.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Sunday, April 10, 2011

iF You Angry SomeOne Or When You feel sAd - 5


ငရဲပြည်သို့

သူငယ်ချင်းနှစ်ယောက် လမ်းမှာဆုံမိကြသည်။
ပ-လူ ။ ။ “ဟေ့ကောင်ကြီး…….မျက်နှာ်မကောင်းပါလား ။ ဘယ်ကပြန်လာတာလဲ။
ဒု-လူ ။ ။ အလုပ် က ပြန်လာတာလေ။ အလုပ်ရှင်က ကြိမ်းမောင်းလွတ်လိုက်လို့ကွ။
ပ-လူ ။ ။ မင်းကို ဘယ်လို ကြိမ်းလွတ်လိုက်လို့လဲကွ။
ဒု-လူ ။ ။ ငါ့ကို”အသုံးမကျတဲ့ကောင် ၊ ခု ငရဲပြည်ကိုသွား” တဲ့ကွာ။
ပ-လူ ။ ။ အဲဒီတော့ မင်းခုဘယ်သွားမလို့လဲ ။
ဒု-လူ ။ ။ မိန်းမဆီ ပြန်မလို့လေ။

အားလုံးစိတ်ချမ်းသာရမယ်

ဖခင် ။ ။ သမီးရေ…………မနေ့ညက သမီး ရဲ့ ကောင်လေး ဖေဖေ ဆီ ရောက်လားပြီး နားနဲ့မနာ
ဖ၀ါးနဲ့နာဖို့လာပြောတယ် ။ ကောင်လေး ကို ဖေဖေ သဘောကျတာမို့ သဘောတူသဟေ့။
ကိုင်း သမီး သဘောကကော……..။
သမီး ။ ။ သမီးလည်း သဘောကျတာ မှန်ပါတယ်။ ဒါပေမဲ့ သမီးလေ မေမေ နဲ့ မခွဲနိုင်ဘူး ဖေဖေ ။
ဖခင် ။ ။ မပူနဲ့။ အားလုံးစိတ်ချမ်းသာရအောင် ဖေဖေ စီစဉ်ထားပြီးသား။သမီး……သမီးကောင်းလေး
နောက်လိုက်တဲ့အခါ သမီးရဲ့ မေမေ ပါ တစ်ပါတည်းထည့်ပေးလိုက်မယ် ။
သမီး ။ ။ ရှင်!!!!!!!!!!!!!!!!!!!!!

ဒါကြောင့်ကိုး

ပ-လူ ။ ။ ဟေ့ တို့ဆရာကြီး ဦးငြိမ်းသူဟာ ဖဲကစားရင် အမြဲလို နိုင်တတ်တာကြီးပဲ။
ဒု-လူ ။ ။ ဒါတော့ဟုတ်သကွ။ ဟိုတစ်နေ့က ဒလ အောင်မင်းရဲ့ အသုဘမှာ သူဖဲချတာ တစ်ဝိုင်းလုံးငွေတွေ သဲ့ယူသွားသလိုပဲ။
ပ-လူ ။ ။ အဲ-- ဒါပေမဲ့ အဲဒီငွေနဲ့ မြင်းပွဲသွားလောင်းတာ တစ်ပြားမှ မကျန်အောင် ကုန်ပါရောလား။
ဒု-လူ ။ ။ ဟယ်…….ကံမလိုက်ဘူးနဲ့တူတယ်။
ပ-လူ ။ ။ ကံမလိုက်တာမဟုတ်ဘူး။ ဖဲကခိုးလို့ရတယ် ၊ မြင်းက ဖဲခိုးသလို ခိုးလို့ရတာမှမဟုတ်ဘဲလေ။

တက်ရဲရင်တက်ပလား

ပ-လူ ။ ။ ဗျို့.. ကိုအောင်မင်း ။ ခင်ဗျားတို့ လမ်းထဲက ထွက်ထွက်လာတဲ့အမျိုးသမီးက တောင့်ပြီး ဖြောင့်နေတာပဲ ။ သူ ဘာအလုပ်လုပ်သလဲဟင်။
ဒု-လူ ။ ။ သူနာပြုဆရာမလေကွာ။
ပ-လူ ။ ။ ဟာ……….ဒါဆိုအတော်ပဲ။ ဘယ်ဆေးခန်းမှာလုပ်တာလဲဟင်။
ဒု-လူ ။ ။ လှမှုးသွင် ဆေးခန်းမှာ ထိုင်တယ် ။ မင်းဘာလုပ်မလို့လဲ။
ပ-လူ ။ ။ ရောဂါဝေတနာတစ်ခုခု အကြောင်းပြပြီး သူရှိတဲ့ဆေးခန်းမှာ တက်မလားလို့ ဟီးဟီး…။
ဒု-လူ ။ ။ တက်ချင်တက်လေ ။ အဲသည်ဆေးခန်းက သားဖွားမီးယပ် အထူးကုဆေးခန်းကွ။
ပ-လူ ။ ။ ဗျာ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ရှေ့နေဆိုတာ

