကုန်ကို နဂိုကတည်းက မထည့်ပေးထာတော့ ဘယ်ဖွင့်ရမလည်း .. အဲ့ဒါနဲ့ ရှိသမျှ Audio Extension တွေကို အမှန်ခြစ်ပေးပြီး (ပုံထဲကအတိုင်း) ထည့်လိုက်တော့မှ အဆင်ပြေသွားပါတယ် . အောက်မှာပုံနဲ့အတူ ပြထားပါတယ် ..
ဂျက်ပေါ်ကနေ
Right Click ===> Preferences ====> File type association
ညာဘက်ကဖိုင်ဖောမက်အကုန်ကို အမှန်ခြစ်ပေးပါ့မယ်
Check All ..ဒါဆိုရပါပြီ .
Open With ကနေ သွားသွားဖွင့်ပြီးနားထောင်နေရတာ စီးရီးတစ်ခုလုံးမဟုတ်ပဲ ကိုယ်ကြိုက်တာလေးကိုပဲ ရွေးပြီး စုနားထောင်တဲ့အခါ ဘယ်လောက် ရွာလည်တယ်ဆိုတာ အများစုသိကြမှာပါ ..အားလုံးအဆင်ပြေပါစေ ..
ွGoogle Chrome မှာ ဒေါင်းလုပ်မန်နေဂျာက တစ်မျိုးဖြစ်သွားပါတယ် .. မိုဇီလာတို တစ်ခြား browser တွေလို မဟုတ်ပါဘူး .. ထားပါတော့ ယူကျူဒေါင်းဖိုဆိုရင် အရင် ဗားရှင်းအဟောင်းတွေမှာ သူအတွက်ဒေါင်းဖို့ ပေးမထားပါဘူး ..ဒါပေမယ့် ခုနောက်ဆုံးထါက်လာတဲ့ ဗားရှင်း 605 ကိုဒေါင်းပြီးရန်းလိုက်မယ်ဆို အဆင်ပြေသွားပါလိမ့်မယ် ..ဒီလိုပဲ တစ်ခြားဆိုက်ဒ်တွေ ကနေ ဒေါင်းလုပ်လင်ဒ့်တွေဆိုရင်လည်း Default မရပဲဖြစ်နေတတ်ပါတယ် .. အဲ့ဒါလေးကိုပြင်ကြည့်ပါ့မယ် . ကျွန်တော် အောက်က်မှာတင်ထားပေးပါတယ် ..
ဒေါင်းလုပ်မန်နေဂျာ 605 ဒါင်းလုပ်ယူရန်
ဗားရှင်းအဟောင်းသမားတွေ အတွက်လည်း ယူကျူကနေ ဒေါင်းလိုမရဘူးဆိုပေမယ့် တစ်ခြားလင့်တွေကနေ ဒေါင်းဖိုအတွက် ဒေါင်းလုပ်မန်နေဂျာကို Option ထဲကနေ advanced browser ကိုသွားပြီး အမှန်ခြစ်လေးပေးလိုက်ပါ .. (အောက်ပုံအတိုင်း)
အဲ့ဒါဆိုရင် ကြိုက်တဲ့ဆိုဒ် ကြိုက်တဲ့လင့်ကိုကြိုက်သလိုဒေါင်းပါ .. ဒေါင်းလုပ်မန်နေဂျာနဲ့ကျလာပါလိမ့်မယ် .. (မှတ်ချက် ဗားရှင်းအဟောင်းတွင် ယူကျူဗီဒီယိုပေါ်တွင် ဒေါင်းလုပ်မန်နေဂျာဗားမပေါ်ပါ)