ရှေ့နေကြီး ဦးနက်ကျော် ထံ အမှုသည် အောင်မင်းရောက်လာ၏။
အောင်မင်း ။ ။ ကျွန်တော့်မိန်းမ မကြာစိ ရွှေဘိုက သူ့အမေ အိမ်
ဆင်းသွားတယ် ဆရာ။ သူမရှိရင် ကျွန်တော်မနေတတ်ဘူး ။ ဒီတော့မယားပြန်ခေါ်လိုမှုနဲ့ တရားစွဲချင်တယ်။ သည်အတွက် ဆရာ့ကို အမှု လာအပ်တာပါ။
ရှေ့နေကြီး ။ ။ မပူနဲ့ ခင်ဗျား အမှုကို နိုင်ကိုနိုင်စေရမယ် ။
အောင်မင်း ။ ။ အားရှိလိုက်တာ ဆရာရယ် ။ တကယ်လိုများ
ကျွန်တော်က အမှုနိုင်ရဲ့သားနဲ့ မကြာစိ က ပြန်မလိုက်ရင်ကော။
ရှေ့နေကြီး ။ ။ အတင်းဆွဲခေါ်ပြီး ကားတင်ပြေးပေါ့ဗျာ။
အောင်မင်း ။ ။ ဒါဆိုရင် အိုကေ ပြီလား ဆရာ။
ရှေ့နေကြီး ။ ။ အိုကေ မကေတော့မသိဘူး ။ ကျွန်တော့်အတွက် အမှုတစ်ခု ထပ်ရသွားတာတော့ သေချာတယ်။

Monday, April 4, 2011

iF You Angry SomeOne Or When You feel sAd - 4

ဆရာကံချွန် ၏ ဒိုးဒိုးဒေါက်ဒေါက် ဟာသ များကို မျှဝေလိုက်ပါသည် ...

မင်းအမြဲသင်္ဘောစီး ခရီးသွား နေပြီး ခုထိရေမကူးတတ်သေးဘူးလား
ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား
=====================================

  ၁၈ ရာစုက အဖြစ်အပျက်တွေထဲက တစ်ခုကို ပြောပြပါ ...။
  သူတို့အားလုံး သေကုန်ပြီ ..။
====================================

ဆရာက ရှု့ခင်းတစ်ပုံဆွဲဖို့ပြောတော့ ကျောင်းသားအားလုံး ဆွဲကြပေမယ့် တစ်ယောက်ကမဆွဲဘူး... အဲဒီကျောင်းသားနားသွားပြီးတော့.....
  မင်းက ဘာလို့မဆွဲတာလဲ...
  ဆွဲပြီးပြီဆရာ ... နွားတစ်ကောင် မြက်စားနေတဲ့ပုံ
  ဘယ်မှာလဲနွား
  ရေ သောက်ဖို့ထွက်သွားပြီဆရာ...
  မြက်ကရော
 နွားစားလို့  ကုန်သွားပြီ ....
======================================

  မိန်းမတွေ စကားနည်းတဲ့ လ ရှိသလား
  ရှိပါတယ်ဗျ ... ဖေဖော်ဝါရီလ ပါ... ၊ ၂၈ ပဲ ရှိပါတယ်....

=====================================

မောင်တို့ဟာ လမ်းကလေးသာ ခြားတယ် ဆိုပေမယ့် မောင့် စိတ်ထဲမှာတော့ ကမ္ဘာခြားသလို ခံစားရပါတယ်....။  စက္ကန့်နဲ့အမျှ ချစ်လေးကို သတိရနေတယ်...၊ ချစ်လေးကို တွေ့ဖို့အတွက်ဆိုရင် ဓါးတောင်ကိုပဲ ကျော်ရကျော်ရ ... မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ ၊ သားရိုင်းပေါတဲ့ တောကိုပဲ တိုးရ တိုးရ ဝန်မလေးပါဘူး ချစ်လေးရယ်....။ လာမယ့် စနေနေ့ည ကြရင် အိမ်ရှေ့ကို ထွက်ခဲ့ပါလားကွယ် ... မိုးမရွာရင် မောင် လာခဲ့မယ် ...။
=====================================

  စိတ္တဇနာမ်ဆိုတာဘာလဲ ... ။
  မသိဘူးဆရာ ... ။
  ထိလို့ကိုင်လို့မရတဲ့ အရာအမည်ပေါ့ ... ။
  သိပါပြီဆရာ .... ၊ မီးဖိုပေါ်က ထမင်းအိုး ပါ...။
 ===================================

  ရေကူးကျွမ်းကျင်တာလဲ မပြောနဲ့ ... ၊ မနက်တိုင်း မြစ်ကို သုံးကြိမ်ဖြတ်ကူးတယ် ...။
  ဒုက္ခပဲ ။
  ဘာဒုက္ခလဲ ...။
  ဒီဘက်ကျန်နေတဲ့ အဝတ်တွေ ဘယ်လိုပြန်ဝတ်သလဲ ... ။
 =====================================

  သူဋ္ဌေး ... သူဋ္ဌေ ခန့်လိုက်တဲ့ ကောင်လေးက လိမ်ညာမှုနဲ့ ရဲစခန်းရောက်ဖူးတယ်နော် ... ။
  သိသားပဲ ...
  လူကောင်းလေးတစ်ယောက်လောက် ရှာခန့်ပါလားဗျာ ... ။
  ဟာဗျာ ... ၊ လူကောင်း သူကောင်းကို မဖျက်ဆီးချင်ပါဘူး ....
===================================
ပထမတော့ ကိုယ်ခိုင်းချင်တာလေး ရှိရင်ခိုင်းရအောင် ငှားလိုက်တာပေါ့ဗျာ ...
အခု ဘယ်သွားမလို့လဲ ....
စက္ကရီထရီလေးက ကြက်ကြော်လေး ကြိုက်တတ်လို့ သွားဝယ်မလို့ ...
=======================================

မြို့တက်အလုပ်လုပ်မယ့်သူကို ဓါးပြက ...
မင်းမှာပါတဲ့ ငွေတွေ အကုန်ပေးခဲ့ ၊ မပေးရင်တော့ မင်းရဲ့ ဦးနှောက်ကို ဖောက်ထုတ်ပစ်လိုက်ရမှာပဲ .... ။
သဘောပဲ သူငယ်ချင်းရာ ... မြို့မှာက ဦးနှောက်မပါပဲ နေလို့ ရတယ် ... ။ ငွေမပါပဲ နေလို့ မရဘူး

iF You Angry SomeOne Or When You feel sAd - 3

ဆရာကံချွန် ၏ ဒိုးဒိုးဒေါက်ဒေါက် ဟာသ များကို မျှဝေလိုက်ပါသည် ..... ။

ဆရာ     ---  သဘာဝလောကကြီးကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဓါတ်ကြီးလေးပါးကို ပြောပြစမ်းကွာ ...
တပည့်   ---  မြေ ... လေ ... မီး .... အင်း ... မီး ပြီးတော့ ...ပြီးတော့..
ဆရာ     ---  မင်းလက်ကို သန့်ရှင်းအောင် ဘာကို သုံးရသလဲ ...
တပည့်   ---  ဆပ်ပြာ
 =====================================

ဆရာ     ---  ရောမမြို့ကို ဘယ်အချိန်မှာ တည်ဆောက်ခဲ့သလဲ .....
တပည့်   ---  ညမှာပါ ...
ဆရာ    ---  ဘာလို့ ညလို့ ပြောတာလဲ....
တပည့်  ---   ဆရာပဲ ပြောတယ်လေ .... ရောမမြို့ ကြီးကို တစ်နေ့တည်းနဲ့ မတည်ဆောက်နိုင်ဘူး လို့.....
=====================================

ဆရာ    ---  မိုးခြိမ်းရင် လျှပ်စီးလက်တာကို အရင်မြင်ရပြီး အသံကိုနောက်မှ ကြားရတာ ဘာလို့လဲ ....
တည့်    ---  မျက်စိက နားထက် ရှေ့နည်းနည်း ပိုရောက်နေလို့ ပါခင်ဗျ ...။
====================================

ဆရာ    ---  နာမ်တစ်ခုပြောပါ
တည့်    ---  "နွား" ပါ ဆရာ ။
ဆရာ    ---  မှန်တယ်.... ၊  ကဲ ... နောက်တစ်ယောက် ပြောပါဦး ...။
တည့်    ---  နောက်ထပ် "နွားတစ်ကောင်" ပါ ခင်ဗျ ။
====================================

  မင်း စာရိုက်တာစာလုံးပေါင်းမှားတာ များနေတယ် .... ၊ ဒီမှာ ၁၇ လုံးလောက်တွေ့နေတယ်...
 ၁၇ လုံးကို များတယ်လို့ ပြောတာလား ဆရာ ....။
 အေး... ၊ နေဦး .... ငါ နောက်တစ်ကြောင်း ထပ်ဖတ်လိုက်ဦးမယ် ....
====================================


 အင်္ဂလိပ်စကား သင်တဲ့ အချိန်မှာ မကြာခဏ ကြားရတဲ့ စကားသုံးလုံး.....
  I Don't Know  ပါ ဆရာ ....
   အေး မှန် တယ် ....
=======================================

  C A T ကက် ရဲ့ အဓိပ္ပါယ်ကို သိလား ...
  သိဘူးခင်ဗျ ...
  မင်း အိမ်မှာ ကြွက်ကို ဘယ်သူဖမ်းလဲ ...
  အမေ ကြွက်ထောင်ခြောက်နဲ့ ထောင်ဖမ်းပါတယ် ...
======================================

  မင်း ဘာဖြစ်လို့ နောက်ကျတာလဲ ....
  အိပ်မက်ထဲမှာ ဘောလုံးကန်နေရလို့ပါ ....
  ဘာကြောင့် ...
  တစ်ဖက်အသင်းက လာတာနောက်ကျတော့ ပွဲစချိန်လဲနောက်ကျသွားလို့ပါဆရာ ...
=====================================

တပည့်     ကျွန်တော့် အသက် (၁၆)နှစ်ထိ ဒီကျောင်းမှာနေရမှာပေါ့ ( ငို လျှက် )
ဆရာ      မငိုပါနဲ့ကွာ ... ငါဆို အသက် (၆၀) ထိ ဒီကျောင်းမှာ နေရမှာကွ ... ။
======================================

တစ်နေ့မှာ ဆရာက " ကျွန်တော် မန်နေဂျာ ဖြစ်ခဲ့လျှင် " ဆိုပြီး စာစီစာကုံး အရေးခိုင်းပါတယ်...
ကျောင်းသားတွေ အားလုံးရေးပေမယ့် တစ်ယောက်ကတော့ မရေးဘူး။ ဒီတော့ ဆရာက အဲဒီကျောင်းသားနား သွားပြီး --------
မင်းက ဘာလို့ မရေးတာလဲ .....
အတွင်းရေမှူးကို စောင့်နေတာပါ ...
=====================================


Smil3 iN The (Good) Morning !!!

တစ်နေ့ ကိုဖိုးခင်တစ်ယောက် မန်းလေးကနေ ( မန်းလေး - မုံရွာ ) ကားကို စီးနှင်းလာခဲ့တယ်....ကားပေါ်မှာ
ခရီးသည်တွေက အသက်အရွယ်မျိုးစုံနဲ့ ပြည့်နေအောင် လိုက်ပါ စီးနှင်းကြတယ် .. ကိုဖိုးခင်တစ်ယောက်လဲ ကလေးအမေ ဘေးနားကနေ ထိုင်လိုက်ရတယ်.. မှန်လုံကားလေးက မန်းလေးကနေ မနက် ၉ နာရီလောက်မှာ စတင်ပြီးထွက်လာပါတယ် တဖြည်းဖြည်းနဲ့တော့ စစ်ကိုင်းတံတားကြီးကိုတောင် ကျော်ဖြတ်လာပြီလေ ....ဇါတ်လမ်းကတော့ စပြီ. ဘေးနားကကလေးအမေက သူ့ကလေး တကျီကျီနဲ့ ငိုနေတာနဲ့ ကလေးကိုအငိုတိတ်အောင် နို့လှန်တိုက်တယ် အဲ့ဒီမှာကလေးက နို့ကိုမစို့ဘဲ ငိုနေတာနဲ့ ကလေးအမေက " နို့မစို့ဘူးလား...မစို့ရင်ဘေးကလူကြီး ကို တိုက်လိုက်မှာနော် "
လို့ပြောလိုက်တယ်....ကိုဖိုးခင်တစ်ယောက်လဲ ကလေးအမေရဲ့ စကားကြောင့် လှည့်ကြည့်ပြီး အံ့အားသင့်တဲ့မျက်နှာနဲ့ကြ ည့်နေတယ် ........
ကားကစစ်ကိုင်းမြို့ကိုကျော်ပြီး ကိုဖိုးခင်း ဆင်းမယ့်ရွာကားဂိတ်ကိုရောက်လာပြီ.....ကိုဖိုးခင် တစ်ယောက် မ
ဆင်းဘဲ ဆက်လိုက်သွားတယ်.........မှန်လုံကားလေးဟာမောင်းရင်းနဲ့ ကားဂိတ်ဆုံး ကိုရောက်လာတယ်...ဒါနဲ့ ကိုဖိုးခင် က ကလေးအမေဘက်ကိုလှည့်ပြီး ရုပ်တည်နဲ့ပြောလိုက်တယ်....
" ကဲ ကလေးကိုလဲသေချာအောင်မေးလိုက် စို့မှာလား..မစို့ဘူးလား ဆိုတာကို အခုဆင်းမယ့်နေရာကို ကျော်ပြီးတောင် ပါလာခဲ့ပြီ........." လို့ ပြောလိုက်တယ်.....
အဲ့ဒါနဲ့ကလေးအမေလည်း ဘာပြန်ပြောရမှန်းမသိ ခေါင်းကုတ်ပြီး ကလေးကိုပွေ့ကာဆင်းသွား ပါတော့တယ်.....(တော်တော်လေးတော့ လန့်သွားမှာပဲ) (^_^)
ရယ်မောခြင်းဖြစ် ကံကောင်းခြင်းတွေကို ရယူ ပိုင်ဆိုင်ပါလိမ့်မယ်
........................................................................................................................................

Sunday, March 6, 2011

ပို့ချချိန်

ညဥ့်နက်သန်းခေါင်ယံအချိန်တွင် လမ်းတစ်လမ်းပေါ်၌ ဒယိမ်းဒယိုင်လမ်းလျှောက်နေသော လူတစ်ယောက်ကို ပတ္တရောင်လှည့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မေးသည်။
“ဟေ့လူ။ ခင်ဗျား ဘယ်ကလာပြီး ဘယ်ကိုသွားမှာလဲ။ ခင်ဗျား ဘယ်သူလဲ”
“ဘယ်နှနာရီထိုးပြီလဲ၊ ပြောစမ်းဘာ . . .အေ့”
“နာရီပြန်နှစ်ချက်ထိုးတော့မယ်။ ကျုပ်မေးတာဖြေ”
“၂ နာရီထိုးတော့မယ်။ ဟုတ်လား။ ဒါဆို နောက်မှမေး။ နောက်မှမေး။ လမ်းဖယ်ပါ။ လမ်း . . .ဖယ်”
“ဘာကိစ္စရှိလို့လဲ”
“သင်ခန်းစာတွေ ပို့ချချိန်တစ်အားကပ်နေပြီ။ လမ်းဖယ်”
“ခင်ဗျားက ဆရာလား။ ဒါမှမဟုတ် ဘယ်သူက ခင်ဗျားကို သင်ခန်းစာ ပို့ချမှာလဲ”
“တယ် . . .လျှာရှည်တာပဲဗျာ။ ကျုပ်မိန်းမ အိမ်မှာစောင့်နေပြီ။ သူ့ပို့ချချက်တွေ ခဏနားထောင်ပေးရမှာ . . .အေ့”

Monday, January 31, 2011

iF You Angry SomeOne Or When You feel sAd - 2

ဘယ်အချိန်လာရမလဲ

ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။

အမျိုးသား - အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ

ဈေးသည် - မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့

အမျိုးသား - အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?


ဘာမှမရှိဘူး

လူတစ်ယောက် စားသောက်ဆိုင်သို့ ၀င်လာပြီး စားပွဲထိုးကို မေးသည်

"ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား"

"မရပါဘူး"

"အမဲနှပ်ရော"

ွှ"မရှိပါဘူး"

"ဟင်းသီးဟင်းရွက်ကြော်ကော"

"အဲဒါလည်း မရှိပါဘူး"

ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။

"ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး"



အကြံကောင်း

အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်

"ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ"

"လီတာ ၂၀၀ လောက်ပါ"

"တစ်နေ့ကို လီတာ ၃၀၀ လောက် မရောင်းရချင်ဘူးလား"

iF You Angry SomeOne Or When You feel sAd !!!

လာမကြောနဲ့ နာ ဘာမှ တိဘူး

ကောင်းကင်ဘုံတခါးဝတွင် ရောက်လာသူများကို ကောင်းကင်တမန်မှ စစ်ဆေးနေသည်။
ပထမလူ- ကျွန်တော်အိုင်စတိုင်းပါ ဝင်ခွင့်ပြုပါ၊
တမန် - အိုင်စတိုင်းဖြစ်ကြောင်း သက်သေပြပါ၊
ထိုအခါ ပထမလူသည် အိုင်စတိုင်းဧ။် သီအိုရီများကို ရှင်းပြလေသည်။ ထို့ကြောင့်
တမန်-ကောင်းပြီ ငါလက်ခံပါပြီ ၊ ဝင်ပါလေ။
ဒုတိယလူ - ကျွန်တော် ပီကာဆိုပါ
တမန် - ကောင်းပြီ ၊သက်သပြပါ၊
ဒုတိယလူသည် လှပသောပန်းချီကား တစ်ချပ်ကို လျှင်မြန်စွာရေးဆွဲပြလေသည်။
တမန်-ဟုတ်ပါပြီ ငါယုံကြည်ပါသည်၊ ဝင်ပါလေ။
တတိယလူ - ကျွန်တော် ဂျော့ဒဘလူဘုခ်ျပါ
တမန် - အင်း အိုင်စတိုင်းနဲ့ ပီကာဆို ကတော့ သက်သေ
ကောင်းကောင်းပြနိုင်ခဲ့တယ်၊ သင်လည်းပြပါ၊
တတိယလူ - (အတန်ငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် စဉ်းစားပြီးနောက်) ၊သူတို့က
ဘယ်သူတွေလည်းဗျာ၊
တမန် - ဟာ--ကောင်းပြီ ဂျော့ ငါယုံကြည်ပါပြီ၊ သူတို့အထဲမှာရှိတယ်၊ ဝင်ပါလေ။
အင်တာနက်မှ ဟာသများကို သင့်လျှော်အောင် ပြန်ဆိုပါသည်။
ဘာသာပြန်ညံ့ဖျင်းမှုနှင့် တင်ပြပုံညံ့ဖျင်းမှုကို နားလည်
ခွင့်လွတ်ပေးပါရန်။

ဘ၀မှာ စိတ်ညစ်မှုတွေများနေတဲ့သူတွေအတွက် ကျွန်တော်ဖတ်ခဲ့တဲ့
ဘ၀အမောပြေလေးများကို ဖတ်စေချင်သောစေနာလေးများဖြင့်
စုစည်းတင်ပြလိုက်ပါတယ်.

စာရင်းကိုင်ဆိုတာ...........
စာရင်ကိုင်တစ်ဦး ဆရာဝန်ထံရောက်လာပြီး သူခံစားနေရသော ဝေဒနာလေးအား ပြောပြလေသည်။
စာရင်းကိုင်။ ။ ဒေါက်တာ......၊ ကျွန်တော် ညဘက်မှာအိပ်လို့မရဘူး။
ဆရာဝန်။ ။ ဒါဆိုရင်......ကိန်းဂဏာန်းတွေ တစ်ကနေပြီး ၅၀၀ အထိ ရေတွက်ပါ၊
အိပ်ပျော်သွားပါလိမ့်မယ်။
စာရင်းကိုင်။ ။ လုပ်ပြီးပါပြီ......အိပ်မပျော်မပါဘူး ဒေါက်တာ။
ဆရာဝန်။ ။ ခင်ဗျားက ကိန်းရဏာန်း ဘယ်လိုရေတွက်လို့လဲ။
စာရင်းကိုင်။ ။ အစဉ်လိုက်ချရေးပါတယ်.။ ရေးရင်းမှားလို့ပြင်ပါတယ်...။
ပြင်ရင်းမှားရင်းနဲ့ မိုးလင်းသွားလို့ပါ.။
ဆရာဝန်။ ။ ဗျာ...........။

ဈေးကြီးလိုက်တဲ့ ကြက်တူရွေး................
အိမ်မွေးတိရစ္ဆာန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ၀ယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူးရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေၞလာ ၅၀၀၊ ကွန်ပျူတာ
ကောင်းကောင်းအသုံးပြုတတ်တယ်။